ချင်းလူမျိုးနှင့် လက်နက်ကိုင်အင်အား

Salai Yaw Mang (Tunghly)

၁၉၄၇ ခုနှစ်၊ ဖေဖော်ဝါရီလ (၁၂)ရက်နေ့တွင် ပင်လုံသဘောတူစာချုပ်ကို ဗမာခေါင်းဆောင် ဗိုလ်ချုပ်အောင်ဆန်းအပါအဝင် ကချင်၊ ချင်းနှင့် ရှမ်းခေါင်းဆောင်များက လက်မှတ်ရေးထိုးခဲ့ကြသည်။ ဤသို့ဖြင့် ကချင်တောင်တန်းဒေသ၊ ချင်းတောင်တန်းဒေသ၊ ဖက်ဒရယ်ရှမ်းပြည်နယ်များနှင့် ဗမာပြည် (ဗမာအစိုးရအုပ်ချုပ်သော မွန်ပြည်၊ ရခိုင်ပြည်အပါအဝင်)တို့စုပေါင်းပြီး ဒုတိယကမ္ဘာစစ်အပြီးတွင် ကမ္ဘာ့အလယ်မှာ “ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော်” ဟု ပေါ်ထွန်းလာခဲ့သည်။ ၁၉၄၈ ခုနှစ် လွတ်လပ်ရေးရရှိပြီးနောက်တွင် လူများစုဖြစ်သည့် ဗမာခေါင်းဆောင်များက ပင်လုံစာချုပ်ကိုချိုးဖောက်ကာ ပြည်ထောင်စုအစား ဗဟိုချုပ်ကိုင်မှုစနစ် (တပြည်ထောင်စနစ်)ဖြင့် လူနည်းစုတိုင်းရင်းသားများကို အနိုင်ကျင့်ဗိုလ်ကျလာခဲ့သည်။

မြန်မာနိုင်ငံတွင် လူမျိုးကြီး(၈)မျိုး နေထိုင်ခဲ့ကြပါသည်။  ကချင်၊ ကယား၊ ကရင်၊ ချင်း၊ မွန်၊ ဗမာ၊ ရခိုင်နှင့် ရှမ်းလူမျိုးတို့ဖြစ်ပါသည်။ ယင်းတိုင်းရင်းသား (၈)မျိုးထဲမှ လူများစုဖြစ်သည့် ဗမာတိုင်းရင်းသားကလွဲရင် ကျန်တိုင်းရင်းသားများအားလုံးသည် ပင်လုံကတိကဝက်များဖြစ်သည့် ကိုယ်ပိုင်ပြဌာန်းခွင့်ရရှိရေး၊ တန်းတူညီမျှရေးနှင့် ဖက်ဒရယ်ပြည်ထောင်စုစစ်စစ် တည်ထောင်ရေးတို့အတွက် လက်နက်ကိုင်တော်လှန်ရေးလမ်းစဉ်ကို ရွေးချယ်ခဲ့ကြသည်။

တိုင်းရင်းသားလက်နက်ကိုင်တော်လှန် ရေးအဖွဲ့အစည်းများထဲတွင် အဦးဆုံးလက်နက်ကိုင်ဖြစ်လာသည့် ကရင်လက်နက်ကိုင် (KNU)ကို ၁၉၄၇၊ ကယား(ကရင်နီ) လက်နက်ကိုင်(KNPP)ကို ၁၉၅၇၊ မွန်လက်နက်ကိုင်(NMSP)ကို ၁၉၅၈၊ ကချင်လက်နက်ကိုင်(KIA)ကို ၁၉၆၁၊ ရှမ်းလက်နက်ကိုင်(SSA)ကို ၁၉၆၄ နှင့် ရခိုင်လက်နက်ကိုင် (ALP)ကို ၁၉၆၈ ခုနှစ်တွင် အသီးသီးပေါ်ပေါက်လာခဲ့သည်။ မိမိတို့ ချင်းလက်နက်ကိုင်သည်လည်း ၁၉၆၄ တွင်တစ်ကြိမ်၊ ၁၉၇၃ တွင်တစ်ကြိမ် လက်နက်ကိုင်အဖွဲ့များပေါ်ပေါက်ခဲ့သော်လည်း ကံဆိုးမိုးမှောင်ကျကာ ရန်သူဗမာစစ်တပ်များ၏ လမ်းကြောင်းပိတ်ဆို့တိုက်ခိုက်မှုကြောင့် မှေးမှိန်ခဲ့ရသည်။ ၁၉၈၈ ခုနှစ်တွင် တတိယအကြိမ်မြောက် ချင်းလက်နက်ကိုင် (CNF)ကို ပြန်လည်ဖွဲ့စည်းခဲ့ရာ ယနေ့ထိတိုင် ကြံ့ကြံ့ခံရပ်တည်နိုင်ခဲ့သည်မှာ ဝမ်းသာစရာပင် ဖြစ်ပါသည်။ (ခုနှစ်များ မှားယွင်းနိုင်သည်)

သို့ရာတွင် ၂၁ ရာစုနောက်ပိုင်းမှပေါ်ပေါက်လာသော ရခိုင်လက်နက်ကိုင်သစ်တခုဖြစ်သည့် ရခိုင့်တပ်မတော်(AA)သည် သက်တမ်းအားဖြင့်(၁၂)နှစ်သာရှိသေးသော်လည်း လူအင်အား လက်နက် အင်အားအပြင် ရခိုင်ပြည်သူလူထု၏တခဲနက် အားပေးထောက်ခံမှုကိုရရှိခဲ့သဖြင့် ခေတ်လူငယ်များ၏ အားကျမှုကို ပိုင်ဆိုင်ခဲ့သည်။ အထူးသဖြင့် AA ကိုစတင်တည်ထောင်ခဲ့သူ ဗိုလ်ချုပ်ထွန်းမြတ်နိုင်၏ ဦးဆောင်မှုကို လူငယ်အများစုက အသိအမှတ်ပြုပြီး လေးစားခဲ့ကြသည်မှာ ငြင်း၍မရပေ။ ထိုအထဲတွင် ရခိုင်ရိုးမတောင်တန်းနှင့်ဆက်နွယ်လျှက်ရှိသည့် ချင်းတောင်တန်းမှ ချင်းလူငယ်များလည်း ပါဝင်ခဲ့သည်။ ဤသို့ဖြင့် သက်တမ်း(၃၀)ကျော်ရှိနေသော မိမိတို့ချင်းလက်နက်ကိုင် CNF အပေါ်မှာ မေးခွန်းများစွာထုတ်လာခဲ့ကြသည်။ ယင်းမေးခွန်းမှာ သက်တမ်း (၁၂)နှစ်သာ ရှိသေးသည့် AA အဖွဲ့ မှာ လူအင်အား၊ လက်နက်အင်အား တောင့်တင်းခိုင်မာပြီး၊ သက်တမ်း(၃၀)ကျော်ပြီဖြစ်သော CNF က အဘယ့်ကြောင့် လူအင်အား၊ လက်နက်အင်အားနည်းပါးသနည်းဟု ထောင်ပေါင်းများစွာသော ချင်းလူငယ်များက မေးခွန်းထုတ်နေကြသည်ကို တွေ့ရှိရပါသည်။

ဤမေးခွန်း၏အဖြေမှာ စိတ်ဝင်စားစရာကောင်းသလို ဝမ်းနည်းစရာလည်း ကောင်းခဲ့သည်ဟု မိမိအနေဖြင့် ခံစားမိသည်။ မည်သို့ပင်ဆိုစေကာ တော်လှန်ရေးနယ်ပယ်၏ အခင်းအကျင်းအားဖြင့်သာလျှင် ဖြေဆိုနိုင်ကြမည်ဟု ယုံကြည်ပါသည်။ သို့သော်လည်း တခြားဖြစ်နိုင်ခြေနည်းလမ်းတခုဖြင့် လေ့လာသုံးသပ်ချင်သောဆန္ဒကြောင့် အထက်ကမေးခွန်းကို လေ့လာဆန်းစစ်မိခဲ့သည်။ ယင်း လေ့လာ တွေ့ရှိချက်များကို တင်ပြလိုပါသည်။ မိမိအနေဖြင့် အထက်ကမေးခွန်းကို ဖြေကြားနိုင်မှာ မဟုတ်သလို ဖြေကြားပိုင်ခွင့်လည်း မရှိခဲ့ပါ။ ယင်းမေးခွန်းနှင့် ဆက်စပ်မှုများကိုသာ တင်ပြပေးခြင်းဖြစ်ကြောင်း သိစေအပ်ပါသည်။

တော်လှန်ရေးအဖွဲ့အစည်း၏ အရေးကြီးဆုံးအရာက လူအင်အား၊ ငွေအင်အားပင်ဖြစ်ပါသည်။ မြန်မာနိုင်ငံ၏ ၂၀၁၄ ခုနှစ် သန်ခေါင်စာရင်းအရ ရခိုင်လူဦးရေမှာ ၃၁ သိန်းကျော်ရှိပြီး၊ ချင်းလူဦးရေမှာ ၄သိန်းကျော်သာရှိခဲ့ကြောင်း သိရှိရသည်။

ရခိုင့်တပ်မတော် စတင်တည်ထောင်ချိန်တွင် ရခိုင်ပြည်နယ်က ရခိုင်လူမျိုးများထက် ကချင် ပြည်နယ်မှာရှိသော ရခိုင်လူမျိုးများကို အခြေခံခဲ့သည်ဟု ကြားသိရပါသည်။  ကချင်ပြည်နယ်အတွင်းမှာပင် ရခိုင်လူဦးရေ ၂သိန်းကျော် နေထိုင်ကြောင်းလည်း သိရှိရပါသည်။ သို့တည်းမဟုတ် ၂၀၁၂ နောက်ပိုင်း ရခိုင်ပြည်နယ်အတွင်း အခြေချရန်ကြိုးပမ်းရာတွင် ရခိုင်လူမျိုးအရပ်သားများမကလို့ အစိုးရဝန်ထမ်းများကပါ အားပေးကူညီခဲ့ကြသည့်အပြင် အတည်မပြုနိုင်သောသတင်းများအရဆိုလျှင် ရခိုင်ဘုန်းကြီးများကပင် AA ၏လက်နက်ခဲရမ်းများကို သယ်ဆောင်ပေးခဲ့သည်ဟုကြားသိခဲ့ရသည်။ ယင်းကဲ့သို့ ဝိုင်းဝန်းအားပေးရုံမကလို့ ရခိုင်လူငယ်လူရွယ်များ AA စစ်တပ်ထဲဝင်ရောက်စစ်မှုထမ်းရန် သူတို့ မိဘများကိုယ်တိုင်က စေလွှတ်ကြောင်းကိုလည်း သိရှိရပါသည်။ သို့တည်းမကပဲ ပြည်တွင်း၊ပ ရခိုင်လူမျိုးများအားလုံးက AA ကိုထောက်ပံ့ခဲ့ကြသည်။ ရခိုင်သူဌေးများ၊ စီးပွားရေးသမားများအားလုံးကအခွန်ဘဏ္ဍာများ ပေးခဲ့ကြသည်။ ဤသို့ဖြင့် အင်အားတည်ဆောက်ခဲ့ကြပြီး ၂၀၁၅ ခုနှစ်မှာတော့ ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်အတွင်း တိုက်ပွဲကိုစတင်ဖော်ဆောင်လာခဲ့သည်။  မြန်မာ့တပ်မတော်နှင့် တိုက်ပွဲ မဖြစ်ခင်ကပင် ရခိုင်လူထုကထောက်ပံ့ကူညီခဲ့သည်ကို တွေ့ရှိရပါသည်။

စစ်တပ်အင်အား တောင့်တင်းရန်မှာ လူဦးရေက အခရာကျပါသည်။ စစ်မှုထမ်းဆောင်နိုင်မည့် ပျမ်းမျှအသက်မှာ ၁၈ နှစ်ကျော်မှ ၄၀ နှစ်အထိသာ ထမ်းဆောင်နိုင်မည်ဖြစ်ရာ လူဦးရေ ၄ သိန်းကျော် သာရှိသည့် ချင်းပြည်နယ်တွင် မည်မျှလောက်က စစ်မှုထမ်းနိုင်သည်ကို တွက်ချက်ရန် လိုအပ်မည်ဟု သုံးသပ်မိပါသည်။ ချင်းလူငယ်များက AA အင်အားတောင့်တင်းမှုကို အားရသဘောကျသည်မှာ မမှား ပေ။ သို့ပေမယ့် AA ၏စစ်တပ်အင်အားနှင့် CNA စစ်တပ်အင်အားကိုနှိုင်းယှဉ်ရာတွင် အထက်ကတင် ပြသော လူဦးရေကိုထည့်သွင်းစဉ်းစားရန် လိုအပ်မည်ဟု ယူဆပါသည်။ လူဦးရေ ၃၁ သိန်းကျော်က စစ်တပ်အင်အား တစ်သောင်းရှိလျှင် လူဦးရေ ၄သိန်းကျော်သာရှိသည့်စစ်တပ်က အင်အားတစ်ထောင်ရှိရင်ဖြင့် များလှပါသည်ဟု သုံးသပ်ရပါသည်။ သို့တည်းမဟုတ်ပဲ လက်နက်အင်အားအရဆိုလည်း လူဦးရေများသူက လူဦးရေနည်းသူကို အသာစီးနေအုံးမည်သာ ဖြစ်ပါသည်မဟုတ်လော ???

ဤသို့ဆိုလျှင် ချင်းလူငယ်များက အမျိုးသားရေးကိုဦးထိပ်ပန်လျှက် အင်အားကြီးသူများထက် နှစ်ဆကြိုးစားရန် လိုအပ်ပေသည်။ CNF/A အင်အားတောင့်တင်းခိုင်မာလာရန်မှာ ကမ္ဘာ့နိုင်ငံအသီးသီးမှာ ရောက်ရှိနေထိုင်ကြသော ချင်းလူမျိုးများအားလုံး၏တာဝန်ပင်ဖြစ်ပါသည်။ ညီနောင်တိုင်းရင်းသား လက်နက်ကိုင်များနည်းတူ မိမိတို့ချင်းအမျိုးသားတပ်မတော်သည်လည်း စစ်တပ်အင်အား၊ လက်နက် အင်အားတောင့်တင်းလာရန် မည်သူကမှ လုပ်ဆောင်ပေးမည် မဟုတ်ပေ။ မိမိတို့ချင်းအမျိုးသားများ ကိုယ်တိုင် ကြိုးပမ်းဆောင်ရွက်ရမည်ဖြစ်ပါသည်။ ထို့ကြောင့် ဆွေမျိုးအရေး၊ တောင်ကြောအရေး၊ မျိုးနွယ်စုအရေး၊ မြို့နယ်အရေးများကိုကျော်လွှားပြီး ချင်းအမျိုးသားဆိုသည့် လူမျိုးအမည်အောက်တွင်သာ စည်းလုံးညီညွှတ်စွာဖြင့် လက်တွဲလုပ်ဆောင်ရန် အရေးကြီးပါသည်။

ချင်းလူမျိုးများကြားတွင်ဖြစ်ပွားနေသည့် တောင်၊ မြောက်ခွဲခြားမှုများ၊ မျိုးနွယ်စုများကြားထဲမှာ အမုန်းပွားအားပြိုင်မှုများကို ထားပစ်ခဲ့ပြီး၊ ၂၁ ရာစု၏တောင်းဆိုချက်၊ လိုအပ်ချက်ဖြစ်သည့် အမျိုးသား သွေးစည်းညီညွှတ်ရေးကို အားကြိုးမာန်တက် လုပ်ဆောင်ရန်အချိန်ရောက်လာခဲ့သည်။ ယခုချိန်တွင် ချင်းခေါင်းဆောင်များအနေဖြင့်လည်း အထက်ကပြဿနာများကို ခေတ်သစ်လူငယ်များထံသို့ လက်ဆင့်ကမ်းခြင်းမပြုရန် တိုက်တွန်းလိုပါသည်။ ခေတ်သစ်လူငယ်များကလည်း အတိတ်ကအမွေဆိုးများကို အနာဂတ်မှာသယ်ဆောင်ခြင်းမပြုရန် လိုအပ်ပါသည်။  ချင်းလူမျိုးတို့၏နိုင်ငံရေးလိုအပ်ချက်ကို သိရှိနားလည်ကြပြီး မိမိတတ်နိုင်သည့်အခန်းကဏ္ဍတွင် တက်တက်ကြွကြွပါဝင်လုပ်ဆောင်ကြရန် ချင်းလူ ငယ်များကို ပန်ကြားရင်း နိဂုံးချုပ်အပ်ပါသည်။

Zawgyi

ခ်င္းလူမ်ိဳးႏွင့္ လက္နက္ကိုင္အင္အား
Salai Yaw Mang (Tunghly)
၁၉၄၇ ခုႏွစ္၊ ေဖေဖာ္ဝါရီလ (၁၂)ရက္ေန႔တြင္ ပင္လုံသေဘာတူစာခ်ဳပ္ကို ဗမာေခါင္းေဆာင္ ဗိုလ္ခ်ဳပ္ေအာင္ဆန္းအပါအဝင္ ကခ်င္၊ ခ်င္းႏွင့္ ရွမ္းေခါင္းေဆာင္မ်ားက လက္မွတ္ေရးထိုးခဲ့ၾကသည္။ ဤသို႔ျဖင့္ ကခ်င္ေတာင္တန္းေဒသ၊ ခ်င္းေတာင္တန္းေဒသ၊ ဖက္ဒရယ္ရွမ္းျပည္နယ္မ်ားႏွင့္ ဗမာျပည္ (ဗမာအစိုးရအုပ္ခ်ဳပ္ေသာ မြန္ျပည္၊ ရခိုင္ျပည္အပါအဝင္)တို႔စုေပါင္းၿပီး ဒုတိယကမၻာစစ္အၿပီးတြင္ ကမၻာ့အလယ္မွာ “ျပည္ေထာင္စုသမၼတျမန္မာနိုင္ငံေတာ္” ဟု ေပၚထြန္းလာခဲ့သည္။ ၁၉၄၈ ခုႏွစ္ လြတ္လပ္ေရးရရွိၿပီးေနာက္တြင္ လူမ်ားစုျဖစ္သည့္ ဗမာေခါင္းေဆာင္မ်ားက ပင္လုံစာခ်ဳပ္ကိုခ်ိဳးေဖာက္ကာ ျပည္ေထာင္စုအစား ဗဟိုခ်ဳပ္ကိုင္မႈစနစ္ (တျပည္ေထာင္စနစ္)ျဖင့္ လူနည္းစုတိုင္းရင္းသားမ်ားကို အနိုင္က်င့္ဗိုလ္က်လာခဲ့သည္။

ျမန္မာနိုင္ငံတြင္ လူမ်ိဳးႀကီး(၈)မ်ိဳး ေနထိုင္ခဲ့ၾကပါသည္။ ကခ်င္၊ ကယား၊ ကရင္၊ ခ်င္း၊ မြန္၊ ဗမာ၊ ရခိုင္ႏွင့္ ရွမ္းလူမ်ိဳးတို႔ျဖစ္ပါသည္။ ယင္းတိုင္းရင္းသား (၈)မ်ိဳးထဲမွ လူမ်ားစုျဖစ္သည့္ ဗမာတိုင္းရင္းသားကလြဲရင္ က်န္တိုင္းရင္းသားမ်ားအားလုံးသည္ ပင္လုံကတိကဝက္မ်ားျဖစ္သည့္ ကိုယ္ပိုင္ျပဌာန္းခြင့္ရရွိေရး၊ တန္းတူညီမၽွေရးႏွင့္ ဖက္ဒရယ္ျပည္ေထာင္စုစစ္စစ္ တည္ေထာင္ေရးတို႔အတြက္ လက္နက္ကိုင္ေတာ္လွန္ေရးလမ္းစဥ္ကို ေရြးခ်ယ္ခဲ့ၾကသည္။

တိုင္းရင္းသားလက္နက္ကိုင္ေတာ္လွန္ ေရးအဖြဲ႕အစည္းမ်ားထဲတြင္ အဦးဆုံးလက္နက္ကိုင္ျဖစ္လာသည့္ ကရင္လက္နက္ကိုင္ (KNU)ကို ၁၉၄၇၊ ကယား(ကရင္နီ) လက္နက္ကိုင္(KNPP)ကို ၁၉၅၇၊ မြန္လက္နက္ကိုင္(NMSP)ကို ၁၉၅၈၊ ကခ်င္လက္နက္ကိုင္(KIA)ကို ၁၉၆၁၊ ရွမ္းလက္နက္ကိုင္(SSA)ကို ၁၉၆၄ ႏွင့္ ရခိုင္လက္နက္ကိုင္ (ALP)ကို ၁၉၆၈ ခုႏွစ္တြင္ အသီးသီးေပၚေပါက္လာခဲ့သည္။ မိမိတို႔ ခ်င္းလက္နက္ကိုင္သည္လည္း ၁၉၆၄ တြင္တစ္ႀကိမ္၊ ၁၉၇၃ တြင္တစ္ႀကိမ္ လက္နက္ကိုင္အဖြဲ႕မ်ားေပၚေပါက္ခဲ့ေသာ္လည္း ကံဆိုးမိုးေမွာင္က်ကာ ရန္သူဗမာစစ္တပ္မ်ား၏ လမ္းေၾကာင္းပိတ္ဆို႔တိုက္ခိုက္မႈေၾကာင့္ ေမွးမွိန္ခဲ့ရသည္။ ၁၉၈၈ ခုႏွစ္တြင္ တတိယအႀကိမ္ေျမာက္ ခ်င္းလက္နက္ကိုင္ (CNF)ကို ျပန္လည္ဖြဲ႕စည္းခဲ့ရာ ယေန႔ထိတိုင္ ႀကံ့ႀကံ့ခံရပ္တည္နိုင္ခဲ့သည္မွာ ဝမ္းသာစရာပင္ ျဖစ္ပါသည္။ (ခုႏွစ္မ်ား မွားယြင္းနိုင္သည္)

သို႔ရာတြင္ ၂၁ ရာစုေနာက္ပိုင္းမွေပၚေပါက္လာေသာ ရခိုင္လက္နက္ကိုင္သစ္တခုျဖစ္သည့္ ရခိုင့္တပ္မေတာ္(AA)သည္ သက္တမ္းအားျဖင့္(၁၂)ႏွစ္သာရွိေသးေသာ္လည္း လူအင္အား လက္နက္ အင္အားအျပင္ ရခိုင္ျပည္သူလူထု၏တခဲနက္ အားေပးေထာက္ခံမႈကိုရရွိခဲ့သျဖင့္ ေခတ္လူငယ္မ်ား၏ အားက်မႈကို ပိုင္ဆိုင္ခဲ့သည္။ အထူးသျဖင့္ AA ကိုစတင္တည္ေထာင္ခဲ့သူ ဗိုလ္ခ်ဳပ္ထြန္းျမတ္နိုင္၏ ဦးေဆာင္မႈကို လူငယ္အမ်ားစုက အသိအမွတ္ျပဳၿပီး ေလးစားခဲ့ၾကသည္မွာ ျငင္း၍မရေပ။ ထိုအထဲတြင္ ရခိုင္ရိုးမေတာင္တန္းႏွင့္ဆက္ႏြယ္လၽွက္ရွိသည့္ ခ်င္းေတာင္တန္းမွ ခ်င္းလူငယ္မ်ားလည္း ပါဝင္ခဲ့သည္။ ဤသို႔ျဖင့္ သက္တမ္း(၃၀)ေက်ာ္ရွိေနေသာ မိမိတို႔ခ်င္းလက္နက္ကိုင္ CNF အေပၚမွာ ေမးခြန္းမ်ားစြာထုတ္လာခဲ့ၾကသည္။ ယင္းေမးခြန္းမွာ သက္တမ္း (၁၂)ႏွစ္သာ ရွိေသးသည့္ AA အဖြဲ႕ မွာ လူအင္အား၊ လက္နက္အင္အား ေတာင့္တင္းခိုင္မာၿပီး၊ သက္တမ္း(၃၀)ေက်ာ္ၿပီျဖစ္ေသာ CNF က အဘယ့္ေၾကာင့္ လူအင္အား၊ လက္နက္အင္အားနည္းပါးသနည္းဟု ေထာင္ေပါင္းမ်ားစြာေသာ ခ်င္းလူငယ္မ်ားက ေမးခြန္းထုတ္ေနၾကသည္ကို ေတြ႕ရွိရပါသည္။

ဤေမးခြန္း၏အေျဖမွာ စိတ္ဝင္စားစရာေကာင္းသလို ဝမ္းနည္းစရာလည္း ေကာင္းခဲ့သည္ဟု မိမိအေနျဖင့္ ခံစားမိသည္။ မည္သို႔ပင္ဆိုေစကာ ေတာ္လွန္ေရးနယ္ပယ္၏ အခင္းအက်င္းအားျဖင့္သာလၽွင္ ေျဖဆိုနိုင္ၾကမည္ဟု ယုံၾကည္ပါသည္။ သို႔ေသာ္လည္း တျခားျဖစ္နိုင္ေျခနည္းလမ္းတခုျဖင့္ ေလ့လာသုံးသပ္ခ်င္ေသာဆႏၵေၾကာင့္ အထက္ကေမးခြန္းကို ေလ့လာဆန္းစစ္မိခဲ့သည္။ ယင္း ေလ့လာ ေတြ႕ရွိခ်က္မ်ားကို တင္ျပလိုပါသည္။ မိမိအေနျဖင့္ အထက္ကေမးခြန္းကို ေျဖၾကားနိုင္မွာ မဟုတ္သလို ေျဖၾကားပိုင္ခြင့္လည္း မရွိခဲ့ပါ။ ယင္းေမးခြန္းႏွင့္ ဆက္စပ္မႈမ်ားကိုသာ တင္ျပေပးျခင္းျဖစ္ေၾကာင္း သိေစအပ္ပါသည္။

ေတာ္လွန္ေရးအဖြဲ႕အစည္း၏ အေရးႀကီးဆုံးအရာက လူအင္အား၊ ေငြအင္အားပင္ျဖစ္ပါသည္။ ျမန္မာနိုင္ငံ၏ ၂၀၁၄ ခုႏွစ္ သန္ေခါင္စာရင္းအရ ရခိုင္လူဦးေရမွာ ၃၁ သိန္းေက်ာ္ရွိၿပီး၊ ခ်င္းလူဦးေရမွာ ၄သိန္းေက်ာ္သာရွိခဲ့ေၾကာင္း သိရွိရသည္။

ရခိုင့္တပ္မေတာ္ စတင္တည္ေထာင္ခ်ိန္တြင္ ရခိုင္ျပည္နယ္က ရခိုင္လူမ်ိဳးမ်ားထက္ ကခ်င္ ျပည္နယ္မွာရွိေသာ ရခိုင္လူမ်ိဳးမ်ားကို အေျခခံခဲ့သည္ဟု ၾကားသိရပါသည္။ ကခ်င္ျပည္နယ္အတြင္းမွာပင္ ရခိုင္လူဦးေရ ၂သိန္းေက်ာ္ ေနထိုင္ေၾကာင္းလည္း သိရွိရပါသည္။ သို႔တည္းမဟုတ္ ၂၀၁၂ ေနာက္ပိုင္း ရခိုင္ျပည္နယ္အတြင္း အေျခခ်ရန္ႀကိဳးပမ္းရာတြင္ ရခိုင္လူမ်ိဳးအရပ္သားမ်ားမကလို႔ အစိုးရဝန္ထမ္းမ်ားကပါ အားေပးကူညီခဲ့ၾကသည့္အျပင္ အတည္မျပဳနိုင္ေသာသတင္းမ်ားအရဆိုလၽွင္ ရခိုင္ဘုန္းႀကီးမ်ားကပင္ AA ၏လက္နက္ခဲရမ္းမ်ားကို သယ္ေဆာင္ေပးခဲ့သည္ဟုၾကားသိခဲ့ရသည္။ ယင္းကဲ့သို႔ ဝိုင္းဝန္းအားေပး႐ုံမကလို႔ ရခိုင္လူငယ္လူရြယ္မ်ား AA စစ္တပ္ထဲဝင္ေရာက္စစ္မႈထမ္းရန္ သူတို႔ မိဘမ်ားကိုယ္တိုင္က ေစလႊတ္ေၾကာင္းကိုလည္း သိရွိရပါသည္။ သို႔တည္းမကပဲ ျပည္တြင္း၊ပ ရခိုင္လူမ်ိဳးမ်ားအားလုံးက AA ကိုေထာက္ပံ့ခဲ့ၾကသည္။ ရခိုင္သူေဌးမ်ား၊ စီးပြားေရးသမားမ်ားအားလုံးကအခြန္ဘ႑ာမ်ား ေပးခဲ့ၾကသည္။ ဤသို႔ျဖင့္ အင္အားတည္ေဆာက္ခဲ့ၾကၿပီး ၂၀၁၅ ခုႏွစ္မွာေတာ့ ခ်င္းျပည္နယ္၊ ပလက္ဝၿမိဳ႕နယ္အတြင္း တိုက္ပြဲကိုစတင္ေဖာ္ေဆာင္လာခဲ့သည္။ ျမန္မာ့တပ္မေတာ္ႏွင့္ တိုက္ပြဲ မျဖစ္ခင္ကပင္ ရခိုင္လူထုကေထာက္ပံ့ကူညီခဲ့သည္ကို ေတြ႕ရွိရပါသည္။

စစ္တပ္အင္အား ေတာင့္တင္းရန္မွာ လူဦးေရက အခရာက်ပါသည္။ စစ္မႈထမ္းေဆာင္နိုင္မည့္ ပ်မ္းမၽွအသက္မွာ ၁၈ ႏွစ္ေက်ာ္မွ ၄၀ ႏွစ္အထိသာ ထမ္းေဆာင္နိုင္မည္ျဖစ္ရာ လူဦးေရ ၄ သိန္းေက်ာ္ သာရွိသည့္ ခ်င္းျပည္နယ္တြင္ မည္မၽွေလာက္က စစ္မႈထမ္းနိုင္သည္ကို တြက္ခ်က္ရန္ လိုအပ္မည္ဟု သုံးသပ္မိပါသည္။ ခ်င္းလူငယ္မ်ားက AA အင္အားေတာင့္တင္းမႈကို အားရသေဘာက်သည္မွာ မမွား ေပ။ သို႔ေပမယ့္ AA ၏စစ္တပ္အင္အားႏွင့္ CNA စစ္တပ္အင္အားကိုႏွိုင္းယွဥ္ရာတြင္ အထက္ကတင္ ျပေသာ လူဦးေရကိုထည့္သြင္းစဥ္းစားရန္ လိုအပ္မည္ဟု ယူဆပါသည္။ လူဦးေရ ၃၁ သိန္းေက်ာ္က စစ္တပ္အင္အား တစ္ေသာင္းရွိလၽွင္ လူဦးေရ ၄သိန္းေက်ာ္သာရွိသည့္စစ္တပ္က အင္အားတစ္ေထာင္ရွိရင္ျဖင့္ မ်ားလွပါသည္ဟု သုံးသပ္ရပါသည္။ သို႔တည္းမဟုတ္ပဲ လက္နက္အင္အားအရဆိုလည္း လူဦးေရမ်ားသူက လူဦးေရနည္းသူကို အသာစီးေနအုံးမည္သာ ျဖစ္ပါသည္မဟုတ္ေလာ ???

ဤသို႔ဆိုလၽွင္ ခ်င္းလူငယ္မ်ားက အမ်ိဳးသားေရးကိုဦးထိပ္ပန္လၽွက္ အင္အားႀကီးသူမ်ားထက္ ႏွစ္ဆႀကိဳးစားရန္ လိုအပ္ေပသည္။ CNF/A အင္အားေတာင့္တင္းခိုင္မာလာရန္မွာ ကမၻာ့နိုင္ငံအသီးသီးမွာ ေရာက္ရွိေနထိုင္ၾကေသာ ခ်င္းလူမ်ိဳးမ်ားအားလုံး၏တာဝန္ပင္ျဖစ္ပါသည္။ ညီေနာင္တိုင္းရင္းသား လက္နက္ကိုင္မ်ားနည္းတူ မိမိတို႔ခ်င္းအမ်ိဳးသားတပ္မေတာ္သည္လည္း စစ္တပ္အင္အား၊ လက္နက္ အင္အားေတာင့္တင္းလာရန္ မည္သူကမွ လုပ္ေဆာင္ေပးမည္ မဟုတ္ေပ။ မိမိတို႔ခ်င္းအမ်ိဳးသားမ်ား ကိုယ္တိုင္ ႀကိဳးပမ္းေဆာင္ရြက္ရမည္ျဖစ္ပါသည္။ ထို႔ေၾကာင့္ ေဆြမ်ိဳးအေရး၊ ေတာင္ေၾကာအေရး၊ မ်ိဳးႏြယ္စုအေရး၊ ၿမိဳ႕နယ္အေရးမ်ားကိုေက်ာ္လႊားၿပီး ခ်င္းအမ်ိဳးသားဆိုသည့္ လူမ်ိဳးအမည္ေအာက္တြင္သာ စည္းလုံးညီညႊတ္စြာျဖင့္ လက္တြဲလုပ္ေဆာင္ရန္ အေရးႀကီးပါသည္။

ခ်င္းလူမ်ိဳးမ်ားၾကားတြင္ျဖစ္ပြားေနသည့္ ေတာင္၊ ေျမာက္ခြဲျခားမႈမ်ား၊ မ်ိဳးႏြယ္စုမ်ားၾကားထဲမွာ အမုန္းပြားအားၿပိဳင္မႈမ်ားကို ထားပစ္ခဲ့ၿပီး၊ ၂၁ ရာစု၏ေတာင္းဆိုခ်က္၊ လိုအပ္ခ်က္ျဖစ္သည့္ အမ်ိဳးသား ေသြးစည္းညီညႊတ္ေရးကို အားႀကိဳးမာန္တက္ လုပ္ေဆာင္ရန္အခ်ိန္ေရာက္လာခဲ့သည္။ ယခုခ်ိန္တြင္ ခ်င္းေခါင္းေဆာင္မ်ားအေနျဖင့္လည္း အထက္ကျပႆနာမ်ားကို ေခတ္သစ္လူငယ္မ်ားထံသို႔ လက္ဆင့္ကမ္းျခင္းမျပဳရန္ တိုက္တြန္းလိုပါသည္။ ေခတ္သစ္လူငယ္မ်ားကလည္း အတိတ္ကအေမြဆိုးမ်ားကို အနာဂတ္မွာသယ္ေဆာင္ျခင္းမျပဳရန္ လိုအပ္ပါသည္။ ခ်င္းလူမ်ိဳးတို႔၏နိုင္ငံေရးလိုအပ္ခ်က္ကို သိရွိနားလည္ၾကၿပီး မိမိတတ္နိုင္သည့္အခန္းက႑တြင္ တက္တက္ႂကြႂကြပါဝင္လုပ္ေဆာင္ၾကရန္ ခ်င္းလူ ငယ္မ်ားကို ပန္ၾကားရင္း နိဂုံးခ်ဳပ္အပ္ပါသည္။

နောက်ဆုံးရသတင်းများ

၇၆ နှစ်မြောက် ချင်းအမျိုးသားနေ့ နှင့် မပြီးသေးသော ချင်းပြည်တည်ဆောက်ရေး

R.Lakher ဖေဖော်ဝါရီလ ၂၀၊ ၂၀၂၄ သည် ချင်းပြည်သူများ အမြတ်တနိုးတန်ဖိုးထားသော နေ့ထူးနေ့မြတ်ကြီး ဖြစ် ပါသည်။ လွန်ခဲ့သော နှစ်ပေါင်း ၇၆  (၁၉၄၈) တွင် ဦးဝမ္မသူးမောင် ဦးဆောင်ပြီး ချင်းညီလာခံ တစ်ရပ်ကို ချင်းပြည်နယ်၊ ...

ဆက်ဖတ်ရန်