စစ်ကောင်စီ တပ်မနှစ်ခုနဲ့ သတ္တုတွင်းလုပ်ငန်းနှစ်ခုကို ဗြိတိန်ဒဏ်ခတ်

၂၊ ဖေဖော်ဝါရီ၊ ၂၀၂၄

Zalen

လူ့အခွင့်အရေး အကြီးအကျယ်ချိုးဖောက်ပြီး အရပ်သားတွေကို ဖိနှိပ်ရာမှာပါဝင်တဲ့ ခြေမြန်တပ် တပ်မ နှစ်ခုနဲ့ စစ်တပ်လက်အောက်ခံ စီးပွားရေးလုပ်ငန်းနှစ်ခုကို ဗြိတိန်နိုင်ငံက ဖေဖော်ဝါရီ ၁ ရက်မှာ အရေးယူ ပိတ်ဆို့ ဒဏ်ခတ်လိုက်ပါတယ်။

စစ်ကောင်စီတပ်ရဲ့ အမှတ် (၁၀၁) ခြေမြန်တပ်မ၊ အမှတ် (၇၇) ခြေမြန်တပ်မ၊ သတ္တုတွင်းလုပ်ငန်း အမှတ် (၁) နဲ့ အမှတ် (၂) တို့ကို ဗြိတိန်နိုင်ငံက အရေးယူလိုက်တာ ဖြစ်ပါတယ်။

မြန်မာပြည်သူလူထုတွေကို ရက်ရက်စက်စက်ဖိနှိပ်နေတဲ့လုပ်ရပ်တွေကို ရပ်တန့်သွားဖို့ မြန်မာစစ်ကောင်စီကို တိုးမြှင့်ဖိအားပေးနေတယ်လို့လည်း ဗြိတိန်နိုင်ငံခြားရေးဝန်ကြီး ဒေးဗစ် ကင်မရွန်က ထုတ်ပြန် ကြေညာခဲ့ပါတယ်။

စစ်အာဏာသိမ်းပြီးချိန်ကစလို့ သုံးနှစ်အတွင်း စစ်တပ်နဲ့ ပတ်သက်ဆက်နွယ်နေတဲ့ လူပုဂ္ဂိုလ် ၂၅ ဦးနဲ့ လုပ်ငန်း ၃၃ ခုကို ဗြိတိန်က ပိတ်ဆို့အရေးယူ ထားပါတယ်။

ဗြိတိန်နိုင်ငံရဲ့ အခုလို အရေးယူ ဒဏ်ခတ်မှုကို Burma Campaign UK က ကြိုဆိုထားပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့က မြန်မာစစ်ဘေးရှောင်များရဲ့ မှတ်ပုံတင်ကို ယာယီသိမ်းမယ်လို့ဆို

၂၁ ၊ မေလ၊ ၂၀၂၅ Zalen မီဇိုရမ်ပြည်နယ်၊ လုံးလေမြို့၊ လျှပ်စစ်ရပ်ကွက်ဆိုင်ရာကောင်စီ ( Electric Veng Local Council ) က ၎င်းတို့ ရပ်ကွက်အတွင်းခိုလှုံနေထိုင်တဲ့ မြန်မာစစ်ဘေးရှောင်များရဲ့ နိုင်ငံသားမှတ်ပုံတင်ကဒ်ပြားကို မနေ့ ...

ဆက်ဖတ်ရန်