ဂန့်ဂေါ-ရေဇွာလမ်းကို ပုံမှန်အတိုင်းပြန်လည်သွားလာနိုင်ပြီ

၃၁၊ မေလ၊ ၂၀၂၄

Zalen

ပြီးခဲ့တဲ့မေလ ၂၄ ရက်ညပိုင်းကနေစပြီး မိုးသည်းထန်စွာရွာသွန်းမှုကြောင့် မြေပြိုကာ လမ်းတွေပိတ်ထားတဲ့ ဂန့်ဂေါ-ရေဇွာလမ်းပိုင်း ကို ဒီကနေ့ မေလ ၃၁ ရက်ကစပြီး ပုံမှန်အတိုင်းပြန်လည် သွားလာနိုင်ပြီလို့သိရပါ တယ်။

“ဂန့်ဂေါ-ရေဇွာလမ်း ၄၆ မိုင်မြေပြိုနေရာကို ယနေ့ ၁ နာရီခွဲမှာ လမ်းပြန်ပွင့်သွားပါပြီဖြစ်ကြောင်း သတင်းကောင်းပါးလိုက်ပါတယ်။”လို့ လမ်းပြုပြင်ထိန်းသိမ်းရေးတာဝန်ခံ ဆလိုင်းသေမတ်စ်က အသိပေးထား ပါတယ်။.

အဲဒီမြေပြိုတဲ့ နေရာကို JCB နဲ့ ပြင်လို့မရတာကြောင့် Excavator နှစ်စီးခေါ်ကာ ပြုပြင်ခဲ့တာလို့သိရ ပါတယ်။မနေ့ မေလ ၃၀ ရက်နေ့မှာ လမ်းဖွင့်နိုင်ဖို့မျှော်လင့်ထားပေမယ့် Excavator တစ်စီးက ဒီမနက်ကမှ မြေပြိုတဲ့နေရာကို ရောက်လာကြောင့် ဒီကနေ့မှ ပြင်နိုင်တာလို့ သိရပါတယ်။

ဂန့်ဂေါ-ရေဇွာလမ်းပိုင်းက မတူပီနဲ့ ထန်တလန်မြို့နယ်ထဲက ကျေးရွာ တော်တော်များများကို ချိတ်ဆက်ပေး တဲ့ လမ်းမကြီးဖြစ်ပါတယ်။

သတင်း – Mickey

နောက်ဆုံးရသတင်းများ

အသက် ၄၅ နှစ်အောက် မာရာပြည်သူတိုင်းစစ်မှုထမ်းရမယ့်အဆိုကို MTC/MDF အတည်ပြု

၆ ၊ ဇွန်လ၊ ၂၀၂၅ Zalen ချင်းပြည်နယ်၊ မာရာနယ်မြေ အတွင်း အသက် ၁၈-၄၅ နှစ်ကြား မာရာပြည်သူများအားလုံး စစ်မှုထမ်းရမယ်ဆိုတဲ့ အချက်အပါအဝင် အဆိုပေါင်း ၂၀ ကိုအတည်ပြုနိုင်ခဲ့ကြောင်း Maraland Territorial Council ...

ဆက်ဖတ်ရန်