ဂန့်ဂေါမြို့နယ်တွင် စစ်ကောင်စီတပ်က ရွာ ၅ ရွာကိုမီးရှို့ပြီး အရပ်သား ၇ ဦးသတ်ဖြတ်ဟုသိရ

မကွေးတိုင်း၊ ဂန့်ဂေါမြိုနယ်မှ ရွှေဘိုရွာ၊ သင်တောရွာ၊ မြင်သားရွာ၊ ရေသာရွာနဲ့ စန်းမြို့ကျေးရာက လူနေအိမ်တွေကို ဖေဖော်ဝါရီလ ၂၈ ရက်တွင် အာဏာသိမ်းစစ်ကောင်စီတပ်က မီးရှို့ပြီး အရပ်သား ၇ ဦးကို သတ်ဖြတ်ကြတယ်လို့ ဒေသခံတွေထံကသတင်းရရှိပါတယ်။

ဖေဖော်ဝါရီလ ၂၈ ရက်တွင် ရွှေဘိုရွာက လူနေအိမ် ၅ အိမ်လောက်၊ သင်တောရွာက လူနေအိမ်အများအပြား၊ ရေသာရွာ၊ စန်းမြို့ရွာနဲ့ ကုန်းရွာ (မြောက်)က လူနေအိမ် ၅၀ လောက်မီးရှို့ကြပါတယ်။ ပြီးတော့ ယနေ့ မတ်လ ၁ ရက်တွင် မြင်သားရွာနေအိမ် ၄ လုံးလောက်ထပ်မံမီးရှို့ကြပါတယ်။

ဂန့်ဂေါမြိုနယ်ကို စစ်ကောင်စီတပ်က လေယာဉ်ဖြင့် စစ်အင်အားချပြီးနောက် ယမန်နေ့မှ စ၍ အပြင်းအထန် စစ်ကြောင်း ထိုးနေခြင်း ဖြစ်ပါတယ်။

ယမန်နေ့က စစ်ကောင်စီတပ် သတ်ဖြတ်သွားသည့် ဒေသခံ ပြည်သူ ခုနစ်ဦး၏ ရုပ်အလောင်းများကို တွေ့ရှိ ထားပြီး အဆိုပါ ဒေသခံများမှာ ရေသာကျေးရွာနှင့် ရွှေဘို ကျေးရွာများမှ ဖြစ်တယ်လို့သိရတယ်။

Zawgyi

ဂန႔္ေဂါၿမိဳ႕နယ္တြင္ စစ္ေကာင္စီတပ္က ႐ြာ ၅ ႐ြာကိုမီးရႈိ႕ၿပီး အရပ္သား ၇ ဦးသတ္ျဖတ္ဟုသိရ

မေကြးတိုင္း၊ ဂန႔္ေဂါၿမိဳနယ္မွ ေ႐ႊဘို႐ြာ၊ သင္ေတာ႐ြာ၊ ျမင္သား႐ြာ၊ ေရသာ႐ြာနဲ႔ စန္းၿမိဳ႕ေက်းရာက လူေနအိမ္ေတြကို ေဖေဖာ္ဝါရီလ ၂၈ ရက္တြင္ အာဏာသိမ္းစစ္ေကာင္စီတပ္က မီးရႈိ႕ၿပီး အရပ္သား ၇ ဦးကို သတ္ျဖတ္ၾကတယ္လို႔ ေဒသခံေတြထံကသတင္းရရွိပါတယ္။

ေဖေဖာ္ဝါရီလ ၂၈ ရက္တြင္ ေ႐ႊဘို႐ြာက လူေနအိမ္ ၅ အိမ္ေလာက္၊ သင္ေတာ႐ြာက လူေနအိမ္အမ်ားအျပား၊ ေရသာ႐ြာ၊ စန္းၿမိဳ႕႐ြာနဲ႔ ကုန္း႐ြာ (ေျမာက္)က လူေနအိမ္ ၅၀ ေလာက္မီးရႈိ႕ၾကပါတယ္။ ၿပီးေတာ့ ယေန႔ မတ္လ ၁ ရက္တြင္ ျမင္သား႐ြာေနအိမ္ ၄ လုံးေလာက္ထပ္မံမီးရႈိ႕ၾကပါတယ္။

ဂန႔္ေဂါၿမိဳနယ္ကို စစ္ေကာင္စီတပ္က ေလယာဥ္ျဖင့္ စစ္အင္အားခ်ၿပီးေနာက္ ယမန္ေန႔မွ စ၍ အျပင္းအထန္ စစ္ေၾကာင္း ထိုးေနျခင္း ျဖစ္ပါတယ္။

ယမန္ေန႔က စစ္ေကာင္စီတပ္ သတ္ျဖတ္သြားသည့္ ေဒသခံ ျပည္သူ ခုနစ္ဦး၏ ႐ုပ္အေလာင္းမ်ားကို ေတြ႕ရွိ ထားၿပီး အဆိုပါ ေဒသခံမ်ားမွာ ေရသာေက်း႐ြာႏွင့္ ေ႐ႊဘို ေက်း႐ြာမ်ားမွ ျဖစ္တယ္လုိ႔သိရတယ္။

 

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်