ချင်းပြည်နယ်တွင် ဘာသာရေးဆရာတော်တွေကို စစ်ကောင်စီက ကျပ် ၁၈,၀၀၀ ထောက်ပံ့ဖို့ စာရင်းတင်သွင်းရန်အကြောင်းကြားပေမယ့် အမည်စာရင်းသွင်းတဲ့သူနည်းပါး

အာဏာသိမ်းစစ်ကောင်စီတပ်က ချင်းပြည်နယ် ခရစ်ယာန်ဘုရားကျောင်းတွေကိုဖျက်ဆီးပြီးနောက် ခရစ်ယာန် ဓမ္မအမှုတော်ဆောင်များနဲ့ဗုဒ္ဓဘာသာ သံဃာတော်၊ သီလရှင်တွေကို တစ်ပါးလျှင်ကျပ် ၁၈,၀၀၀ ထောက်ပံ့ဖို့အမည်စာရင်းတင်သွင်းကြရန် ဘာသာရေးအဖွဲ့အစည်းများထံစက်တင်ဘာ ၄ ရက်ကစာပို့ထားတယ်လို့သတင်းရရှိပါတယ်။

ဖလမ်းမြို့နယ်ရှိ ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တပါးက “ကျနော်တို့ဟာ ခုချိ်န်ထိအစိုးရရဲ့ကြည့်ရှုစောင့်ရှောက်ခံ မဟုတ်ဘူးဆိုတာ နားလည်သဘောပေါက်တယ်။ အသင်းတော်တည်ထောင်တာဟာလည်း အစိုးရပေါ်မှီခိုပြီးတည်ထားတာမဟုတ်ဘူး။ အစိုးရက ထောက်ပံ့ရမှာမဟုတ်ဘဲ ကျနော်တို့လိုအပ်ရင် အသင်းတော်ကပဲ ကြည့်ရှုမှာပါ။ အဲ့ဒါကို ကျနော်တို့သဘောပေါက်တယ်” လို့ပြောပါတယ်။

အကြမ်းဖက် စစ်ကောင်စီတပ်တွေဟာ ကန်ပက်လက်မြို့ပေါ်မှာ လက်နက်ကြီး၊ လက်နက်ငယ်နဲ့ ရမ်းကားပစ်ခတ်တာကြောင့် အသင်းတော် ၂ ပါးအဆောက်အအုံထိခိုက်ပျက်ဆီးသွားပါတယ်။ ဒါ့ပြင် ဖလမ်းမြို့နယ် တားလ်ကျေးရွာ နှစ်ခြင်းဘုရားကျောင်းထဲမှာ ညအိပ်ပြီး ဘုရားကျောင်းထဲကပစ္စည်းတွေကိုဖျက်ဆီးကြပါတယ်။ မင်းတပ်မြို့နယ် ချပ်ကျေးရွာက နှစ်ခြင်းဘုရားကျောင်းနဲ့ ရိုမန်ကေသိုလစ်ဘုရားကျောင်းတွေကိုဖျက်ဆီးကြပါတယ်။

မင်းတပ်မြို့နယ်ရှိ ခရစ်ယာန်ဓမ္မအမှုတော်ဆောင်တစ်ပါးက “ချင်းပြည်နယ်မှာ ဘုရားကျောင်းတွေကိုကြိုက်သလိုဖျက်ဆီးသွားတယ်။ အဲ့ဒါကိုပြန်စဉ်းစားရင် အခုသူတို့ပေးတဲ့ပိုက်ဆံပြန်ယူဖို့ဆိုတာ ဖြစ်ကိုမဖြစ်နိုင်ဘူး” လို့ပြောပါတယ်။

Zalen ad

(Zawgyi)

ခ်င္းျပည္နယ္တြင္ ဘာသာေရးဆရာေတာ္ေတြကို စစ္ေကာင္စီက က်ပ္ ၁၈,၀၀၀ ေထာက္ပံ့ဖုိ႔ စာရင္းတင္သြင္းရန္အေၾကာင္းၾကားေပမယ့္ အမည္စာရင္းသြင္းတဲ့သူနည္းပါး

အာဏာသိမ္းစစ္ေကာင္စီတပ္က ခ်င္းျပည္နယ္ ခရစ္ယာန္ဘုရားေက်ာင္းေတြကိုဖ်က္ဆီးၿပီးေနာက္ ခရစ္ယာန္ ဓမၼအမႈေတာ္ေဆာင္မ်ားနဲ႔ဗုဒၶဘာသာ သံဃာေတာ္၊ သီလရွင္ေတြကို တစ္ပါးလွ်င္က်ပ္ ၁၈,၀၀၀ ေထာက္ပံ့ဖို႔အမည္စာရင္းတင္သြင္းၾကရန္ ဘာသာေရးအဖြဲ႔အစည္းမ်ားထံစက္တင္ဘာ ၄ ရက္ကစာပို႔ထားတယ္လုိ႔သတင္းရရွိပါတယ္။

ဖလမ္းၿမိဳ႕နယ္ရွိ ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္တပါးက “က်ေနာ္တို႔ဟာ ခုခ်ိ္န္ထိအစိုးရရဲ႕ၾကည့္ရႈေစာင့္ေရွာက္ခံ မဟုတ္ဘူးဆိုတာ နားလည္သေဘာေပါက္တယ္။ အသင္းေတာ္တည္ေထာင္တာဟာလည္း အစိုးရေပၚမွီခိုၿပီးတည္ထားတာမဟုတ္ဘူး။ အစိုးရက ေထာက္ပံ့ရမွာမဟုတ္ဘဲ က်ေနာ္တို႔လိုအပ္ရင္ အသင္းေတာ္ကပဲ ၾကည့္ရႈမွာပါ။ အဲ့ဒါကို က်ေနာ္တို႔သေဘာေပါက္တယ္” လို႔ေျပာပါတယ္။

အၾကမ္းဖက္ စစ္ေကာင္စီတပ္ေတြဟာ ကန္ပက္လက္ၿမိဳ႕ေပၚမွာ လက္နက္ၾကီး၊ လက္နက္ငယ္နဲ႔ ရမ္းကားပစ္ခတ္တာေၾကာင့္ အသင္းေတာ္ ၂ ပါးအေဆာက္အအံုထိခိုက္ပ်က္ဆီးသြားပါတယ္။ ဒါ့ျပင္ ဖလမ္းၿမိဳ႕နယ္ တားလ္ေက်းရြာ ႏွစ္ျခင္းဘုရားေက်ာင္းထဲမွာ ညအိပ္ၿပီး ဘုရားေက်ာင္းထဲကပစၥည္းေတြကိုဖ်က္ဆီးၾကပါတယ္။ မင္းတပ္ၿမိဳ႕နယ္ ခ်ပ္ေက်းရြာက ႏွစ္ျခင္းဘုရားေက်ာင္းနဲ႔ ရိုမန္ေကသိုလစ္ဘုရားေက်ာင္းေတြကိုဖ်က္ဆီးၾကပါတယ္။

မင္းတပ္ၿမိဳ႕နယ္ရွိ ခရစ္ယာန္ဓမၼအမႈေတာ္ေဆာင္တစ္ပါးက “ခ်င္းျပည္နယ္မွာ ဘုရားေက်ာင္းေတြကိုၾကိဳက္သလိုဖ်က္ဆီးသြားတယ္။ အဲ့ဒါကိုျပန္စဥ္းစားရင္ အခုသူတို႔ေပးတဲ့ပိုက္ဆံျပန္ယူဖို႔ဆိုတာ ျဖစ္ကိုမျဖစ္ႏိုင္ဘူး” လို႔ေျပာပါတယ္။

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်