ချင်းလဲန်းကောင်စီမှ ဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရအဖွဲ့တွေ ကျမ်းသစ္စာဆိုခြင်းနဲ့ ဆုတောင်း ဆက်ကပ်ခြင်း ပြုလုပ်

၂၊ ဇန်နဝါရီ၊ ၂၀၂၄
Zalen

ချင်းလဲန်းကောင်စီမှ ဖွဲ့စည်းထားတဲ့ ချင်းပြည်အစိုးရအဖွဲ့၊ တရားလွတ်တော်ချုပ်၊ စာရင်းစစ်ချုပ် နေရာတွေမှာ ရွေးချယ်အတည်ပြုခန့်အပ်ခံရတဲ့ ပုဂ္ဂိုလ်တွေ ကဒီနေ့ ဖေဖော်ဝါရီ ၂ နေ့မှာ ကျမ်းသစ္စာဆိုခြင်းနဲ့ ဆုတောင်းဆက်ကပ်ခြင်းအစီစဥ် ပြုလုပ်နေတယ်လို့ သိရပါတယ်။

CNF/A ဌာနချုပ် ချင်းလုံမြို့မှာ နှစ်ရက်တာ ကျင်းပပြုလုပ်တဲ့ ချင်းပြည်ကောင်စီ အစည်းဝေးမှာ ချင်းပြည်ဖွဲ့စည်းပုံအခြေခံဥပဒေအရ ရွေးချယ်တင်မြောက်ရေး ကော်မတီမှ အဆိုပြုတင်သွင်းတဲ့ ချင်းပြည်အစိုးရအဖွဲ့ ဝန်ကြီးချုပ်၊ ဝန်ကြီးများ၊ ရှေ့နေချုပ်၊ စာရင်းစစ်ချုပ်၊ တရားလွတ်တော်ချုပ်၊ တရားသူကြီးချုပ်နဲ့ တရားသူကြီးတွေရဲ့ အမည်စာရင်းတွေကို အတည်ပြုပြီး လွတ်တော်အပါဝင် မဏ္ဍိုင်ကြီး ၃ ရပ်ကို ဖွဲ့စည်းအတည်ပြုခဲ့ပါတယ်။

ချင်းပြည်ကောင်စီက ချမှတ်တဲ့ ရည်မှန်းချက်ပန်းတိုင် မဟာဗျူဟာနဲ့ နည်းဗျူဟာတွေ အကောင်ထည်ဖော်ဆောင်ရွက်ရာမှာ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိတဲ့ ချင်းပြည်တည်ဆောင်ရေးနဲ့ ချင်းအမျိုးသားတည်ဆောက်ရေးမှာ ချင်းအမျိုးသားပိုင်နယ်မြေနဲ့ ချင်းအမျိုးသားအားလုံးကို ကာကွယ်တည်ဆောက်နိုင်ဖို့ စစ်ရေးမှာ အရည်ချင်းပြည့်မှီပြီ အင်အားတောင့်တင်းတဲ့ အမျိုးသားတပ်မတော်တည်ဆောက်ရေးနဲ့ ချင်းအမျိုးသားလှုပ်ရှားမူမှာ ချင်းပြည်သူတစ်ရပ်လုံး လက်တွဲပူးပေါင်း ပါဝင်ပြီး ချင်းပြည်ဖွဲ့စည်းပုံ အခြေခံဥပဒေပါအတိုင်း အကောင်ထည်ဖော်ဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

ဒုတိယအကြိမ် ချင်းပြည်ကောင်စီ အစည်းဝေးက ဖွဲ့စည်းအတည်ပြုလိုက်တဲ့ မဏ္ဍိုင်ကြီး ၃ ရပ်ကို အခြေခံပြီး တော်လှန်ရေးကာလ ချင်းပြည်သူလူထုရဲ့ ရေးရာကိစ္စအဝဝကို စီမံဆောင်ရွက်သွားဖို့နဲ့ အာဏာရှင်စနစ်မှန်သမျှ အမြစ်ပြတ်ချုပ်ငြိမ်းရေး၊ အမျိုးသားကိုယ်ပိုင်ပြဋ္ဌာန်းခွင့် အာမခံချက်ရှိတဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ထူထောင်ရေးတို့မှာ စစ်ရေးနဲ့ နိုင်ငံရေးကို ဟန်ချက်ညီညီဖော်ဆောင်ကာ ညီနောင်တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့စည်းများ၊ နွေဦးတော်လှန်ရေးမှာ ပါဝင်တဲ့ ပြည်သူကာကွယ်ရေးတပ်ဖွဲ့များ၊ နိုင်ငံရေးပါတီများ၊ အစိုးရများ၊ အဖွဲ့အစည်းများ၊ ပုဂ္ဂုလ်များနဲ့ လက်တွဲသွားမယ်လို့ သိရပါတယ်။

ချင်းပြည်အစိုးရဖွဲ့ကို Pu Pa Thang မှ ဝန်ကြီးချုပ်နေရာ တာဝန်ယူပြီး နိုင်ငံခြားရေးဝန်ကြီးအဖြစ် Dr.Sui Khar၊ ကာကွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Thawng Za Lian၊ ပြည်ထဲရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Robin၊ စီမံကိန်းနှင့် ဘဏ္ဏာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Sein Aung၊ ပညာရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Salai Cross Thang၊ ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာန ဝန်ကြီးအဖြစ် Dr. Sharon Par တို့ ဖြစ်ပါတယ်။

ဒါ့အပြင် လူသားချင်စာနာထောက်ထားရေးနှင့် ပြန်လည်ထူထောင်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Salai Manna Kee၊ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ် ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Salai Joseph Lalramlawma ၊ အမျိုးသမီး၊ လူငယ််နှင့် ကလေးသူငယ်ရေး ရာဝန်ကြီးဌာန ဝန်ကြီး Pi Ni Sui Lian၊ ဆက်သွယ်ရေးနှင့် နည်းပညာဝန်ကြီးဌာန ဝန်ကြီး Pu Mang Uk Khai၊ လျှပ်စစ်နှင့် စွမ်းအင်ဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Thang Kam Lian တို့ဖြစ်ပါတယ်။

လူဝင်မှုကြီးကြပ်ရေးနှင့် ပြည်သူ့အင်အား ဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Maung Oo ၊ စိုက်ပျိုးရေးနှင့် မွေးမြူးရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် Pu Hmun Rung Lian ၊ ဆောက်လုပ်ရေးဝန်ကြီးဌာနဝန်ကြီးအဖြစ် Salai Za Thawng နဲ့ ရှေ့နေချုပ် အဖြစ် Dr. Tial Hnin တို့ အသီးသီး တာဝန်ယူထားပါတယ်။

ချင်းပြည် တရားလွှတ်တော်ချုပ်ကို တရားသူကြီးချုပ် အဖြစ် Pu Thomas Thang Nou၊ တရားသူကြီးများအဖြစ် Pu Mana Sheing နဲ့ Pu Thang Yen ဖြစ်ပြီး စာရင်းစစ်ချုပ်အဖြစ် Pu Chan Ham တို့ဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်