စစ်ကောင်စီယာဉ်တန်းကို CDF-Matupi တိုက်ခိုက်ရာ စစ်ကောင်စီတပ် ၈ ဦးသေဆုံးဟုဆို

ချင်းပြည်နယ်၊ မတူပီမြို့ကနေ မင်းတပ်ဘက်သို့ထွက်ခွာလာတဲ့ အာဏာသိမ်းစစ်ကောင်စီယာဉ်တန်းကို CDF-Matupi တပ်က ယနေ့ ဧပြီ ၂၇ ရက် ညနေ ၄ နာရီခွဲလောက်က တိုက်ခိုက်ရာ စစ်ကောင်စီ ၈ ဦးသေဆုံး ပြီး ၇ ဦးဒဏ်ရာရရှိတယ်လို့ CDF-Matupi တပ်ရင်း -၁ က ထုတ်ပြန်ထားပါတယ်။

စစ်ကောင်စီတပ်ဟာ မတူပီမြို့ကနေ ဒီမနက်က သံချပ်ကာ ၂ စီး နဲ့အတူ စစ်ကား ၇၃ စီးနဲ့ မင်းတပ်ဘက်သို့ထွက်ခွာလာကြပါတယ်။

ယနေ့ည ခြမ်းပြန်းရွာဟောင်းတွင် ညအိပ်စခန်းချရပ်နားကြတယ်လို့သိရပါတယ်။

Zawgyi





နောက်ဆုံးရသတင်းများ

အိန္ဒိယဗဟိုအစိုးရက ပလက်ဝနဲ့ စစ်တွေအထိလျှပ်စစ်မီးပေးဖို့ဆန္ဒရှိနေ

၁၄၊ စက်တင်ဘာလ၊ ၂၀၂၄ Zalen အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် စစ်တွေအထိ လျှပ်စစ်ဓာတ်အား ပေးဖို့ဆန္ဒရှိနေပြီး မီဇိုရမ်ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ပေးရန်ဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်။။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းရေးမှူး ...

ဆက်ဖတ်ရန်