ဂျပန်ရောက် ချင်းတိုင်းရင်းသားတွေက မြန်မာပြည်အတွက်အလှူကောက်ခံရာ ကျပ် ၄၅ သိန်းကျော်ရရှိ

Chin Youth Organization of Japan(CYO-Japan) ကဦးဆောင်ပြီး ဂျပန်နိုင်ငံ တိုကျိုမြို့ Kinshicho ဘူတာတွင် ဇူလိုင် ၂၄ ရက်တွင်မြန်မာပြည်အတွက် အလှူငွေကောက်ခံရာ ဂျပန်ယန်းငွေ ၃၂၄,၁၇၃ (ကျပ် ၄၅ သိန်းကျော်) ရရှိတယ်လို့သတင်းရရှိပါတယ်။

CYO-Japan က မြန်မာပြည်အတွက်မေတ္တာစေတနာထက်သွန်စွာပေးလှူခဲ့ကြသောခရီးသွားပြည်သူအယောက်တိုင်းအားအထူးပင်ကျေးဇူးတင်ရှိပါကြောင်းတင်ပြအပ်ပါသည်။ မအားလပ်သည့်ကြားမှအချိန်ပေးကာ နေပူမရှောင် နိုင်ငံအတွက် လုပ်အား ငွေအားဖြင့် အဖက်ဖက်မှ အားတက်သရော ပါဝင်ဆောင်ရွက်ပေးခဲ့ကြသော မြန်မာနိုင်ငံသူ/နိုင်ငံသား အယောက်စီတိုင်းအပေါ်၌လည်းအထူးပင် ကျေးဇူးတင်ရှိပါကြောင်း မှတ်တမ်းတင်ဂုဏ်ပြုအပ်ပါသည်။ ကောက်ခံရရှိထားသောအလှူငွေ ဂျပန်ယန်း ၃၂၄,၁၇၃/- အား CYO-Japan မှ တာဝန်ယူ၍ မြန်မာပြည်သို့ပေးပို့သွားမည်ဖြစ်ကြောင်း ဂတိပြုအပ်ပါသည်လို့ဖော်ပြထားပါတယ်။

ဇွန်လ ၂၆ ရက်တွင်လည်း CYO-Japan နဲ့ Chin Community of Japan တို့ပူးပေါင်းပြီး အလှူငွေကောက်ခံရာ မြန်မာငွေ ၃၂ သိန်း ရရှိပါတယ်။

(Zawgyi)
ဂ်ပန္ေရာက္ ခ်င္းတုိင္းရင္းသားေတြက ျမန္မာျပည္အတြက္အလွဴေကာက္ခံရာ က်ပ္ ၄၅ သိန္းေက်ာ္ရရွိ

Chin Youth Organization of Japan(CYO-Japan) ကဦးေဆာင္ၿပီး ဂ်ပန္ႏိုင္ငံ တိုက်ိဳၿမိဳ႕ Kinshicho ဘူတာတြင္ ဇူလုိင္ ၂၄ ရက္တြင္ျမန္မာျပည္အတြက္ အလွဴေငြေကာက္ခံရာ ဂ်ပန္ယန္းေငြ ၃၂၄,၁၇၃ (က်ပ္ ၄၅ သိန္းေက်ာ္) ရရွိတယ္လုိ႔သတင္းရရွိပါတယ္။

CYO-Japan က ျမန္မာျပည္အတြက္ေမတၱာေစတနာထက္သြန္စြာေပးလႉခဲ့ၾကေသာခရီးသြားျပည္သူအေယာက္တိုင္းအားအထူးပင္ေက်းဇူးတင္ရွိပါေၾကာင္းတင္ျပအပ္ပါသည္။ မအားလပ္သည့္ၾကားမွအခ်ိန္ေပးကာ ေနပူမေရွာင္ ႏိုင္ငံအတြက္ လုပ္အား ေငြအားျဖင့္ အဖက္ဖက္မွ အားတက္သေရာ ပါဝင္ေဆာင္႐ြက္ေပးခဲ့ၾကေသာ ျမန္မာႏိုင္ငံသူ/ႏိုင္ငံသား အေယာက္စီတိုင္းအေပၚ၌လည္းအထူးပင္ ေက်းဇူးတင္ရွိပါေၾကာင္း မွတ္တမ္းတင္ဂုဏ္ျပဳအပ္ပါသည္။ ေကာက္ခံရရွိထားေသာအလႉေငြ ဂ်ပန္ယန္း ၃၂၄,၁၇၃/- အား CYO-Japan မွ တာဝန္ယူ၍ ျမန္မာျပည္သို႔ေပးပို႔သြားမည္ျဖစ္ေၾကာင္း ဂတိျပဳအပ္ပါသည္လို႔ေဖာ္ျပထားပါတယ္။

ဇြန္လ ၂၆ ရက္တြင္လည္း CYO-Japan နဲ႔ Chin Community of Japan တို႔ပူးေပါင္းၿပီး အလွဴေငြေကာက္ခံရာ ျမန္မာေငြ ၃၂ သိန္း ရရွိပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်