ချင်းပြည်နယ် စိုက်ပျိုးတဲ့ ထောပတ်သီး ဈေးကောင်းလာတာကြောင့် ပိုပြီး စိုက်ပျိုးလာ

၆၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

ချင်းပြည်နယ်မှာ စိုက်ပျိုးတဲ့ ထောပတ်သီးတွေဟာ အရင်နှစ်တွေကထက် ဒီနှစ်မှာ ဈေးကောင်းပိုရတာကြောင့် ထောပတ်စိုက်သူတွေပိုများလာတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

ချင်းပြည်နယ် မြောက်ပိုင်းမှာ ထောပတ်သီး ပီနံအိတ်တစ်အိတ်စာကို မြန်မာငွေတစ်သိန်းက‌နေ တစ်သိန်းနှစ်သောင်းအထိ ပေါက်ဈေးရှိနေတယ်လို့ သိရပါတယ်။

” အရင်နှစ်တွေက သိပ်ဈေးမကောင်းဘူးလေ။ တစ်အိတ်ကို ခုနှစ်သောင်းကျော်၊ ရှစ်သောင်းလောက်ပဲရတာ။ အခုနှစ်တော့ တစ်သိန်းကျော်တယ်။ ဒီနှစ်တော့ ကျွန်တော်လည်း တစ်ဧက ထပ်စိုက်ထားတယ်။ အခုနောက်ပိုင်း ထောပတ်က နည်းနည်းဈေးကောင်းလာတော့ စိုက်တဲ့သူ ပိုများကြတယ်။” လို့ ထောပတ်စိုက်တောင်သူတစ်ဦးက ပြောပါတယ်။

ချင်းပြည်နယ်က ထောပတ်သီးတွေကို အိန္ဒိယ-မြန်မာနယ်စပ် ရိခေါ်ဒါရ်မြို့ကနေတစ်ဆင့် အိန္ဒိယနိုင်ငံကို တင်ပို့ရောင်းချနေကြတာဖြစ်ပါတယ်။

” ကျွန်ဆော်တို့က ခြံ‌တွေထဲကို ကိုယ်တိုင် လိုက်ခူးပြီး၊ လိုက်ကောက်ရတာ။ ပြီးမှ ရိဒ်ဘက်သွားပြီး ရောင်းရတာပေါ့။ အခုမှ ကျွန်တော်တို့က စတာဆိုတော့ အိန္ဒိယနိုင်ငံ အထဲက မြို့တွေထဲကို မထိုးဖောက်နိုင်သေးဘူး။ အဓိက မီဇိုရမ်ကိုပဲ ပို့နေရတာ။ ဒေလီဘက်တွေအထိ ပို့နိုင်ရင် ပိုဈေးကောင်းရမယ်ထင်တယ်။ ” လို့ ထောပတ်ပွဲစားတစ်ဦးက ပြောပါတယ်။

အာဏာမသိမ်းခင်က ဒီထောပတ်သီးတွေကို စစ်ကိုင်းတိုင်း၊ ကလေး၊ တမူးဘက်ကနေ ပြည်မအထိ တင်ပို့ရောင်းချလေ့ရှိပေမယ့် အခုတော့ ရိခေါ်ဒါရ်ကိုပဲ ပို့နေရတာပါ။

ချင်းပြည်နယ်က တောင်သူတွေဟာ မြေအနေအထားပေါ်မူတည်ပြီး သီးနှံတွေကို ပြောင်းလဲစိုက်ပျိုးနေရတယ်လို့ ဆိုပါတယ်။ ထောပတ်ပင်တွေဟာ အပင်သက်တမ်း ၆နှစ်ကနေ ၇နှစ်မှ အသီးစတင်သီးပြီး ခူးဆွတ်နိုင်တာ ဖြစ်ပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

ချင်းလူမျိုးနဲ့ အေအေ တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့ဟုဆို

အောက်တိုဘာလ ၁၀ရက်၊ ၂၀၂၄ Zalen ချင်းပြည်နယ်မှာ ချင်းလူမျိုးနဲ့ အာရက္ခတပ်တော် (အေအေ) တို့ကြား အငြင်းပွားမှုကို ပိုမြင့်တက်လာအောင် စစ်လော်ဘီတွေက လုပ်ဆောင်ခဲ့တယ်လို့ ဉာဏ်လင်းသစ်သုတေသနအဖွဲ့က အောက်တိုဘာ ၅ရက်နေ့က အစီရင်ခံစာထုတ်ပြန်ပါတယ်။ အဲ့ဒီ အစီရင်ခံစာထဲမှာ ပလက်ဝမြို့နယ်ရှိ ...

ဆက်ဖတ်ရန်