ချင်းပြည်နယ်နဲ့ဆက်စပ်နေတဲ့ မကွေးနဲ့ရခိုင်ကြား နယ်နမိတ်မြေပုံ မရှိသေးတာကြောင့် ပြန်လည်ဖော်ထုတ်ဖို့မဖြစ်နိုင်သေးဟုဆို

အောက်တိုဘာ (၁၈)
ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးကြား နယ်နမိတ်မြေပုံလို ချင်းပြည်နယ်နဲ့ဆက်စပ်နေတဲ့ မကွေးနဲ့ ရခိုင်နယ်နမိတ်ကြား တိကျတဲ့မြေပုံမရှိသေးတာကြောင့် မူလနယ်နမိတ်ပြန်လည်ဖော်ထုတ်ရန် မဖြစ်နိုင်သေးဘူးလို့ ချင်းပြည်နယ် စိုက်ပျိုးရေး၊ မွေးမြူရေး နှင့် သစ်တောဝန်ကြီး ဦးမန်ဟင်းဒါလ်းကပြောပါတယ်။

ဝန်ကြီး ဦးမန်ဟင်းဒါလ်းက “ချင်း နဲ့ စစ်ကိုင်းနယ်နမိတ်ကိစ္စတောင် တစ်နှစ်၊ နှစ်နှစ်လောက်ကြအုံးမယ်။ မကွေးနဲ့ ရခိုင် နယ်နမိတ်က စစ်ကိုင်းနဲ့ချင်းလို တိကျတဲ့မြေပုံ မရှိဘူး။ ရခိုင်ဆိုရင် နယ်မြေအေးချမ်းမှုမရှိတာကြောင့် နည်းနည်းတော့ကြာအုံးမယ်။ တွန်းဇံနဲ့ဖလမ်း နယ်နမိတ် ကျောက်တိုင်က အားလုံးသဘောတူပြီး အတည်ပြုနိုင်ရင် ပြည်ထောင်စုမှာ ဘတ်ဂျက်တင်ပြီး ဘတ်ဂျက်ကျလာတဲ့ချိန်မှာ တိုင်စိုက်မယ်” လို့ပြောပါတယ်။

မကွေးတိုင်းဒေသကြီးမှ ချင်းပြည်နယ်ဘက်သို့ နယ်နမိတ်ကျူးတဲ့ကိစ္စတွေရှိခဲ့တယ်လို့ ဒေသခံတွေကဆိုပါတယ်။

မင်းတပ်မြို့ အရပ်ဖက်လူမှုအဖွဲ့အစည်းမှ ဆလိုင်းမန်အွမ်က “၂၀၁၃ခုနှစ်မှာ ထီးလင်းနဲ့ မင်းတပ်ကြား တစ်ခုဖြစ်တယ်။ ၂၀၁၈ ခုနှစ် ဒီဇင်ဘာလတုန်းက ဂန့်ဂေါမြို့နယ် ရေရှင်နဲ့ကျောက်တောင်ကြားမှာ တစ်ကြိမ် နယ်နမိတ်ပြဿနာဖြစ်တယ်။ ဒီကိစ္စကို ပြည်နယ်အစိုးရက ဖြေရှင်းပေးဖို့တောင်းဆိုပေမယ့် မဖြေရှင်းခဲ့ဘူး။ အခုလည်း သူတို့ကျူးတဲ့အတိုင်းပဲဆက်ရှိနေတယ်။ ကန်ပက်လက်ဘက်မှာလည်း နယ်နမိတ်ကျူးကျော်ခံရတာပါပဲ။ ခက်တာက ကျနော်တို့ဆီမှာ အထောက်အထားမြေပုံမရှိတာက ပြဿနာ” လို့ပြောပါတယ်။

ချင်းပြည်နယ် နဲ့ စစ်ကိုင်းတိုင်းဒေသကြီးရှိ မူလ နယ်နမိတ်ကျောက်တိုင်များ ပြန်လည်စိုက်ထူနိုင်ရေးအတွက် ပြည်ထောင်စု မြေတိုင်းဌာန ညွှန်ကြားရေးမှူး၊ ချင်းပြည်နယ် နဲ့စစ်ကိုင်းတိုင်း အစိုးရအဖွဲ့များက ဦးဆောင်ပြီး အောက်တိုဘာ (၇)ရက်မှ (၉)ရက်နေ့ထိ ကွင်းဆင်းကြည့်ရှုပြီး ဒေသခံပြည်သူများနဲ့တွေ့ဆုံဆွေးနွေးခဲ့ကြတယ်။

ချင်း နဲ့ စစ်ကိုင်းတိုင်းကြား နယ်နမိတ်ကို ၁၉၃၈ ခုနှစ်က တိုင်းထွာထားတဲ့ တစ်လက်မ ညီမျှခြင်း ၄ မိုင်စကေးမြေပုံပေါ်အခြေခံပြီး စိုက်ထူတာတဲ့ နယ်နမိတ်တိုင် ၂၁ တိုင်ကိုပြန်လည်ဖော်ထုတ်ကာ ပြန်လည်စိုက်ထူကြမှာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်