၅ ၊ ဇွန် ၊ ၂၀၂၄
Zalen
ချင်းပြည်နယ် တွင်လူဉီးရေ ငါးသိန်းကျော်ရှိသည့်အနက် ထက်ဝက်နီးပါး ဖြစ်တဲ့နှစ်သိန်းခွဲခန့်ဟာ မိမိတို့နေရပ်မှာ နေထိုင်ဖို့အဆင်မပြေဖြစ်လာတဲ့အတွက် ပြည်တွင်း/ပကိုစစ်ဘေးရှောင်နေကြတယ်လို့ ဇွန်လ ၃ ရက်နေ့က ချင်းလူ့အခွင့်အရေးအဖွဲ့အစည်း(CHRO)ကထုတ်ပြန်ထားပါတယ်။
အဆိုပါထုတ်ပြန်ချက်မှာတော့ တစ်ချို့စစ်ဘေးရှောင်ဒုက္ခသည်တွေဟာ လူသားချင်းစာနာမှုဆိုင်ရာအကူအညီတွေအပြည့်အဝမရရှိတဲ့အခြေအနေ ကြုံတွေ့နေကြရတယ်လို့ဆိုပါတယ်။
အာဏာသိမ်းပြီးနောက်ပိုင် ချင်းပြည်နယ်ကစစ်ဘေးရှောင်တွေဟာ အိန္ဒိယ ဘက်ကိုအများအားဖြင့်ရှောင်ကြတယ်လို့သိရပါတယ်။ပြီးခဲ့တဲ့လ တွန်းဇံ၊တီးတိန် မြို့သိမ်းတိုက်ပွဲမှာလည်း ပြည်သူတွေဟာ ကလေးဘက်ကို စစ်ဘေးရှောင်နေကြပါတယ်။
ဇွန်လ(၃)ရက်နေ့ကလည်း မင်းတပ်မြို့ပေါ်ကနေ ပြည်မဘက်ကိုစစ်ဘေးရှောင်ဖို့ သွားတဲ့ ကား ၃ စီး (သက်ကြီးရွယ်အို၊ကလေးငယ်များ ပိုများ) ကို စစ်ကောင်စီကထွက်ခွင့်မပြုဘူးလို့သိရပါတယ်။
အကြမ်းဖက်စစ်ကောင်စီဟာ အာဏာသိမ်းပြီး ၂၀၂၁၊ဖေဖော်ဝါရီလမှ ၂၀၂၄ ၊ဧပြီလအထိ ချင်းပြည်နယ်အတွင်း စစ်ကောင်စီ၏လေကြောင်း ဖြင့်တိုက်ခိုက်ခြင်း၊လက်နက်ကြီးထိမှန်ပျက်စီးခြင်း၊မီးရှို့ဖျက်ဆီးခြင်း တို့ကြောင့်သာသနာ့အဆောက်အဉီ ၁၁၆ လုံး၊ ဆေးရုံ၊ဆေးခန်း ၂၆ လုံး၊စာသင်ကျောင်း ၄၉ လုံး ထိခိုက်ပျက်စီးခဲ့တယ်လို့ သိရပါတယ်။
မြန်မာနိုင်ငံတစ်နိုင်ငံလုံး ရှိအိုးအိမ်စွန့်ခွာ ထွက်ပြေးနေရတဲ့ ဒုက္ခသည် ဉီးရေဟာ သုံးသန်းကျော်ရှိနေတယ်လို့ ကုလသမဂ္ဂလူးသားချင်းစာနာမှုဆိုင်ရာ ညှိနှိုင်းရေးရုံး (UNOCHA)၏ စာရင်း အရသိရပါတယ်။
မိုးပီအောင်