ချင်းပြည်နယ် တောင်ပိုင်းမှာ ငှက်ဖျားရောဂါ၊ တုတ်ကွေးနဲ့ဝမ်းပျက်ဝမ်းလျော် ဖြစ်ပွားမှုများပြား

ဇူလိုင် ၆ ရက်၊ ၂၀၂၄

Zalen

ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ ငှက်ဖျားရောဂါ၊ တုတ်ကွေးနဲ့ ဝမ်းပျက် ဝမ်းလျော်တို့ ဖြစ်ပွားနေပြီး ဆေးဝါးနဲ့ ကျန်းမာရေး အကူညီတွေ လိုအပ်နေတယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပလက်ဝမြို့နယ်နဲ့ မတူပီမြို့နယ်တို့မှာ ငှက်ဖျားရောဂါ ဖြစ်ပွားနှုန်း မြင့်တက်လျက်ရှိပြီး ငှက်ဖျား လူနာတွေဟာ ဆေးဝါးဝယ်ယူမူ အခက်ခဲနဲ့ ကျန်းမာရေးနဲ့ စောင့်ရှောက်မူ လုံလောက်စွာ မရရှိတာကြောင့် လူသေဆုံးမူထ်ိရှိတယ်လို့ သိရပါတယ်။

“ရွာမှာရှိတဲ့ ငှက်ဖျားစစ်ကိရိယာနဲ့ ဆေးစစ်ရင် လူ ၃ယောက်လောက်မှာ တစ်ယောက်လောက်က ငှက်ဖျားပိုးရှိတယ်။ အဲ့ပိုးတွေ့လူနာအတွက် စားဆေးကမရှိဘူးဖြစ်နေတယ်။ ဝယ်ဖို့ကလည်း မရှိဘူး။ ဆေးမရှိတာနဲ့ အချိန်မီ ဆေးမကုသနိုင်လို့ သေဆုံးတဲ့အထိ ရှိလာတယ်။”လို့ ပလက်ဝဒေသခံတစ်ဦးက ဆိုပါတယ်။

ပလက်ဝမြို့နယ်နဲ့ မတူပီမြို့နယ်တို့မှာ ငှက်ဖျားရောဂါ ဖြစ်ဖွားမှုနှုန်းဟာ ယခင်နှစ်တွေထက် မြင့်တက်သလို ဆေးဝါးဝယ်ယူ ခက်ခဲမူဟာလည်း ပိုဆိုးလာတယ်လို့ သိရပါတယ်။

မင်းတပ်မြို့နယ်မှာ ဖြစ်ပွားတဲ့ ဝမ်းပျက်၊ ဝမ်းလျော်ရောဂါဟာ ပျောက်ကင်းသွားခြင်း မရှိသေးဘဲ ရောဂါဖြစ်ပွားခြင်းဟာ ဆက်လက် ရှိနေသေးတယ်လို့ သိရပါတယ်။

“ကျန်းမာရေးအဖွဲ့တွေကလည်း မြေပြင်ကွင်းဆင်းပြီး ဆေးကုသမူတွေ ပေးနေတယ်။ ဖြစ်တာကရှိသေးတယ်။ အရှိန်လျော့သွားတာပေါ့နော်။ အရင်ကတော့ တရွာလုံးဖြစ်နေတဲ့ အခြေနေမျိုးကနေ အခုက တစ်ရွာကို လေး၊ ငါးယောက်လောက်ဘဲရှိတယ်။”လို့ မင်းတပ်ဒေသခံတစ်ဦးက ဆိုပါတယ်။

ကန်ပက်လက်မြို့နယ်မှာ ပြီးခဲ့တဲ့ ဇွန်လ နောက်ဆုံးပတ်က ကျေးရွာ သုံးရွာခန့်မှာ လူအယောက် တစ်ရာငါးဆယ်ခန့်ဟာ တုတ်ကွေးဖြစ်လို့ ဖျားနာနေကြပြီး အရေးပေါ်ဆေးကုသမူ ပြုလုပ်နေရတယ်လို့ သိရပါတယ်။

“လူနာတွေက တစ်ရွာလုံးနီးပါး ဖျားလိုက်၊ အန်လိုက်၊ မျိုးစုံပေါ့။ ကျွန်တော်အဖွဲ့က အချိန်မီရောက်လာလို့ ပြောရမယ်။ လူသေဆုံးမူအထိတော့ ဖြစ်မသွားဘူး။ ကျေးရွာမှာ ဆေးဝါးတွေ၊ ကျန်းမာရေး စောင့်ရှောက်မူတွေက လိုအပ်တာပေါ့နော်။ ကျွန်တော်တို့ဘက်ကလည်း အတက်နိုင်ဆုံး ကူညီဆောင်ရွက်ပေးရတာရှိတယ်။”လို့ ကန်ပက်လက်မြို့နယ်မှာ ကျန်းမာရေးဆောင်ရွက်ပေးနေသူ တစ်ဦးက ဆိုပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းက မြို့နယ်တွေမှာ ကျန်းမာရေးနဲ့ပတ်သက်လို့ အကူညီတွေ လိုအပ်လျက်ရှိပြီး သက်ဆိုင်ရာအဖွဲ့စည်းတွေအနေနဲ့လည်း အကူညီတွေ ပေးစေလိုတယ်လို့ ၎င်းက ဆိုပါတယ်။

သတင်း – အိုက်လင်း

နောက်ဆုံးရသတင်းများ

တမူးကနေသွားတဲ့ လူနာတင်ကားများကို ကလေးမြို့အဝင် စစ်ကောင်စီဂိတ်ကနေ ဖြတ်သန်းခွင့်ပိတ်

၁၉ အောက်တိုဘာ၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ တမူးမြို့ကနေ ကလေးမြို့ကို ဆေးဝါးကုသဖို့ သွားတဲ့ အရေးပေါ်လူနာများကို စက်တင်ဘာလကစပြီး ခုချိန်ထိအဝင်မခံလို့ ပြန်လှည့်ခဲ့ရတယ်လို့ လူနာရှင်များက ပြောပါတယ်။ “ကျွန်တော်တို့က ကားနဲ့ကောဆိုင်ကယ်နဲ့လည်း သွားကြတာ။ ကလေးအဝင် ဆည်ကြီးရွာ ...

ဆက်ဖတ်ရန်