စစ်ကောင်စီရဲ့ ပစ်ခတ်မှုကြောင့် ကန်ပလက်တွင် အသက်ကြီးပိုင်း ၃ ဦး ပြင်းထန်စွာ ဒဏ်ရာရရှိ

ချင်းပြည်နယ်၊ ကန်ပလက်မြို့နယ်တွင် ဒီဇင်ဘာလ ၁၀ ရက် နေ့လည်ပိုင်းတွင် စစ်ကောင်စီတပ်သားများ၏ လက်နက်ငယ်ဖြင့် စစ်ဘေးရှောင်များ ရှိရာနေကို ရမ်းသမ်းပစ်ခတ်မှုကြောင့် စစ်ဘေးရှောင် အသက်ကြီးပိုင်း ၃ ဦးဟာ ဒဏ်ရာပြင်းထန်စွာ ရရှိခဲ့ကြောင်း ကန်ပလက်မြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

“ဖြစ်စဉ်ကတော့ သူလို့ မကွေးဘက်ကနေ ကျွန်တော်တို့ဘက်ကို စစ်ကြောင်းလာထိုးတာ။ ဒါကို ကျွန်တော်တို့က ကြိုတင်စောင့်ခဲ့တာကို သတင်းရလို့ သူတို့ ချက်ချင်း ပြန်ဆုတ်သွားရင်း ဒီလို လက်နက်ငယ်များဖြင့် စစ်ဘေးရှောင်တွေရှိတဲ့နေရာကို သူတို့ ပစ်တာ။ အသက်ကြီးပိုင်း အမျိုးသမီး ၂ ဦးနှင့် အမျိုးသား ၁ ဦး ဒဏ်ရာ ပြင်းထန်စွာ ရရှိခဲ့တယ်” လို့ CDF-Kanpetlet တာဝန်ရှိသူတစ်ဦးက ပြောပါတယ်။

ဒဏ်ရာ ရရှိခဲ့သော အသက်ကြီးပိုင်း ၃ ဦးဟာ အသက် ၆၀ ကနေ ၇၀ အကြားတွင်ရှိသောသူများဖြစ်ပြီး လက်ရှိအချိန်တွင် တပ်ရင်းကနေပြီး ဆေးဝါးကုသပေးနေကြောင်း ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

အစိုးရဝန်ထမ်းတဦးမှသည် စီဒီအမ်ဈေးသည်မ ဘဝခရီးသို့

နွေဦးဈေးသည်(စီဒီအမ်ဝန်ထမ်းတဦး) ဈေးသည်ဘဝကို အစပြုလာခဲ့တာတော့ ဒီ၂၀၂၁ခုနှစ် ‌ဖေဖော်ဝါရီ ၁ရက်နေ့ ကျမတို့အမိမြန်မာနိုင်ငံတော်ကြီး မတရားအာဏာသိမ်းရာကနေ အစပြုလာခဲ့တာပေါ့လေ။ ဈေးသည်ဖြစ်ရလို့ ဝမ်းနည်းနေတာမဟုတ်ဘူးဟေ့။ ကျမတို့အမေက ဟိုးအရင်ကထဲက ဈေးရောင်းလာတာ ကျမတို့ဘွဲ့ရပညာတတ်လာတာ ဒီဈေးရောင်းရင်းကနေပဲ ရယူလာခဲ့တာပါ။ အမေ့ကိုအားနာတာပါ။ အသက်၄၀ကျော်လေးမှာ မုဆိုးမဖြစ်လာပြီး ...

ဆက်ဖတ်ရန်