ချင်းပြည်နယ် တစ်ပြည်နယ်လုံး စစ်တပ်ဆရာဝန်တို့နဲ့ပူးပေါင်းပြီး ကိုဗစ်ကာကွယ်ဆေး ထိုးနှံ

ချင်းပြည်နယ် တစ်ပြည်နယ်လုံးတွင် စစ်တပ် ဆရာဝန်တွေနဲ့ ပူးပေါင်းပြီး မတ်လ (၃၀)ရက်နေ့မှစပြီး ယနေ့ထိ ကိုဗစ်ကာကွယ်ဆေး ထိုးနှံနေတယ်လို့ ဒေသခံတွေထံမှသတင်းရရှိပါတယ်။

ပလက်ဝမြို့တွင် ဝန်ထမ်းများ နဲ့ ၎င်းတို့မိသားစုများအပါအဝင် ဘာသာရေးခေါင်းဆောင်များ စုစုပေါင်း (၄၅၈)ဦးထံ ကိုဗစ်ကာကွယ်ဆေးကို မတ်လ (၂၇)ရက်မှ (၂၉)ရက်ထိထိုးနှံခဲ့ပါတယ်။
တခြားမြို့နယ်တွေမှာတော့ တစ်မြို့နယ်တွင် ပျမ်းမျှ လူ ၁၂၀ ဝန်းကျင် မတ် (၃၀)ရက်ကစပြီး ကိုဗစ်ကာကွယ်ဆေးထိုးကြပါတယ်။

တီးတိန်မြို့နယ် ထွေအုပ်ဝန်ထမ်းတစ်ဦးက “ကာကွယ်ဆေးထိုးချင်တဲ့သူအကုန်လုံးထိုးလို့ရတယ်။ ဒီနေ့လည်းထိုးကြတယ်။ ဆေးကတော့ တစ်မြို့နယ်လုံး လူဦးရေတွက်မလောက်ဘူး။ ဆေးထိုးပေးတဲ့သူတွေက စစ်တပ်ဆရာဝန်လည်းပါတယ်။ ကျန်းမာရေးဝန်ထမ်းတွေလည်းပါတယ်” လို့ပြောပါတယ်။

ဖလမ်မြို့တွင်လည်း မတ်လ (၃၀)မှ (၃၁)ရက်ထိ သူနာပြုကျောင်း ခန်းမတွင် ဌာနဆိုင်ရာဝန်ထမ်းတွေကို ကိုဗစ်ကာကွယ်ဆေးထိုးပေးကြပါတယ်။

ကျန်းမာရေးဝန်ထမ်းတစ်ဦးက “ကျနော်တို့ ကျန်းမာရေးဝန်ထမ်းတွေကတော့ ကာကွယ်ဆေးထိုးဖို့ငြင်းကြတယ်။ ဒါပေမယ့် ဌာနဆိုင်ရာဝန်ထမ်းတွေက လာထိုးကြတာကပြဿနာ။ ကာကွယ်ဆေးမထိုးချင်ကြရင် သူတို့လည်းထိုးစရာရှိမှာမဟုတ်ဘူး” လို့ပြောပါတယ်။

မတူပီမြို့တွင်လည်း မတ်လ (၃၀)ရက်နေ့ကစပြီး ၃၁ ရက်ထိ သင်းအုပ်ဆရာ၊ သံဃာတော်များ၊ အသက် ၆၀ နဲ့အထက်၊ ဌာနဆိုင်ရာအကြီးအကဲများ လူ ၁၇၀ ခန့်က ကိုဗစ်ကာကွယ်ဆေးထိုးကြပါတယ်။

မင်းတပ်မြို့တွင်လည်း မတ်လ (၃၀) (၃၁)ရက်တို့တွင် စစ်တပ်ဆရာဝန်နဲ့ သားဖွားဆရာဝန်တွေက လူ ၁၂၀ ထံ ကိုဗစ်ကာကွယ်ဆေးထိုးပေးကြပါတယ်။

ဟားခါးနဲ့ ထန်တလန်မြို့တွင် မတ်လ (၃၀)ရက်မှ ဧပြီလ (၁)ရက်ထိ ကိုဗစ်ကာကွယ်ဆေးထိုးနှံကြပါတယ်။

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ် စစ်ရေးနှင့် ဖြစ်လာနိုင်ခြေ အကျိုးဆက်များ

R.Lakher ချင်းလူမျိုးသည် မြန်မာနိုင်ငံတွင် မတူကွဲပြားမှု အများဆုံး လူမျိုးဖြစ်သည်။ချင်းလူမျိုးကို လူမျိုးစု ၅၃ မျိုးဖြင့်ဖွဲ့စည်းထား သည်ဟု အ ကြ​မ်းအားဖြ​င့်သိကြသည်။ဤ အချက်သည် မှန်ကန်မှု မရှိပေ။ သို့သော် ၃၀ နှင့် ၅၀ အကြားရှိမည်ဟု ...

ဆက်ဖတ်ရန်