စစ်ကောင်စီတပ်ပစ်လို့ ထန်တလန်မြို့မိမြို့ဖတစ်ဦး ကွယ်လွန်၊ ကြံ့ခိုင်ရေးအမတ်လောင်းဟောင်း တစ်ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ထန်တလန်မြို့ထဲသို့ ဟားခါးဘက်မှဝင်လာတဲ့ ကားတစ်စီးကို အာဏာသိမ်းစစ်ကောင်စီတပ်တွေက ပစ်ခတ်ရာ ထန်တလန်မြို့မိမြို့ဖ ဦးရာလ်သူး (၇၅ နှစ်) ကွယ်လွန်သွားတယ်လို့သတင်းရရှိပါတယ်။

အခင်းဖြစ်ပွားချိန်ကတော့ ယနေ့ စက်တင်ဘာ ၂၉ ရက် ညနေ ၆ နာရီခွဲအချိန်တွင်ဖြစ်ပြီး ယင်းကားပေါ်မှာလိုက်ပါလာတဲ့ ၂၀၂၀ အထွေထွေရွေးကောက်ပွဲမှာ ဒုသမ္မတ ဦးဟင်နရီဗန်ထီယိုနဲ့ယှဉ်ပြိုင်တဲ့ ကြံ့ခိုင်ရေးပါတီဘက် ကိုယ်စားလှယ်ဟောင်း ဦးဇိုပဲန်ရဲ့ ဦးခေါင်းတွင် သေနတ်ဒဏ်ရာရရှိသွားပါတယ်။
၄င်းတို့နဲ့အတူ ကားစီးလာတဲ့ အခြား ၃ ဦးကတော့ ထိခိုက်ဒဏ်ရာမရရှိခဲ့ပါ။

ဦးရာလ်သူဟာ ပြည်သူ့ကောင်စီခေတ်တွင် ထန်တလန်မြို့နယ်မှာ တရားသူကြီးတာဝန်ထမ်းဆောင်ခဲ့ပြီး အခုချိန်ထိ ထန်တလန်မြို့တွင် အများကြည်ညိုလေးစားရတဲ့ မြို့မိမြို့ဖတစ်ဦးဖြစ်ပါတယ်။

Zawgyi

Zalen ad

စစ္ေကာင္စီတပ္ပစ္လုိ႔ ထန္တလန္ၿမိဳ႕မိၿမိဳ႕ဖတစ္ဦး ကြယ္လြန္၊ ၾကံ႕ခုိင္ေရးအမတ္ေလာင္းေဟာင္း တစ္ဦးဒဏ္ရာရ

ခ်င္းျပည္နယ္၊ ထန္တလန္ၿမိဳ႕ထဲသို႔ ဟားခါးဘက္မွဝင္လာတဲ့ ကားတစ္စီးကို အာဏာသိမ္းစစ္ေကာင္စီတပ္ေတြက ပစ္ခတ္ရာ ထန္တလန္ၿမိဳ႕မိၿမိဳ႕ဖ ဦးရာလ္သူး (၇၅ ႏွစ္) ကြယ္လြန္သြားတယ္လုိ႔သတင္းရရွိပါတယ္။

အခင္းျဖစ္ပြားခ်ိန္ကေတာ့ ယေန႔ စက္တင္ဘာ ၂၉ ရက္ ညေန ၆ နာရီခြဲအခ်ိန္တြင္ျဖစ္ၿပီး ယင္းကားေပၚမွာလုိက္ပါလာတဲ့ ၂၀၂၀ အေထြေထြေရြးေကာက္ပြဲမွာ ဒုသမၼတ ဦးဟင္နရီဗန္ထီယိုနဲ႔ယွဥ္ျပိဳင္တဲ့ ၾကံ႕ခုိင္ေရးပါတီဘက္ ကိုယ္စားလွယ္ေဟာင္း ဦးဇိုပဲန္ရဲ႕ ဦးေခါင္းတြင္ ေသနတ္ဒဏ္ရာရရွိသြားပါတယ္။

၄င္းတို႔နဲ႔အတူ ကားစီးလာတဲ့ အျခား ၃ ဦးကေတာ့ ထိခိုက္ဒဏ္ရာမရရွိခဲ့ပါ။

ဦးရာလ္သူဟာ ျပည္သူ႔ေကာင္စီေခတ္တြင္ ထန္တလန္ၿမိဳ႕နယ္မွာ တရားသူၾကီးတာဝန္ထမ္းေဆာင္ခဲ့ၿပီး အခုခ်ိန္ထိ ထန္တလန္ၿမိဳ႕တြင္ အမ်ားၾကည္ညိဳေလးစားရတဲ့ ၿမိဳ႕မိၿမိဳ႕ဖတစ္ဦးျဖစ္ပါတယ္။

နောက်ဆုံးရသတင်းများ

အပြစ်မဲ့အရပ်သားပြည်သူတွေအပေါ် ဗုံးကြဲတိုက်ခိုက်နေတဲ့ စစ်ကောင်စီရဲ့ ဝင်ငွေဖြတ်တောက်ရေး Brave Burma Act ဥပဒေမူကြမ်း အမေရိကန် အောက်လွှတ်တော်မှာ အတည်ပြု

ဖေဖော်ဝါရီ ၁၁၊ ၂၀၂၆။ Zalen မြန်မာစစ်ကောင်စီရဲ့  အရပ်သားပြည်သူတွေအပေါ်  စစ်လေယာဥ်သုံး ဗုံးကြဲတိုက်ခိုက်နေတာတွေနဲ့ စစ်အုပ်စုရဲ့ ငွေကြေးစီးဆင်းမှုတွေကို အဆုံးသတ်နိုင်မယ့် Brave Burma Act (H.R. 3190) ဥပဒေမူကြမ်းကို အမေရိကန်အောက်လွှတ်တော်က ဖေဖော်ဝါရီ ၁၀ ...

ဆက်ဖတ်ရန်