ချောင်းခွရွာက သားအမိ ၃ဦးကို စစ်တပ်ကဖမ်းဆီးခေါ်ဆောင်ကာ သတ်ဖြတ်ပြီးအလောင်းကို မီးရှို့

ကလေးမြို့နယ်၊ ချောင်းခွကျေးရွာကနေ လယ်တောထဲမှာစစ်ဘေးရှောင်နေတဲ့ သားအမိ ၃ ဦးကို အာဏာသိမ်းစစ်ကောင်စီတပ်သားတွေက ဖေဖော်ဝါရီလ ၂၃ ရက်မနက်ပိုင်းက ဖမ်းဆီးခေါ်ဆောင်ကာ ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် မနက်ပိုင်းတွင် မီးရှို့ထားတဲ့ရုပ်အလောင်းအကြွင်းအကျန်သာတွေ့ရှိတယ်လို့သတင်းရရှိပါတယ်။

ဖမ်းဆီးသတ်ဖြတ်ခံရတဲ့ သားအမိ ၃ ဦးမှာ Nu Ngun Za Len (ဒေါ်ငွန်ဇာလဲန်- ၄၀နှစ်)၊ Mai Thian Nun Cawi -16 (မိုင်သီယန်နွန်ကြွယ်- ၁၆နှစ်)၊ နဲ့ Mai Ngun Za Thian – 14 (မိုင်ငွန်ဇာသီယန်-၁၄နှစ်) တို့ဖြစ်ပါတယ်။

ဖြစ်စဉ်မှာ ဖဖော်ဝါရီလ(၂၂)ရက်နေ့ ည(၆)နာရီ အချိန်ခန့်တွင် စစ်ကောင်စီတပ်ဖွဲ့ဝင်(၇၀)ခန့်သည် ကလေးမြို့နယ်၊ ခွေကျိန်ရွာဘက်သို့ စစ်ကြောင်းထိုး ရောက်ရှိခဲ့ကြောင်း၊ ခွေကျိန်ရွာအနီးရှိ လယ်တဲများ တွင် ချောင်းခွရွာဘက်မှ စစ်ဘေးရှောင်မိသားစုတွေနေတဲ့ တဲသို့ဝင်ရောက်ကာ ယင်းလယ်တဲ အောက်တွင် တစ်ညအိပ်ကာ ဖေဖော်ဝါရီ ၂၃ ရက် မနက် ၈ နာရီလောက်တွင် Nu Ngun Za Len (ဒေါ်ငွန်ဇာလဲန်) တို့သားအမိ ၃ ဦးကိုရွေးချယ်ပြီး ဖမ်းဆီးခေါ်ဆောင်သွားကြပါတယ်။

၎င်းတို့တဲဘက်သို့ အာဏာသိမ်းစစ်ကောင်စီတပ်သားတွေလာနေကြောင်းသိတဲ့ချိန်မှာ အမျိုးသားတစ်ဦးမှအပ အခြားသူတွေအားလုံး နေကြာခင်းထဲပုန်းကြပါတယ်။ စစ်သားတွေက တဲမှာကျန်ရစ်ခဲ့တဲ့အမျိုးသားဆီမှာ ပုန်းနေတဲ့လူတွေကို ဖုန်းနဲ့လှမ်းဆက်ပြီးခေါ်ခိုင်းတာကြောင့်ပြန်လာကြပါတယ်။

သားအမိသတ်ဖြတ်ခံရတဲ့ကိစ္စနဲ့ပတ်သက်ပြီး ဒေသခံတစ်ဦးက “တဲထဲမှာတခြားလူတွေလည်းရှိရဲ့သားနဲ့ မိန်းမသား ၃ ဦးကို အတင်းခေါ်ဆောင်သွားကြတယ်။ သူတို့နေတဲ့ တဲကနေ နည်းနည်းဝေးတဲ့ နောက်တဲတစ်ခုမှာခေါ်သွားတာ။ ညနေပိုင်းလောက်မှာ အဲ့ဒီတဲကနေ သေနတ်သံ ၃ ချက်ကြားပြီး သိပ်မကြာဘူး။ တဲလည်းမီးလောင်သွားတယ်။ ဒီမနက်မှာ ရွာသားတွေနဲ့အတူသွားရှာကြတော့ သူတို့အဝတ်စတွေ မီးမလောင်နိုင်တဲ့သူတို့ပစ္စည်းတွေ တွေ့တာကြောင့် ဒီအလောင်းက သူတို့အလောင်းပါလို့ပြောလို့ရတာ။ ပြီးတော့ သူတို့ခြေထောက်မှာ သံကြိုးနဲ့လည်းချီထားကြတယ်။ ကိုယ်တွေထင်တာကတော့ သူတို့က အဓမ္မပြုကျင့်ခံရနိုင်ခြေက တော်တော်များတယ်” လို့ပြောပါတယ်။

Nu Ngun Za Len (ဒေါ်ငွန်ဇာလဲန်) တို့မိသားစုတွင် သားလေး ၂ ယောက်နဲ့ အိမ်ထောင်ဦးစီးသာကျန်ရစ်ခဲ့ပါတယ်။ ၎င်းတို့အလောင်းကို ဒီနေ့ ဖေဖော်ဝါရီ ၂၄ ရက် ညနေ ၄ နာရီတွင် မြေမြုပ်သဂြိုလ်ကြပါတယ်။

Zawgyi

ေခ်ာင္းခြ႐ြာက သားအမိ ၃ဦးကို စစ္တပ္ကဖမ္းဆီးေခၚေဆာင္ကာ သတ္ျဖတ္ၿပီးအေလာင္းကို မီးရႈိ႕

ကေလးၿမိဳ႕နယ္၊ ေခ်ာင္းခြေက်း႐ြာကေန လယ္ေတာထဲမွာစစ္ေဘးေရွာင္ေနတဲ့ သားအမိ ၃ ဦးကို အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြက ေဖေဖာ္ဝါရီလ ၂၃ ရက္မနက္ပိုင္းက ဖမ္းဆီးေခၚေဆာင္ကာ ဒီေန႔ ေဖေဖာ္ဝါရီ ၂၄ ရက္ မနက္ပိုင္းတြင္ မီးရႈိ႕ထားတဲ့႐ုပ္အေလာင္းအႂကြင္းအက်န္သာေတြ႕ရွိတယ္လို႔သတင္းရရွိပါတယ္။

ဖမ္းဆီးသတ္ျဖတ္ခံရတဲ့ သားအမိ ၃ ဦးမွာ Nu Ngun Za Len (ေဒၚငြန္ဇာလဲန္- ၄၀ႏွစ္)၊ Mai Thian Nun Cawi -16 (မိုင္သီယန္ႏြန္ႂကြယ္- ၁၆ႏွစ္)၊ နဲ႔ Mai Ngun Za Thian – 14 (မိုင္ငြန္ဇာသီယန္-၁၄ႏွစ္) တို႔ျဖစ္ပါတယ္။

ျဖစ္စဥ္မွာ ဖေဖာ္ဝါရီလ(၂၂)ရက္ေန႔ ည(၆)နာရီ အခ်ိန္ခန႔္တြင္ စစ္ေကာင္စီတပ္ဖြဲ႕ဝင္(၇၀)ခန႔္သည္ ကေလးၿမိဳ႕နယ္၊ ေခြက်ိန္႐ြာဘက္သို႔ စစ္ေၾကာင္းထိုး ေရာက္ရွိခဲ့ေၾကာင္း၊ ေခြက်ိန္႐ြာအနီးရွိ လယ္တဲမ်ား တြင္ ေခ်ာင္းခြ႐ြာဘက္မွ စစ္ေဘးေရွာင္မိသားစုေတြေနတဲ့ တဲသို႔ဝင္ေရာက္ကာ ယင္းလယ္တဲ ေအာက္တြင္ တစ္ညအိပ္ကာ ေဖေဖာ္ဝါရီ ၂၃ ရက္ မနက္ ၈ နာရီေလာက္တြင္ Nu Ngun Za Len (ေဒၚငြန္ဇာလဲန္) တို႔သားအမိ ၃ ဦးကိုေ႐ြးခ်ယ္ၿပီး ဖမ္းဆီးေခၚေဆာင္သြားၾကပါတယ္။

၎တို႔တဲဘက္သို႔ အာဏာသိမ္းစစ္ေကာင္စီတပ္သားေတြလာေနေၾကာင္းသိတဲ့ခ်ိန္မွာ အမ်ိဳးသားတစ္ဦးမွအပ အျခားသူေတြအားလုံး ေနၾကာခင္းထဲပုန္းၾကပါတယ္။ စစ္သားေတြက တဲမွာက်န္ရစ္ခဲ့တဲ့အမ်ိဳးသားဆီမွာ ပုန္းေနတဲ့လူေတြကို ဖုန္းနဲ႔လွမ္းဆက္ၿပီးေခၚခိုင္းတာေၾကာင့္ျပန္လာၾကပါတယ္။

သားအမိသတ္ျဖတ္ခံရတဲ့ကိစၥနဲ႔ပတ္သက္ၿပီး ေဒသခံတစ္ဦးက “တဲထဲမွာတျခားလူေတြလည္းရွိရဲ႕သားနဲ႔ မိန္းမသား ၃ ဦးကို အတင္းေခၚေဆာင္သြားၾကတယ္။ သူတို႔ေနတဲ့ တဲကေန နည္းနည္းေဝးတဲ့ ေနာက္တဲတစ္ခုမွာေခၚသြားတာ။ ညေနပိုင္းေလာက္မွာ အဲ့ဒီတဲကေန ေသနတ္သံ ၃ ခ်က္ၾကားၿပီး သိပ္မၾကာဘူး။ တဲလည္းမီးေလာင္သြားတယ္။ ဒီမနက္မွာ ရြာသားေတြနဲ႔အတူသြားရွာၾကေတာ့ သူတို႔အဝတ္စေတြ မီးမေလာင္ႏိုင္တဲ့သူတို႔ပစၥည္းေတြ ေတြ႔တာေၾကာင့္ ဒီအေလာင္းက သူတို႔အေလာင္းပါလို႔ေျပာလို႔ရတာ။ ၿပီးေတာ့ သူတုိ႔ေျခေထာက္မွာ သံၾကိဳးနဲ႔လည္းခ်ီထားၾကတယ္။ ကိုယ္ေတြထင္တာကေတာ့ သူတို႔က အဓမၼျပဳက်င့္ခံရႏိုင္ေျခက ေတာ္ေတာ္မ်ားတယ္” လုိ႔ေျပာပါတယ္။

Nu Ngun Za Len (ေဒၚငြန္ဇာလဲန္) တို႔မိသားစုတြင္ သားေလး ၂ ေယာက္နဲ႔ အိမ္ေထာင္ဦးစီးသာက်န္ရစ္ခဲ့ပါတယ္။ ၄င္းတို႔အေလာင္းကို ဒီေန႔ ေဖေဖာ္ဝါရီ ၂၄ ရက္ ညေန ၄ နာရီတြင္ ေျမျမဳပ္သၿဂိဳလ္ၾကပါတယ္။

နောက်ဆုံးရသတင်းများ

ကလေးမြို့မှာ ဖုန်းအတွင်း VPN ဆော့ဝဲလ်တွေ့မှုနဲ့ ဒေသခံတွေကို စစ်ကောင်စီက ဒဏ်ရိုက်

၁၄၊ ဇွန်၊ ၂၀၂၄ Zalen စစ်ကိုင်းတိုင်း၊ ကလေးမြို့ ရပ်ကွက်တွေနဲ့ လမ်းဆုံလမ်းခွနေရာတွေမှာ ဇွန်လ ၁၃ ရက်နေ့က လမ်းသွားလမ်းလာတွေရဲ့ လက်ကိုင်ဖုန်းတွေကို စစ်ကောင်စီတပ်က စစ်ဆေးခဲ့ပြီး VPN (Virtual Private Network) ဆော့ဝဲလ်တွေ့ရှိလို့ ...

ဆက်ဖတ်ရန်