စစ်ကောင်စီတပ်သားတစ်ဦး လက်နက်နဲ့အတူ CDF-မတူပီထံအလင်းလာပြီး မိခင်ဖြစ်သူနဲ့ညီမပါ ခေါ်ဆောင်လာ

၂၊ ဖေဖော်ဝါရီ ၊ ၂၀၂၄

Zalen

ချင်းပြည်နယ် ၊ မတူပီမြို့အခြေစိုက် ခရလ – ၁၄၀ မှ တပ်သားတစ်ဦး လက်နက်နဲ့အလင်းဝင်လာပြီး မိခင်ဖြစ်သူနဲ့ညီမ ပါ ခေါ်ဆောင်လာတယ်လို့ဖေဖော်ဝါရီ ၂ ရက်နေ့က CDF-မတူပီတပ်ရင်း -၂ ထံမှသိရပါတယ်။

ဇန်နဝါရီလ ၂၉ ရက်နေ့တွင် ခလရ-၁၄၀ တွင် ဆက်သွယ်ရေးတာဝန်ထမ်းဆောင်နေတဲ့ တပ်သားမျိုးချစ်အောင် ဆိုသူဟာ MA 3 သေနတ် နဲ့အတူ မိခင်ဖြစ်သူ နဲ့ အသက် ၁၄နှစ်အရွယ်ညီမဖြစ်သူ တို့ CDF-မတူပီ တပ်ရင်း ၂ ထံခိုလှုံအလင်းဝင်လာတယ်လို့သိရပါတယ်။

Zalen ad

မျိုးချစ်အောင် ဟာ ခလရ-၁၄၀ တွင် လုပ်သက် ၆ နှစ်အထိ တာဝန်ထမ်းဆောင်လာပြီး စစ်အာဏာရှင် မလိုသောကြောင့် လက်နက်နဲ့အလင်းဝင်လာပြီး CDF-မတူပီ တပ်ရင်း ၂ မှ ထိုက်ထိုက်တန်တန်ဆုချီးမြှင့်ပေးပြီး လုံခြုံတဲ့နေရာပို့ဆောင်ထားတယ်လို့သိရပါတယ်။

သတင်း – သမိုင်းသစ်

နောက်ဆုံးရသတင်းများ

Depo တားဆေးနဲ့ ပတ်သက်ပြီး သတိပေးချက်အသစ်များ ထွက်လာ

ဖေဖော်ဝါရီ ၁၄၊ ၂၀၂၆ Zalen သုံးလတကြိမ် အသုံးပြုကြတဲ့ ကိုယ်ဝန်ကာကွယ်ဆေး Depo-Provera နဲ့ ပတ်သက်ပြီး ဦးနှောက်အကျိတ်တမျိုးဖြစ်သော meningioma ဖြစ်နိုင်ခြေ ရှိနိုင်ကြောင်း နိုင်ငံတကာ သတင်းများတွင် ဖော်ပြထားပါတယ်။ ထုတ်လုပ်သူ Pfizerရဲ့ ဆေးအမှတ်တံဆိပ်စာရွက် ...

ဆက်ဖတ်ရန်