စစ်ကောင်စီက ပလက်ဝမြို့နယ်ဒေသခံတွေကို လိမ်လည်လှည့်ဖျားပြီး တပ်သားအသစ် စုဆောင်းနေ

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် စစ်ကောင်စီနယ်မြေခံတပ်ရင်း၊ ရဲစခန်းများက လူငယ်များအား နည်းလမ်းအမျိုးမျိုးဖြစ် လိမ်လည်ကာ တပ်သားသစ် စုဆောင်းမူပြုလုပ်လာသည်ဟု သိရှိရသည်။

တပ်သားသစ်စုဆောင်းခံထားရသည့် လူငယ်တစ်ဦးထံက “ကျွန်တော်တို့ရွှာမှာ စခန်းထိုင်တဲ့ ဗိုလ်ကြီးတစ်ယောက်က ရွာမှာ တောင်ယာသွားလိုက် လာလိုက်နဲ့ ငယ်ငယ်ရွယ်ရွယ် ဒီအတိုင်း နေသွားတော့မှာလာတဲ့၊ အလုပ်ရှာပေးရမလားလို့ပြောတယ်။  ဘာအလုပ်လဲမေးတော့ အစိုးရအလုပ်တဲ့၊ ကျန်းမာရေး၊ ဆောက်လုပ်ရေး၊ ယာဉ်မောင်းတွေတဲ့၊ ကိုယ်ကြိုက်တဲ့ အလုပ်ရွေး လုပ်လို့ရတယ်တဲ့၊ သင်တန်း တက်ရမယ်လို့လဲပြောတယ်”ဟု ဆိုပါသည်။

စစ်ကောင်စီက တပ်သားသစ် စုဆောင်းရာတွင် အသက် (၁၈) နှစ် မှ (၃၀)နှစ်ကြားရှိ လူငယ်များအား အစိုးရဝန်းထမ်းအဖြစ် ကျန်းမာရေးဝန်ထမ်း၊ ဆောက်လုပ်ရေးဝန်ထမ်းနှင့် ယာဉ်မောင်းဝန်ထမ်းများ စသည့်နေရာများတွင် လုပ်ကိုင်ရန်အတွက် အခြေခံပညာ အလယ်တန်းအဆင့်ကနဲ့ တက္ကသိုလ်ဘွဲ့ရထိ လျှောက်ထားနိုင်သည်ဟုဆိုကာ စည်းရုံးလျက်ရှိကြောင့် သိရှိရသည်။

ထို့အပြင် မေလ (၂၉)ရက်နေ့တွင် ပလက်ဝမြို့သို့ ရောက်ရှိလာသည့် စစ်ကောင်စီ ကာကွယ်ရေးဦးစီးချုပ်(ကြည်း)မှ ဒုဗိုလ်ချုပ်ကြီး ဖုန်းမြတ်က ပလက်ဝနယ်မြေခံတပ်ရင်း ခလရ(၂၈၉) ရှိ စစ်သည်၊ အရာရှိတို့ တွေ့ဆုံစဉ်က တပ်သားသစ်များ စုဆောင်း‌ပေးရန်၊ တပ်သားသစ်တစ်ယောက် ရှာနိုင်လျှင် မြန်မာငွေ ဆယ်သိန်းပေးမည်၊ ဆယ်တန်းအောင်၊ ဘွဲ့ရ တပ်သားသစ် တစ်ယောက်ရှာနိုင်လျှင် သိန်း (၂၀) ပေးမည်ဟု ပြောကြားခဲ့ကြောင်း သိရှိရသည်။

နောက်ဆုံးရသတင်းများ

တော်လှန်ရေး ၄ နှစ်ပြည့်အထိန်းအမှတ်အဖြစ် မတူပီမြို့နယ် CDM ကော်မတီမှ အချက် ၃ ချက်ပါသဘောထား ထုတ်ပြန်

၇၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးပြီး မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် မတူပီမြို့နယ် CDM ကော်မတီက အချက် ၃ ချက်ပါ သဘောထားကို ဒီကနေ့ထုတ်ပြန်ထားပါတယ်။ ...

ဆက်ဖတ်ရန်