ချင်းပြည်နယ်က လစ်လပ်ဝန်ထမ်းနေရာအများစု ခန့်အပ်ဟုဆို

ချင်းပြည်နယ်တွင် အာဏာမသိမ်းခင်က ပြည်နယ်၊ ခရိုင်၊ မြို့နယ်အဆင့် ဌာနဆိုင်ရာ ဝန်ထမ်းလစ်လပ်နေရာအများစုကို ပြန်လည်ခန့်အပ်လိုက်ပြီလို့ ပြည်နယ်ရုံးဘက်ကနေ သတင်းရရှိပါတယ်။

ပြည်နယ်ရုံးဝန်ထမ်းတစ်ဦးက “CDM မလုပ်ခင်က လစ်လပ်နေရာအားလုံးနီးပါး ဖြည့်ပြီးသလောက်ရှိပြီ။ CDM နေရာတွေ ကျန်သေးတယ်။ သူတို့နေရာကတော့ ခန့်ခွင့်မရှိသေးဘူးတဲ့။ ဝင်လာတဲ့လူအများစုက အရာထမ်းနေရာ အားလုံးကတော့ ဗမာတွေ ပြည်မကလူတွေဖြည့်ထားတယ်။ ပြည်နယ်အဆင့်ဌာနဆိုင်ရာမှာ ၇၀ ကျော်ရှိတယ်။ တခြားနေရာတွေကတော့ ဘွဲ့ရတွေကို
အငယ်တန်းစာရေးခန့်တယ်။ ၁၀ တန်းအောင်ကို ရုံးအကူ ဒါမှမဟုတ် အစောင့်တွေခန့်တယ်” လို့ပြောပါတယ်။

လစ်လပ်နေရာမှာဝင်ရောက်လာသူအများဆုံးကတော့ ဖလမ်းမြို့နယ်ကဖြစ်ပြီး ဒုတိယအများဆုံးမှာ တီးတိန်မြို့နယ်ကဖြစ်ပါတယ်။ တတိယအများဆုံးကတော့ ဟားခါးမြို့နယ်ကဖြစ်ပြီး မရာနယ်ဘက်ကလည်းဝင်ရောက်လာသူများတယ်လို့သိရတယ်။

Zalen ad

Zawgyi

ခ်င္းျပည္နယ္က လစ္လပ္ဝန္ထမ္းေနရာအမ်ားစု ခန္႔အပ္ဟုဆို

ခ်င္းျပည္နယ္တြင္ အာဏာမသိမ္းခင္က ျပည္နယ္၊ ခရိုင္၊ ၿမိဳ႕နယ္အဆင့္ ဌာနဆိုင္ရာ ဝန္ထမ္းလစ္လပ္ေနရာအမ်ားစုကို ျပန္လည္ခန္႔အပ္လုိက္ၿပီလို႔ ျပည္နယ္ရံုးဘက္ကေန သတင္းရရွိပါတယ္။

ျပည္နယ္ရံုးဝန္ထမ္းတစ္ဦးက “CDM မလုပ္ခင္က လစ္လပ္ေနရာအားလံုးနီးပါး ျဖည့္ၿပီးသေလာက္ရွိၿပီ။ CDM ေနရာေတြ က်န္ေသးတယ္။ သူတို႔ေနရာကေတာ့ ခန္႔ခြင့္မရွိေသးဘူးတဲ့။ ဝင္လာတဲ့လူအမ်ားစုက အရာထမ္းေနရာ အားလံုးကေတာ့ ဗမာေတြ ျပည္မကလူေတြျဖည့္ထားတယ္။ ျပည္နယ္အဆင့္ဌာနဆုိင္ရာမွာ ၇၀ ေက်ာ္ရွိတယ္။ တျခားေနရာေတြကေတာ့ ဘြဲ႔ရေတြကို
အငယ္တန္းစာေရးခန္႔တယ္။ ၁၀ တန္းေအာင္ကို ရံုးအကူ ဒါမွမဟုတ္ အေစာင့္ေတြခန္႔တယ္” လို႔ေျပာပါတယ္။

လစ္လပ္ေနရာမွာဝင္ေရာက္လာသူအမ်ားဆံုးကေတာ့ ဖလမ္းၿမိဳ႕နယ္ကျဖစ္ၿပီး ဒုတိယအမ်ားဆံုးမွာ တီးတိန္ၿမိဳ႕နယ္ကျဖစ္ပါတယ္။ တတိယအမ်ားဆံုးကေတာ့ ဟားခါးၿမိဳ႕နယ္ကျဖစ္ၿပီး မရာနယ္ဘက္ကလည္းဝင္ေရာက္လာသူမ်ားတယ္လုိ႔သိရတယ္။

နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်