ချင်းပြည်နယ်မှာ ရုရှားဆိုင်ရာမြန်မာနိုင်ငံစစ်သံမှူး လာရောက်ပြောင်းရွေ့ဟုဆို

အာဏာသိမ်း စစ်ကောင်စီတပ်က အနော်ရထာစစ်ဆင်ရေးစတင်လုပ်ဆောင်တဲ့ချိန်ကစပြီး ရုရှားဆိုင်ရာ မြန်မာစစ်သံမှူး ဗိုလ်မှူးကြီး ဇော်မင်းဟာ ချင်းပြည်နယ် ဟားခါး သို့မဟုတ် မတူပီမြို့တွင် လာရောက်ရုံးထိုင်ကာ စီမံကွပ်ကဲနေဆိုတဲ့သတင်းရရှိထားပါတယ်။

CNF ပြောရေးဆိုခွင့်ရှိသူ ဆလိုင်းထက်နီက “ရုရှားဆိုင်ရာမြန်မာနိုင်ငံစစ်သံမှူး ဗိုလ်မှူးကြီးဇော်မင်းလို့ကျနော်တို့ကတော့သိရတာပေါ့။ အနော်ရထာစစ်ဆင်ရေးအစပိုင်းကနေ ဟားခါးမှာလာ မတူပီမှာလာ ထိုင်တယ်လို့သိရတယ်။ ချင်းပြည်နယ်နဲ့ စစ်ကိုင်းတိုင်း၊ မကွေးတိုင်းကိုတော့ စစ်ရေးအရ အလေးထားတယ်လို့သုံးသပ်လို့ရတယ်။ အဲ့ဒီ အနောက်ဘက်ခြမ်း ၃ နေရာကိုထိန်းနိုင်ရင် စေလွတ်လာတယ်လို့ယူဆတယ်။ စစ်ကောင်စီဟာ ကာလရှည်ကြာ ရုရှားကနေ လက်နက်တွေဝယ်တယ်။ နည်းပညာတွေယူတယ်။ ရုရှားကရရှိထားတဲ့ နည်းပညာကို ဒီနေရာမှာ အသုံးချမယ်လို့ထင်တယ်။ ဒါပေမယ့် ကျနော်တို့က မြေပြင်အနေအထားရယ်၊ ကျနော်တို့ ပြောက်ကျားတပ်ဖွဲ့တွေ ကျနော်တို့အသုံးပြုတဲ့လက်နက်ကို ရုရှားကသိမှာမဟုတ်ဘူး။ ကျနော်တို့အနေအထားကို သိမှာမဟုတ်ဘူး။ ဒါကြောင့် စစ်သံမှူးပဲ လာလာ ဘယ်သူပဲ လာလာ ဒီနေရာကတော့ စစ်ရေးအရနယ်မြေကျွမ်းကျင်တဲ့၊ နယ်မြေအထာသိတဲ့ စစ်ဗိုလ်တွေပဲလိုတာပေါ့။ ရုရှားရဲ့နည်းပညာတွေက မြန်မာပြည်မှာ သိပ်ပြီးတော့ လက်တွေ့ကျမှာမဟုတ်ဘူးလို့ အဲ့ဒီလိုပဲသုံးသပ်တယ်။ သူလုပ်နိုင်မှာကတော့ ရုရှားနည်းဗျူဟာအရ ဗျူဟာတွေဆွဲမယ်။ အဓိကတော့ လက်နက်ကြီးတို့ ဂျက်လေယာဉ်တွေအသုံးပြုဖို့ နည်းပေးလမ်းညွန်လုပ်မှာပေါ့။ ချင်းပြည်နယ်မှာတော့ လက်နက်ကြီးတို့ ဂျက်လေယာဉ်တို့ သံချပ်ကာတို့ကတော့ လက်တွေ့သိပ်ကျမှာမဟုတ်ဘူး” လို့ပြောပါတယ်။

အာဏာသိမ်းစစ်ကောင်စီတပ်ဟာ ချင်းပြည်နယ်၊ ထန်တလန်မြို့နယ် လုံလဲရ်ကျေးရွာတပ်စခန်းကို ချင်းတပ်တွေက ဝင်ရောက်တိုက်ခိုက်လို့ ဂျက်လေယာဉ်နဲ့ စက်တင်ဘာ ၁၂ ရက်ကဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

ဒါ့ပြင် ချင်းပြည်နယ်မြောက်ပိုင်းဘက်ကို ကလေးမြို့မှလည်းကောင်း၊ ချင်းပြည်နယ်တောင်ပိုင်းသို့ ပခုက္ကုမြို့မှလည်းကောင်း သံချပ်ကာ ၂ စီးအပ်အဝင် စစ်ကား အစီး ၇၀ ကျော်နဲ့ တက်လာကြပါတယ်။

Zawgyi

ခ်င္းျပည္နယ္မွာ ရုရွားဆုိင္ရာျမန္မာႏိုင္ငံစစ္သံမွဴး လာေရာက္ေျပာင္းေရြ႕ဟုဆို

အာဏာသိမ္း စစ္ေကာင္စီတပ္က အေနာ္ရထာစစ္ဆင္ေရးစတင္လုပ္ေဆာင္တဲ့ခ်ိန္ကစၿပီး ရုရွားဆုိင္ရာ ျမန္မာစစ္သံမွဴး ဗိုလ္မွဴးၾကီး ေဇာ္မင္းဟာ ခ်င္းျပည္နယ္ ဟားခါး သို႔မဟုတ္ မတူပီၿမိဳ႕တြင္ လာေရာက္ရံုးထိုင္ကာ စီမံကြပ္ကဲေနဆိုတဲ့သတင္းရရွိထားပါတယ္။

CNF ေျပာေရးဆုိခြင့္ရွိသူ ဆလုိင္းထက္နီက “ရုရွားဆိုင္ရာျမန္မာႏိုင္ငံစစ္သံမွဴး ဗိုလ္မွဴးၾကီးေဇာ္မင္းလုိ႔က်ေနာ္တို႔ကေတာ့သိရတာေပါ့။ အေနာ္ရထာစစ္ဆင္ေရးအစပိုင္းကေန ဟားခါးမွာလာ မတူပီမွာလာ ထုိင္တယ္လုိ႔သိရတယ္။ ခ်င္းျပည္နယ္နဲ႔ စစ္ကိုင္းတုိင္း၊ မေကြးတုိင္းကိုေတာ့ စစ္ေရးအရ အေလးထားတယ္လုိ႔သံုးသပ္လို႔ရတယ္။ အဲ့ဒီ အေနာက္ဘက္ျခမ္း ၃ ေနရာကိုထိန္းႏိုင္ရင္ ေစလြတ္လာတယ္လုိ႔ယူဆတယ္။ စစ္ေကာင္စီဟာ ကာလရွည္ၾကာ ရုရွားကေန လက္နက္ေတြဝယ္တယ္။ နည္းပညာေတြယူတယ္။ ရုရွားကရရွိထားတဲ့ နည္းပညာကို ဒီေနရာမွာ အသံုးခ်မယ္လုိ႔ထင္တယ္။ ဒါေပမယ့္ က်ေနာ္တုိ႔က ေျမျပင္အေနအထားရယ္၊ က်ေနာ္တုိ႔ ေျပာက္က်ားတပ္ဖြဲ႔ေတြ က်ေနာ္တုိ႔အသံုးျပဳတဲ့လက္နက္ကို ရုရွားကသိမွာမဟုတ္ဘူး။ က်ေနာ္တို႔အေနအထားကို သိမွာမဟုတ္ဘူး။ ဒါေၾကာင့္ စစ္သံမွဴးပဲ လာလာ ဘယ္သူပဲ လာလာ ဒီေနရာကေတာ့ စစ္ေရးအရနယ္ေျမကၽြမ္းက်င္တဲ့၊ နယ္ေျမအထာသိတဲ့ စစ္ဗိုလ္ေတြပဲလုိတာေပါ့။ ရုရွားရဲ႕နည္းပညာေတြက ျမန္မာျပည္မွာ သိပ္ၿပီးေတာ့ လက္ေတြ႔က်မွာမဟုတ္ဘူးလို႔ အဲ့ဒီလိုပဲသံုးသပ္တယ္။ သူလုပ္ႏိုင္မွာကေတာ့ ရုရွားနည္းဗ်ဴဟာအရ ဗ်ဴဟာေတြဆြဲမယ္။ အဓိကေတာ့ လက္နက္ၾကီးတို႔ ဂ်က္ေလယာဥ္ေတြအသံုးျပဳဖို႔ နည္းေပးလမ္းညြန္လုပ္မွာေပါ့။ ခ်င္းျပည္နယ္မွာေတာ့ လက္နက္ၾကီးတို႔ ဂ်က္ေလယာဥ္တို႔ သံခ်ပ္ကာတို႔ကေတာ့ လက္ေတြ႔သိပ္က်မွာမဟုတ္ဘူး” လုိ႔ေျပာပါတယ္။

အာဏာသိမ္းစစ္ေကာင္စီတပ္ဟာ ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕နယ္ လံုလဲရ္ေက်းရြာတပ္စခန္းကို ခ်င္းတပ္ေတြက ဝင္ေရာက္တိုက္ခိုက္လို႔ ဂ်က္ေလယာဥ္နဲ႔ စက္တင္ဘာ ၁၂ ရက္ကဗံုးၾကဲတုိက္ခိုက္ခဲ့ပါတယ္။

ဒါ့ျပင္ ခ်င္းျပည္နယ္ေျမာက္ပိုင္းဘက္ကို ကေလးၿမိဳ႕မွလည္းေကာင္း၊ ခ်င္းျပည္နယ္ေတာင္ပိုင္းသို႔ ပခုကၠဳၿမိဳ႕မွလည္းေကာင္း သံခ်ပ္ကာ ၂ စီးအပ္အဝင္ စစ္ကား အစီး ၇၀ ေက်ာ္နဲ႔ တက္လာၾကပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်