ချင်းပြည်နယ်၊ တီးတိန်မြို့နယ် ဟိန်ဇန်ရွာအလွန်မှာ အာဏာသိမ်းစစ်ကောင်စီတပ်တွေအထိနာတာကြောင့် ဂျက်လေယာဉ်ပါသုံးပြီး ယနေ့ နေ့လည် ၁၂ နာရီဝန်းကျင် နဲ့ ညနေ ၂ နာရီလောက်တွင် ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့ကို တိုက်ခိုက်သွားတယ်လို့သတင်းရရှိပါတယ်။
ဟိန်ဇိန်ရွာကနေ ကလေး-တီးတိန်လမ်းမအတိုင်း သိုင်းငင်းဘက်သို့တက်လာတဲ့ အာဏာသိမ်းစစ်ကောင်စီတပ်တွေကို ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေက လမ်းကွေ့များတဲ့နေရာကနေပစ်ခတ်လို့ အာဏာသိမ်းစစ်ကောင်စီတပ်တွေ အသေအပျောက်များနိုင်တယ်လို့ ဒေသခံရွာသားတွေထံကသိရတယ်။
ဒါကြောင့် ဂျက်လေယာဉ်တစ်စီးတက်လာပြီး ချင်းပြည်သူ့ကာကွယ်ရေးပူးပေါင်းတပ်ဖွဲ့တွေကို ပစ်ခတ်ခဲ့ပါတယ်။ ဒါပေမယ့် ခုတလော ချင်းတောင်မှာမိုးရွာတာကြောင့် မြူတွေဆိုင်းလို့ပြန်လှည့်သွားတယ်လို့သိရတယ်။
Zawgyi
ဂ်က္ေလယာဥ္သုံးၿပီး ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ကို ၂ ႀကိမ္တိုက္ခိုက္၊ ျမဴေတြဆိုင္းတာေၾကာင့္ ျပန္လွည့္ခဲ့ရ
ခ်င္းျပည္နယ္၊ တီးတိန္ၿမိဳ႕နယ္ ဟိန္ဇန္ရြာအလြန္မွာ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြအထိနာတာေၾကာင့္ ဂ်က္ေလယာဥ္ပါသုံးၿပီး ယေန႔ ေန႔လည္ ၁၂ နာရီဝန္းက်င္ နဲ႔ ညေန ၂ နာရီေလာက္တြင္ ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႕ကို တိုက္ခိုက္သြားတယ္လို႔သတင္းရရွိပါတယ္။
ဟိန္ဇိန္ရြာကေန ကေလး-တီးတိန္လမ္းမအတုိင္း သိုင္းငင္းဘက္သို႔တက္လာတဲ့ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြကို ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔ေတြက လမ္းေကြ႔မ်ားတဲ့ေနရာကေနပစ္ခတ္လုိ႔ အာဏာသိမ္းစစ္ေကာင္စီတပ္ေတြ အေသအေပ်ာက္မ်ားႏိုင္တယ္လုိ႔ ေဒသခံရြာသားေတြထံကသိရတယ္။
ဒါေၾကာင့္ ဂ်က္ေလယာဥ္တစ္စီးတက္လာၿပီး ခ်င္းျပည္သူ႔ကာကြယ္ေရးပူးေပါင္းတပ္ဖြဲ႔ေတြကို ပစ္ခတ္ခဲ့ပါတယ္။ ဒါေပမယ့္ ခုတေလာ ခ်င္းေတာင္မွာမိုးရြာတာေၾကာင့္ ျမဴေတြဆုိင္းလုိ႔ျပန္လွည့္သြားတယ္လုိ႔သိရတယ္။