ဂန့်ဂေါမှာစစ်ကောင်စီက ဦးဆောင်ပြီး ပြည်ထောင်စုနေ့အတွက် ဘောလုံးအားကစားပွဲ ကျင်းပ

ဇန်နဝါရီ ၂၈၊၂၀၂၆

Zalen

မကွေးတိုင်း ၊ ဂန့်ဂေါမြို့ပေါ်မှာ ဒီကနေ့ ဇန်နဝါရီလ ၂၈ ရက်နေ့ကစပြီး စစ်ကောင်စီ ဦးဆောင်မှုနဲ့ ပြည်ထောင်စုနေ့အထိမ်းအမှတ်အတွက် ဘောလုံးအားကစားပွဲ ကျင်းပ နေကြတယ်လို့သိရပါတယ်။

အဆိုပါ ပြိုင်ပွဲမှာတော့ အသင်း ၇ သင်း အထိ ပါ၀င်ကြတယ်လို့ သိရပြီး ဂန့်ဂေါမြို့ပေါ် က ရပ်ကွက် ၄ ခု ကို ၅ သင်း ဖွဲ့ထားပြီး ဌာနဆိုင်ရာပေါင်းစုံ ၊ ပြစ်မ စတဲ့အသင်းတွေပါ၀င်တယ်လို့ သိရပါတယ်။

Zalen ad

“ဒီကနေ့ ညနေပိုင်း ကစပြီး ကန်ကြတာ။မနေ့က ကွင်းဖွင့်ပွဲလုပ်ကြတယ်။ ဒီနေ့ ရုံးဌာနပေါင်းစုံ က ပြစ်မ ကို နိုင်တယ်လို့ကြားတယ်။ မနက်ဖြန်အမှတ်၁ (က)နဲ့ အမှတ် ၁(ခ)အသင်းတို့ ညနေပိုင်းမှာထပ်ကစားကြမှာဗျ”လို့ ဒေသခံ အမျိုးသားတစ်ဦးက Zalen ကိုပြောပါတယ်။

ဆက်လက်ပြီး ဒီပြိုင်ပွဲကိုတော့ ဇန်နဝါရီလ ၂၇ ရက်နေ့ကနေ ဖေဖော်ဝါရီလ ၉ ရက်နေ့အထိ ကစားကြမှာလို့ သူကဆက်ရှင်းပြပါတယ်။

ဒီပြိုင်ပွဲကိုတော့ ၂၀၂၆ခုနှစ်၊ ဖေဖော်ဝါရီလ ၁၂ ရက်မှာ ကျရောက်မယ့်  ၇၉ နှစ်မြောက် ပြည်ထောင်စုနေ့ အထိမ်းအမှတ် အတွက် ဂန့်ဂေါခရိုင် အားကစားနှင့်ကာယပညာ ကော်မတီ ဉက္ကဌ ၊ အမျိုးသားအလွတ်တန်းဘောလုံးပြိုင်ပွဲ လို့ သိရပါတယ်။

သတင်း – ယောနေ

ဓာတ်ပုံ – ပေးပို့

နောက်ဆုံးရသတင်းများ

စစ်ကောင်စီက မတူပီ ကို ဂျက်ဖိုက်တာ နှစ်စီး နဲ့ လေကြောင်းကနေ သုံးကြိမ် ဗုံးကြဲတိုက်ခိုက်

မတ် ၁၃၊၂၀၂၆ Zalen ချင်းပြည်နယ် ၊ မတူပီမြို့‌ကို စစ်ကောင်စီ လေတပ်က ဒီကနေ့ မတ်လ ၁၃ ရက် နေ့ မှာ ဂျက်ဖိုက်တာ ၂စီး နဲ့ လေကြောင်းက‌ေန ၃ ကြိမ် ...

ဆက်ဖတ်ရန်