ဂန့်ဂေါတွင် အာဏာသိမ်းစစ်တပ်က ဗိုလ်အဆင့်အပါအဝင် ၁၁ ယောက် သေဆုံး

မကွေးတိုင်းဒေသကြီး၊ ဂန့်ဂေါမြို့နယ် မင်းရွာရဲစခန်းကနေ ဂန့်ဂေါမြို့ဘက်ကိုထွက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ် ကား ၅ စီးကို ယမန်နေ့ နိုဝင်ဘာ ၂၁ ရက် နေ့လည် ၁ နာရီဝန်းကျင်က YDF (ဂန်ဂေါ)နဲ့ ပူးပေါင်းအဖွဲ့က ခေါက်ခူရွာအနီးတွင် မိုင်း ၁၂ လုံးဖြင့် တိုက်ခိုက်ကြပါတယ်လို့ ယောကာကွယ်ရေးတပ် YDF လို့ထုတ်ပြန်ထားပါတယ်။

ယင်းမိုင်းက အာဏာသိမ်းစစ်ကောင်စီကား ဒုတိယ တစ်စီးနဲ့ တတိယတစ်စီး မိုင်းထိမှန်လို့ ဗိုလ်အဆင့်ရှိသူ တစ်ဦးအပါအဝင် ၁၁ ဦး သေဆုံးပြီး ၂၀ ကျော် ပြင်းထန်ဒဏ်ရာရရှိသွားပါတယ်။

အဲ့ဒီတိုက်ပွဲမှာ YDF (ဂန်ဂေါ)နဲ့ ပူးပေါင်းအဖွဲ့က ကပစ ထုတ်၊ MAကျည် 400 ကျော် ၊ ယူနီဖောင်း (၂ )စုံ၊ ကျည်ဘောက်၂ ခု၊ ဘေးအိတ် ၁ စုံ ၊ အပူချိန်တိုင်းစက် ၁ ခု၊ တီရှပ် ၁ ထည်၊ ဖိနပ် ၁ ရံ၊ ဓာတ်ပုံများကို သိမ်းဆည်းရမိခဲ့တယ်လို့ ကြေညာထားပါတယ်။

Zawgyi

Zalen ad





နောက်ဆုံးရသတင်းများ

အမေရိကန်တွင် မာစတာဘွဲ့တက်ရောက်ရန် Fulbright ပညာသင်ဆု လျှောက်လွှာများ စတင်ခေါ်ယူ

မတ် ၁၈၊ ၂၀၂၆Zalen အမေရိကန်မှာ မာစတာဘွဲ့ (Master’s Degree) တက်ရောက်လိုတဲ့ မြန်မာကျောင်းသားတွေအတွက် Fulbright Foreign Student Program (2027-2028) ပညာသင်ဆု လျှောက်လွှာတွေကို အမေရိကန်သံရုံးက စတင်ခေါ်ယူနေပြီ ဖြစ်ပါတယ်။ ဒီပညာသင်ဆုဟာ ...

ဆက်ဖတ်ရန်