ချင်း၊ မကွေး၊ စစ်ကိုင်းတိုင်းက အကြမ်းဖက်စစ်ကောင်စီတပ် စစ်ရေးလှုပ်ရှားမှုများ
အောက်တိုဘာ ၉ ၊ မင်းတပ်
– မင်းတပ်မြို့ပေါ်တွင် mpt တယ်လီ ဖုန်းလိုင်းများပြတ်တောက်နေပြီး ၊ လျှပ်စစ်မီးပါ ပြတ်တောက်နေကြောင်းသိရသည် ။ (၆၆ကေဗွီ ပေါက်-ကျောက်ထု လိုင်းအပြစ် (Line Fault) ကြောင့် ယာယီဓာတ်အားပြတ်တောက် နေကြောင်း ESE -Saw မှ ထုတ်ပြန်ထားသည်။)
– မင်းတပ်မြို့ ၄ မိုင်ကုန်းတွင်အဝေးပစ်လောင်ချာများထားရှိကာ ၊ စစ်ကောင်စီ တပ်သား ၁၅ ဝန်းကျင် ရှိနေကြောင်းသိရသည်။
– မင်းတပ်မြို့ – ကန်ပက်လက်လမ်း ခွဲ၊ ခရိုင်ပြည်သူ့ ဆေးရုံအနီးရှိ ၃ မိုင်ဂိတ် တွင်လည်းခရီးသွား ပြည်သူများ၏ ဆိုင်ကယ် Tool box များ စစ်ဆေးခြင်း၊ ခန္ဓာကိုယ် အနှံ့ စစ်ဆေးမှုများပြုလုပ်နေကြောင်းသိရသည်။
အောက်တိုဘာ ၉ ၊ မတူပီ
– မတူပီ မြို့ပေါ်တွင်လည်း တယ်လီဖုန်းလိုင်းများ ပြတ်တောက်နေသည်။
– ဟားခါး & မတူပီ လမ်း ကို မတူပီCDF မှအသွားအလာ ကန့်သတ်ထားသည်။
– မတူပီ မြို့ပတ်ပတ်လည် တွင် စစ်ကောင်စီမှ စစ်အင်အားတိုးချဲ့နေပြီး၊ မြို့ပတ်ပတ်လည် ပိတ်ဆို့ထားကြောင်းသိရသည်။
– ယမန်နေ့၊ အောက်တိုဘာ ၈ ရက်နေ့ ညတွင် စကစမှမတူပီမြို့ထဲသို့ လက်နက်ကြီးသုံးကြီခန့် ရမ်းသမ်း ပစ်ခတ်ကြောင်း သိရသည်။
– ဆက်သွယ်ရေး လိုင်းများ ပြတ်တောက်ခြင်း နှင့် စစ်ကောင်စီ က မတူပီမြို့အတွင်း ကို ပိတ်ဆို့ ပြီး လက်နက်ကြီးများ ပစ်ခတ်နေခြင်းကြောင့် မတူပီ မြို့သူမြို့သားများနှင့် အဝေးရောက် မိသားစုဝင်များ စိုးရိမ်ပူပန်လျက်ရှိသည်။
အောက်တိုဘာ ၉ ၊စစ်ကိုင်း၊ ကလေးမြို့
– ဒီနေ့ အောက်တိုဘာ ၉ ရက် မနက် အစောပိုင်း ၆:၃၀ အချိန်မှာ ကလေးမြို့ ဗိုလ်ချုပ်လမ်းပေါ်မှာ သံချပ်ကာ ၂ စီးနဲ့ စစ်ကား အကြီး ၁၄ စီး ချင်းတောင်ဘက်တက်သွား‌တာ‌ တွေ့ရသည်။
– ယနေ့ မနက်က ကလေးမြို့မှ ထွက်ခွာလာသည့်စစ်ကောင်စီ တပ်သားများ ဇီးချောင်း တံတား ဘက်တွင်လည်း ရောက်ရှိနေကြောင်း သိရသည်။
– ကလေးမြို့မှ ချင်းတောင်အတက် ရှုခင်းသာ အကျော်ဝန်းကျင်တွေမှာ ပစ်ခတ်သံများ ကြားနေရ ကြောင်း ကနဦးသိရပြီး ၊ စစ်ကောင်စီတပ်နဲ့ မည်သည့် အဖွဲ့တို့ တိုက်ပွဲ ဖြစ်နေကြသည်ကိုမူ အတည်ပြုနိုင်ခြင်းမရှိသေးပါ။
– ကလေးမြို့မှ ချင်းတောင်ပေါ်ဘက်ကို မည်သူမှမသွားကြပါရန် ဒေသခံများက ၎င်းတို့၏ လူမှုကွန်ယက် တွင် အချင်းချင်း သတိပေးစာများ ရေးသားထားကြသည်။
အောက်တိုဘာ ၉၊ စစ်ကိုင်း ၊ ဘုတလင်
– အနောက်မြောက်တိုင်း စစ်ဌာနချုပ် တည်ရှိရာ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာခရိုင်၊ ဘုတလင်မြို့နယ်၊ ရဲထွက်ကျေးရွာ အုပ်စုအတွင်း အာဏာသိမ်းအကြမ်းဖက် စစ်တပ်၏ စစ်ရဟတ်ယာဉ်များ ယနေ့ ၂၀၂၁ခုနှစ် အောက်တိုဘာလ(၉)ရက်နေ့ နံနက်ပိုင်းက ပျံသန်းနေကြောင်း သိရသည်။
– ဘုတလင်မြို့အနီး စိုင်ပြင်တွင်လည်းအောက်တိုဘာလ (၈) ရက်နေ့ ည (၇) နာရီအောက်တိုဘာလ (၈) ရက်နေ့ ည (၇) နာရီဝန်းကျင်အချိန်က ပေါက်ကွဲသံ အကျယ်ကြီး (၂) ချက်ကြားရသလို ယနေ့ နံနက် (၅) နာရီဝန်းကျင်တွင်လည်း ပေါက်ကွဲသံ (၂)ချက် ထပ်မံကြားရသည်ဟုလည်း သိရသည်။
အောက်တိုဘာ ၊ ၉ ၊ မကွေး (ယောဒေသ)
မနက် ၉း၁၅ မှာစိုင်ဒူးရွာကို ဖြတ်ကျော်ပြီး ဂန့်ဂေါဘက်သို့ ကိုပြန် ထွက်သွားကြောင်း သိရသည်။
မနက် ၉း၃၅ တွင် ဂန့်ဂေါ -ကလေး လမ်းပိုင်း ဟားခါး လမ်းခွဲတွင် စစ်ကားကြီး ၂ စီး အင်အား ၅ဝခန့် တွေ့ရ ကြောင်း Yaw Eagle လူမှုကွန်ယက်စာမျက်နှာတွင် တင်ထားသည်။
– ဆောမြို့နယ် ကံချောင်းတွင် တပ်စွဲ နေသည့် စစ်ကောင်စီ များနှင့် ဒေသခံ ကာကွယ်ရေး တပ်များ ယနေ့တိုက်ပွဲဖြစ်လာနိုင်ပြီး ၊ ကူးချောင်း အနီးတွင်လည်း စစ်ကောင်စီ တပ်သားတစ်ချို့ သောင်တင်နေကြကြောင်း HKL မှ လူမှုကွန်ယက်တွင် တင် ထားသည်။
အနောက်မြောက်တိုင်း စစ်ဌာနချုပ် တိုင်းမှူးကို အပြောင်းအလဲ ပြုလုပ်ပြီး နေပြည်တော်မှ လာရောက်ကွပ်ကဲ ပြီး နောက်ပိုင်း ချင်း စစ်ကိုင်း မကွေး (ယောဒေသ) တို့တွင် စစ်ကောင်စီ တပ်များ၏ စစ်ရေးလှုပ်ရှားမှုများ ခပ်စိပ်စိပ်တွေ့လာရပြီး အောက်တိုဘာ (၉/၁၀) ဝန်းကျင်တွင် စစ်ဆင်ရေး စတင်နိုင်ကြောင်း ကနဦး သိရသည်။ အနောက်မြောက်တိုင်းစစ်ဌာနချုပ် တိုင်းမှူး အသစ်မှ ကွပ်ကဲ မည့် ယခု စစ်ဆင်ရေး၏ အမည်မှာ “ဧရာဝတီ စစ်ဆင်ရေး” ဟူ၍ ကနဦး သိရသည်။ (သီးခြား အတည်ပြုနိုင်ခြင်းမရှိသေးပါ)
ယခုကဲ့သို့ စစ်ဆင်ရေး သတင်းများကြောင်း ချင်း မကွေး စစ်ကိုင်း အတွင်းရှိ ဒေသခံ ပြည်သူများ ထောင်ချီ၍ အိုးအိမ်စွန့်ခွာ တိမ်းရှောင်ထွက်ပြေးနေကြရသည်။
Zawgyi
အောက်တိုဘာ ၉ ၊  မင်းတပ်
အောက်တိုဘာ ၉ ၊ မတူပီ
နောက်ဆုံးရသတင်းများ
စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ
၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...
ဆက်ဖတ်ရန်