ချင်းလူမျိုးတွေအများအပြားနေထိုင်တဲ့ ငဖဲမြို့နယ်မှာ ဘိန်းစိုက်ခင်း ၁၅ ဧကကို စကစတွေဖျက်ဆီး

မကွေးတိုင်းဒေသကြီး၊ မင်းဘူးခရိုင်၊ ချင်းလူမျိုးတွေအများအပြားနေထိုင်တဲ့ ငဖဲမြို့နယ်အတွင်းရှိ တောင်ပေါ်ဒေသ ကျေးရွာ ၃ ရွာက ဘိန်းစိုက်ခင်းတွေကို ဇန်နဝါရီလ ၇ ရက်နေ့နဲ့ ၈ ရက်နေ့မှာ ရဲနဲ့ စစ်ကောင်စီတပ်တွေပူးပေါင်းအဖွဲ့က ဖျက်ဆီးကြတယ်လို့ မကွေးတိုင်းအစိုးရအဖွဲ့ကထုတ်ပြန်ပါတယ်။

ငဖဲမြို့နယ် နောင်ကျေးရွာအနီးက ဘိန်းစိုက်ခင်း ၇ ဒသမ ၅ ဧက၊ တင်ပြင်းကျေးရွာအနီးက ဘိန်းစိုက်ခင်း ၆ ဧက၊ ရေဖြူကျေးရွာအနီးက ဘိန်းစိုက်ခင်း ၁ ဒသမ ၅ ဧက စုစုပေါင်း ဘိန်းစိုက်ခင်း ၁၅ ဧကခန့်ကိုဖျက်ဆီးကြပါတယ်။

Zawgyi

ခ်င္းလူမ်ိဳးေတြအမ်ားအျပားေနထိုင္တဲ့ ငဖဲၿမိဳ႕နယ္မွာ ဘိန္းစိုက္ခင္း ၁၅ ဧကကို စကစေတြဖ်က္ဆီး

မေကြးတိုင္းေဒသႀကီး၊ မင္းဘူးခရိုင္၊ ခ်င္းလူမ်ိဳးေတြအမ်ားအျပားေနထိုင္တဲ့ ငဖဲၿမိဳ႕နယ္အတြင္းရွိ ေတာင္ေပၚေဒသ ေက်းရြာ ၃ ရြာက ဘိန္းစိုက္ခင္းေတြကို ဇန္နဝါရီလ ၇ ရက္ေန႔နဲ႔ ၈ ရက္ေန႔မွာ ရဲနဲ႔ စစ္ေကာင္စီတပ္ေတြပူးေပါင္းအဖြဲ႕က ဖ်က္ဆီးၾကတယ္လို႔ မေကြးတိုင္းအစိုးရအဖြဲ႕ကထုတ္ျပန္ပါတယ္။

ငဖဲၿမိဳ႕နယ္ ေနာင္ေက်းရြာအနီးက ဘိန္းစိုက္ခင္း ၇ ဒသမ ၅ ဧက၊ တင္ျပင္းေက်းရြာအနီးက ဘိန္းစိုက္ခင္း ၆ ဧက၊ ေရျဖဴေက်းရြာအနီးက ဘိန္းစိုက္ခင္း ၁ ဒသမ ၅ ဧက စုစုေပါင္း ဘိန္းစိုက္ခင္း ၁၅ ဧကခန႔္ကိုဖ်က္ဆီးၾကပါတယ္။

 

နောက်ဆုံးရသတင်းများ

တော်လှန်ရေး ၄ နှစ်ပြည့်အထိန်းအမှတ်အဖြစ် မတူပီမြို့နယ် CDM ကော်မတီမှ အချက် ၃ ချက်ပါသဘောထား ထုတ်ပြန်

၇၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးပြီး မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် မတူပီမြို့နယ် CDM ကော်မတီက အချက် ၃ ချက်ပါ သဘောထားကို ဒီကနေ့ထုတ်ပြန်ထားပါတယ်။ ...

ဆက်ဖတ်ရန်