စစ်ကောင်စီတပ်က PDF(Kalay)တပ်ရင်း(၃)စခန်းကိုဝင်သိမ်းပြီး လက်နက်အများအပြား သိမ်းဆည်းဟုဆို

ကလေးမြိုနယ်၊ အနောက်မြောက်ဘက်မှာရှိတဲ့ PDF(Kalay)တပ်ရင်း(၃)စခန်းကို စစ်ကောင်စီတပ်က ဧပြီ ၁၂ ရက် မနက်ပိုင်းက ဝင်ရောက်သိမ်းပိုက်ကြတယ်လို့သတင်းရရှိပါတယ်။

စစ်ကောင်စီတပ်သားတွေဟာ ကလေးမြို့ ၉ မိုင်ဘက်ကနေ ချင်းပြည်နယ် တီးတိန်မြို့နယ် တောင်ပေါ်ကိုခြေလျင်နဲ့တက်သွားပြီး အနောက်ဘက်ကနေ စခန်းကိုဝင်သိမ်းကြတာဖြစ်ပါတယ်။ စစ်ကောင်စီစစ်ကြောင်းနဲ့တွေ့ဆုံတဲ့ နွားနောက်ရှာနေတဲ့ ချင်းတိုင်းရင်းသား ၂ ဦးကိုလည်း တစ်ညကြာဖမ်းဆီးခြိမ်းခြောက်ကာ ပြန်လွှတ်လိုက်တယ်လို့သိရတယ်။

စစ်ကောင်စီတပ်က PDF(Kalay)တပ်ရင်း(၃)စခန်းထဲမှာ ၁ လုံးထိုးခါးချိုးသေနတ် ၁၁ လက်၊ ၂ လက်မစိန်ပြောင်း ၁ လက်၊ စိန်ပြောင်းဗုံးသီး ၅ လုံး၊ RPG ဗုံးသီး ၄ လုံး၊ ၁၂ ဗိုကျဉ် ၂၇၀၀ တောင့်၊ AK-47 ကျည် ၅၀ တောင့်၊ လက်လုပ်မိုင်း ၂၅ လုံး၊ လက်လုပ် လက်ပစ်ဗုံး ၈ လုံး၊ လျှပ်စစ်ဒီတိုနေတာ ၂၀ ခု၊ မီးစက်အကြီး ၁ လုံး၊ အိုင်ကွန် ၁ လုံး၊ တဲမျိုးစုံ ၂၂ လုံး၊ လင့်စင် ၁ ခုနှင့် လက်လုပ်မိုင်းပြုလုပ်သည့်သံတိုသံစ(ပီနံအိတ်) ၂ လုံး တိုအား သိမ်းဆည်းရမိတယ်လို့ စစ်ကောင်စီသတင်းကဖော်ပြထားပါတယ်။

သိမ်းဆည်းရမိတဲ့ လက်နက်နဲ့ ကျည်ဆံတွေဟာ ကျပ်သိန်း ၁၀၀ ကျော်တန်ဖိုးရှိတဲ့ ပစ္စည်းဖြစ်ပါတယ်။ ဒါ့ပြင် စခန်းထဲက ရိက္ခာတွေနဲ့ အဝတ်အစားတွေလည်းပါပြီး အားလုံးကို စစ်ကောင်စီတပ်က မီးရှို့ဖျက်ဆီးကြတယ်လို့သိရတယ်။

စခန်းသိမ်းတိုက်ပွဲမှာ PDF(Kalay) က တစ်ဦးကျဆုံးပြီး တစ်ဦးအဖမ်းခံရတယ်လို့လည်းသိရတယ်။

Zawgyi

စစ္ေကာင္စီတပ္က PDF(Kalay)တပ္ရင္း(၃)စခန္းကိုဝင္သိမ္းၿပီး လက္နက္အမ်ားအျပား သိမ္းဆည္းဟုဆို

ကေလးၿမိဳနယ္၊ အေနာက္ေျမာက္ဘက္မွာရွိတဲ့ PDF(Kalay)တပ္ရင္း(၃)စခန္းကို စစ္ေကာင္စီတပ္က ဧၿပီ ၁၂ ရက္ မနက္ပိုင္းက ဝင္ေရာက္သိမ္းပိုက္ၾကတယ္လုိ႔သတင္းရရွိပါတယ္။

စစ္ေကာင္စီတပ္သားေတြဟာ ကေလးၿမိဳ႕ ၉ မိုင္ဘက္ကေန ခ်င္းျပည္နယ္ တီးတိန္ၿမိဳ႕နယ္ ေတာင္ေပၚကိုေျခလ်င္နဲ႔တက္သြားၿပီး အေနာက္ဘက္ကေန စခန္းကိုဝင္သိမ္းၾကတာျဖစ္ပါတယ္။ စစ္ေကာင္စီစစ္ေၾကာင္းနဲ႔ေတြ႔ဆံုတဲ့ ႏြားေနာက္ရွာေနတဲ့ ခ်င္းတုိင္းရင္းသား ၂ ဦးကိုလည္း တစ္ညၾကာဖမ္းဆီးျခိမ္းေျခာက္ကာ ျပန္လႊတ္လိုက္တယ္လုိ႔သိရတယ္။

စစ္ေကာင္စီတပ္က PDF(Kalay)တပ္ရင္း(၃)စခန္းထဲမွာ ၁ လုံးထိုးခါးခ်ိဳးေသနတ္ ၁၁ လက္၊ ၂ လက္မစိန္ေျပာင္း ၁ လက္၊ စိန္ေျပာင္းဗုံးသီး ၅ လုံး၊ RPG ဗုံးသီး ၄ လုံး၊ ၁၂ ဗိုက်ဥ္ ၂၇၀၀ ေတာင့္၊ AK-47 က်ည္ ၅၀ ေတာင့္၊ လက္လုပ္မိုင္း ၂၅ လုံး၊ လက္လုပ္ လက္ပစ္ဗုံး ၈ လုံး၊ လွ်ပ္စစ္ဒီတိုေနတာ ၂၀ ခု၊ မီးစက္အႀကီး ၁ လုံး၊ အိုင္ကြန္ ၁ လုံး၊ တဲမ်ိဳးစုံ ၂၂ လုံး၊ လင့္စင္ ၁ ခုႏွင့္ လက္လုပ္မိုင္းျပဳလုပ္သည့္သံတိုသံစ(ပီနံအိတ္) ၂ လုံး တိုအား သိမ္းဆည္းရမိတယ္လုိ႔ စစ္ေကာင္စီသတင္းကေဖာ္ျပထားပါတယ္။

သိမ္းဆည္းရမိတဲ့ လက္နက္နဲ႔ က်ည္ဆံေတြဟာ က်ပ္သိန္း ၁၀၀ ေက်ာ္တန္ဖိုးရွိတဲ့ ပစၥည္းျဖစ္ပါတယ္။ ဒါ့ျပင္ စခန္းထဲက ရိကၡာေတြနဲ႔ အဝတ္အစားေတြလည္းပါၿပီး အားလံုးကို စစ္ေကာင္စီတပ္က မီးရိႈ႕ဖ်က္ဆီးၾကတယ္လုိ႔သိရတယ္။

စခန္းသိမ္းတိုက္ပြဲမွာ PDF(Kalay) က တစ္ဦးက်ဆံုးၿပီး တစ္ဦးအဖမ္းခံရတယ္လုိ႔လည္းသိရတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်