ငလျင်ကြောင့် တူရကီနှင့် ဆီးရီးယားတွင် သေဆုံးသူပေါင်း ၃၅၀၀၀ အထိရှိလာ

ပြီးခဲ့တဲ့အပတ် တူရကီနှင့် ဆီးရီးယားတွင် လှုပ်ခတ်ခဲ့သော ငလျင်ကြောင့် လက်ရှိအချိန်အထိ သေဆုံးသူပေါင်း ၃၅၀၀၀ ခန့်ရှိလာပြီဖြစ်ကြောင်း သိရပါတယ်။ ကယ်ဆယ်ရေးသမားများဟာ အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေနေကြပြီး ကူညီထောက်ပံ့မှုကလည်း အိုးအိမ်မဲ့ ရုတ်တရက်ဖြစ်သွားသော ထောင်ပေါင်းများစွာသောလူများကို အာရုံစိုက် ကူညီနေရပါတယ်။

အတည်ပြုထားသော သေဆုံးမှူစာရင်းကတော့ ၃၅၂၂၄ ဦးဖြစ်ပြီး တာဝန်ရှိသူများ၏ ပြောဆိုချက်အရ တူရကီနိုင်ငံတွင် သေဆုံးသူပေါင်း ၃၁၆၄၃ ဦးရှိပြီး ဆီးရီးယားမှာတော့ သေဆုံးသူပေါင်း ၃၅၈၁ ဦးရှိပြီဖြစ်ကြောင်း ဆိုပါတယ်။ ဒါဟာ ၂၁ ရာစုတွင် ပဉ္စမမြောက် အဆိုးရွားဆုံးသော ငလျင်တစ်ခုဖြစ်ပါတယ်။

ကုလသမဂ္ဂကတော့ စစ်ပွဲများကြောင့်ပျက်စီးသွားသော ဆီးရီးယားနိုင်ငံတွင် အကူအညီများ အရေးပေါ်လိုအပ်နေကြောင်း နှင့် သေဆုံးမှုဟာ လက်ရှိ အရေအတွက်ထက် ပိုမိုမြင့်မားလာနိုင်သေးကြောင်း၊ အသက်ရှင်ကျန်ရစ်သူများကို ဆက်လက်ရှာဖွေတွေ့ရှိနိုင်ရန် မျှော်လင့်ထားကြောင်း ပြောပါတယ်။

ငလျင်ဗဟိုပြုလှုပ်ခတ်ခဲ့သော ကာရာမန်မာရတ်စ်မှာတော့ တဲပေါင်း ၃၀၀၀၀ ကျော်ကို ထားပြီး လူပေါင်း ၄၈၀၀၀ ကျော်ကို လည်းကျောင်းများတွင် ပြုစုပေးနေပြီး နောက်ထပ် ၁၁၅၀၀ ခန့်ကို အားကစားရုံများတွင် ပြုစုပေးထားပါတယ်။

တူရကီသမ္မတ၏ တနင်္ဂနွေနေ့တွင် ပြောကြာချက်အရ အဆောက်အဦးပေါင်း ၁၀၈၀၀၀ ကျော် ပျက်စီးခဲ့ပြီး ကျောင်းသားများနေထိုင်သော နေရာများတွင် လူပေါင်း ၁.၂ သန်းကို ထားကြောင်း ၊ နောက်ထပ် ၄၀၀၀၀၀ ကျော်ကိုလည်း ထိခိုက်ပျက်စီးသွားသော နေရာကနေ ကယ်ထုတ်ခဲ့ပြီဖြစ်ကြောင်း ပြောပါတယ်။

သို့သော်လည်း ကူညီမှုများဟာ ဆီးရီးယားနိုင်ငံမှာတော့ နှေးကွေးနေပြီး နှစ်ပေါင်းများစွာက ပဋိပက္ခကြောင့် ကျန်းမာရေးစောင့်ရှောက်မှု စနစ်လည်း ပျက်စီးသွားစေခဲ့ပြီး ဆီးရီးယားနိုင်ငံတစ်ချို့ဟာလည်း လက်နက်ကိုင်များ၏ ထိန်းချုပ်မှုအောက်တွင်ရှိနေပြီး ဆီးရီးယားသမ္မတ ဘာဆာအဲလ်အာဆပ်ဟာ အနောက်နိုင်ငံများရဲ့ ပိတ်ဆို့အရေးယူခံနေရသူတစ်ယောက်လည်းဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်