စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မြိုလူမျိုးထံက ကျပ်သိန်း ၁၄၀၀ တန်ဖိုးရှိ စိတ်ကြွဆေးပြားများ ဖမ်းမိ

အိုက်ခူမီး/၅၊အောက်တိုဘာလ ၊ ၂၀၂၃

Zalen

ရခိုင်ပြည်နယ်၊ ဘူးသီးတောင်-မောင်တောသွားကားလမ်းပေါ်က စစ်ကောင်စီ စစ်ဆေးရေးဂိတ်တွင် မြိုလူမျိုး ၄ ဦးထံက ကျပ်သိန်း ၁၄၀၀ တန်ဖိုးရှိ စိတ်ကြွရူးသွပ်ဆေးပြားတွေ အောက်တိုဘာလ ၄ ရက်နေ့က ဖမ်းဆီးရမိတယ်လို့ သိရှိရပါတယ်။

ဘူးသီးတောင်မြို့နယ်၊ ကထိလှရွာ နေထိုင်သူ ဦးရွှေစံအောင် (၃၈နှစ်) မောင်းလာပြီး ဘူးသီးတောင်မြို့နယ်၊ ပြင်ခေါင်ရွာ နေထိုင်သူ ဦးလှမောင်(၄၂နှစ်) လိုက်ပါလာတဲ့ ဆိုင်ကယ်နဲ့ မောင်တောမြို့နယ်၊ ပြင်ခေါင်ရွာနေထိုင်သူ ဦးအောင်ကြာ(၃၀နှစ်၊ မောင်းနှင်းပြီး ဘူးသီးတောင်မြို့နယ်၊ တောင်ကြီးရင်းရွာနေထိုင်သူ ဦးဒေးခေါ်(၄၂နှစ်) လိုက်ပါလာတဲ့ ဆိုင်ကယ်အား စစ်ဆေးနေစဥ် ဖမ်းဆီးရတယ်လို့ ဒေသခံတွေက ပြောပါတယ်။

Zalen ad

 ၎င်းတို့လွယ်လာတဲ့ ကျောပိုးအိတ်အတွင်း WY/R စာတမ်းပါ လိမ္မော်ရောင်စိတ်ကြွရူးသွပ်ဆေးပြား အလုံး ၇၀,၀၀၀ အား ဖမ်းဆီးရမိတာဖြစ်တယ်။

စစ်ကောင်စီရဲ့ သတင်းထုတ်ပြန်ချက်အရ ၎င်းဆေးပြားများကို မောင်တောမြို့နယ်၊ သင်္ဘောလှကျေးရွာသို့ ပို့ဆောင်ပေးပါက ငွေကျပ် ၃ သိန်းပေးမယ်လို့ စစ်တွေမြို့နေသူတစ်ဦးမှ ဖုန်းဖြင့်ဆက်သွယ်လာတာကြောင့် ဘူးသီးတောင်မြို့နယ်၊ ကုလားပန်ဇင်းချောင်း တံတားအနီးရှိ စက်လှေဆိပ်တွင် သွားရောက်ယူဆောင်ခဲ့ခြင်းဖြစ်တယ်လို့ ဆိုပါတယ်။

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်