ချင်းအမျိုးသားများကြား ပြန်လည်သင့်မြတ်ရေးဖော်ဆောင်ရာမှာ ပူးပေါင်းပါဝင်မယ်လို့ ကြားကာလ ငြိမ်ချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဆို

၅၊ ဇူလိုင်လ၊၂၀၂၄

Zalen

လက်ရှိ ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းများကြား ကြုံတွေ့နေရတဲ့ ပဋိပက္ခတွေကို အဖြေရှာ ဖြေရှင်းရာမှာ ကြားကာလငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့က တတ်နိုင်တဲ့ဖက်ကနေ လက်တွဲလုပ်ဆောင်သွား မယ်လို့ သဘောထားထုတ်ပြန်ထားပါတယ်။

ကြားကာလငြိမ်းချမ်းရေးဖော်ဆောင်မှုအဖွဲ့(Interim Peace Action Group) က ချင်းအမျိူးသားများအားလုံး ဟာ တအူတုံဆင်း သွေးချင်းညီအကိုများသာဖြစ်ကြောင်း ခံယူအသိမှတ်ပြုကာလက်ရှိချင်းအမျိုးသားထု ကြုံတွေ့နေတဲ့ ပဋိပက္ခများ၊ စိန်ခေါ်မှုများကို ကျော်လွှာနိုင်ရန် ငြိမ်ချမ်းရေးနဲ့ ပြန်လည် သင့်မြတ်ရေးအားဖြင့် လက်တွေ့အကောင်အထည်ဖော် ပူးပေါင်းဆောင်ရွက်သွားမယ်လို့ ဆိုပါတယ်။

လက်ရှိ ချင်းပြည်နယ်မှာ ရှိတဲ့ ချင်းတော်လှန်ရေးလက်နက်ကိုင် အဖွဲ့အစည်းကြီးနှစ်ခုဖြစ်တဲ့ ချင်းပြည် ကောင်စီ (CC) နဲ့ ချင်းညီနောင် (CB) တို့ကြားမှာ အမြင်မတူမှုတစ်ချို့ရှိနေပြီး အချင်းချင်းပစ်ခတ် တိုက်ခိုက် တဲ့ အခြေအနေထိရောက်နေတာကြောင့် ချင်းပြည်သူလူထုတွေ စိုးရိမ်ပူပန်နေကြတာဖြစ်ပါတယ်။ လက်ရှိ ချင်းပြည်ကောင်စီ (CC) ဘက်မှာ ချင်းအမျိုးသာတပ်မတော် CNA အပါအဝင် မြို့နယ်နဲ့ ဒေသကာကွယ်ရေး တပ်ဖွဲ့ပေါင်း ၁၇ ဖွဲ့ရှိပြီး ချင်းညီနောင် (CB) ကလည်း တော်လှန်ရေးတပ်ဖွဲ့ ၆ ဖွဲ့ပူးပေါင်း ထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ကြားကလ ငြိမ်ချမ်းရေးဖော်ဆောင်မှုအဖွဲ့ ဟာ ချင်းပြည်နယ် ငြိမ်ချမ်းရေးနဲ့ ပြန်လည်သင့်မြတ်ရေးအဖွဲ့ ( Chin Peace and Reconciliation Initiative –CPRI) နဲ့ လိုင်ရှာလောမ်အဖွဲ့ (Lai Shalom Team) တို့ပူးပေါင်း ပြီး ပြန်လည်သင့်မြတ်ရေး ဖော်ဆောင်ရန်ဖွဲ့အစည်းထားတဲ့ အဖွဲ့အစည်းဖြစ်ပါတယ်။

ဒါ့ကြောင့် ချင်းပြည်သူ ညီအကိုမောင်နှမများအားလုံးက ဆုတောင်းခြင်းဖြင့်လည်းကောင်း၊ အကြံပြုခြင်းဖြင့် လည်းကောင်း၊ မိမိတတ်နိုင်တဲ့ အခြားကဏ္ဍအသိီးသီးဖြင့်လည်းကောင်း ပါဝင်ပေးကြဖို့ တောင်းဆိုထားပါ တယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

တလန်ဇာန်ကျေးရွာ လေကြောင်း တိုက်ခိုက်မှုဟာ တော်လှန်ရေးသမားများလုပ်ခဲ့တာဆိုတဲ့ သတင်းအမှား

Zalen မတ်လ ၂၁ ရက်၊ ၂၀၂၅ ခုနှစ် ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ တလန်ဇာန်ကျေးရွာကို စစ်ကောင်စီတပ်က လေကြောင်း ဗုံးကြဲ တိုက်ခိုက်မှုကြောင့် ဘုရားကျောင်းနဲ့ အဆောက်အအုံတွေ ပျက်စီးတာကို တော်လှန်ရေးတပ်ဖွဲ့တွေက လက်နက်ကြီးဖြင့်ပစ်ခတ်တာလို့ မဟုတ်မမှန်လုပ်ကြံဝါဒဖြန့်ချိလျက်ရှိဆိုတဲ့ သတင်းကို ...

ဆက်ဖတ်ရန်