စစ်ကောင်စီတပ် ဒုတပ်ကြပ်တစ်ဦး လက်နက်အပြည့်အစုံနဲ့ CDF -Matupi ထံအလင်းဝင်

ချင်းပြည်နယ်၊ မတူပီအခြေစိုက် ခမရ (၃၀၄) တပ်ရင်းမှ ဒုတပ်ကြပ်ဆန်းလင်းထွေး ( ကိုယ်ပိုင်အမှတ် တ/၁၂၇၈၈)ဟာ CDF -Matupi တပ်ရင်း ၄ ထံသို့ ဖေဖော်ဝါရီလ ၃ ရက်က လက်နက်အပြည့်အစုံယူဆောင်လာပြီး အလင်းဝင်ရောက်ခဲ့တယ်လို့ သိရပါတယ်။

အလင်းဝင်လာတဲ့ ဆန်းလင်းထွေးကို CDF-Matupi တပ်ဖွဲ့က လွတ်မြောက်နယ်မြေသို့ ပို့ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း CDF-Matupi တပ်ရင်း(၄)က ထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ရက်ပိုင်းကလည်း ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်၊ သံထောင်ကျေးရွာရှိ စစ်ကောင်စီတပ်မ (၅၅)မှ တပ်သား ဖိုးဖြူနဲ့ ရဲရင့်သူတို့နှစ်ဦးဟာ အာဏာသိမ်း စစ်ကောင်စီလက်အောက်မှာတာဝန်မထမ်းဆောင်လိုတဲ့အတွက် CDF-Daai ထံသို့ အလင်းဝင်ခဲ့ကြတယ်။

Zalen ad

Zawgyi





နောက်ဆုံးရသတင်းများ

စစ်ခေါင်းဆောင်က ၁၅ နှစ်တာ တပ်ချုပ်သက်တမ်းကို ပြန်သုံးသပ်ပြီး ဒု-တပ်ချုပ်ကို ကျေးဇူးတင်စကားဆို

မတ် ၁၄၊ ၂၀၂၆ Zalen အာဏာသိမ်း စစ်ခေါင်းဆောင်ဟာ မတ်လ ၁၃ ရက် မနေ့က နေပြည်တော်မှာ ပြုလုပ်ခဲ့တဲ့ တပ်ပိုင်းဆိုင်ရာ ထိပ်သီးတွေ့ဆုံပွဲမှာ စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်က သူ တပ်ချုပ်တာဝန်ယူခဲ့တဲ့ ၁၅ ...

ဆက်ဖတ်ရန်