စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ စစ်တပ် နိုင်ငံရေးက ထွက်ရေးအချက် အပါအ၀င် ၅ ချက်နဲ့ တွေ့ဆုံဆွေးနွေးဖို့ စဥ်းစားမယ်လို့ CNF ပြော

၃၊ နိုဝင်ဘာ ၊ ၂၀၂၄

Zalen

လက်နက်ကိုင် လမ်းစဉ်ကို စွန့်လွတ်ပြီး နိုင်ငံရေးနည်းလမ်းနဲ့ ဖြေရှင်းဖို့ စစ်ခေါင်းဆောင်ရဲ့ ဖိတ်ခေါ်မှုကို ချင်းအမျိုးသားတပ်ဦး (CNF) က လက်မခံပဲ စစ်အာဏာရှင် အမြစ်ပြတ်ရေးနဲ့ စစ်တပ် နိုင်ငံရေးက ထွက်ရေးအချက် အပါအ၀င် ၅ ချက်နဲ့မှ တွေ့ဆုံဆွေးနွေးဖို့ စဉ်းစားမယ်လို့ CNF ရဲ့ ဒုဥက္ကဋ္ဌ ၂ ပူးရွှေခါးရ် (Pu Sui Khar) က ပြောလိုက်ပါတယ်။

နို၀င်ဘာ ‌၁ရက်နေ့က ပြည်သူတွေ ပြောကြားတဲ့မိန့်ခွန်းမှာ ပူးရွှေခါးရ်က အခုလို ထည့်သွင်း ပြောကြားခဲ့တာပါ။

CNF အနေနဲ့ စစ်ကောင်စီနဲ့ တွေ့ဆုံ‌ဆွေးနွေးရေးရာမှာ နိုင်ငံတကာရှေ့မှာ ပြုလုပ်ရေး၊ စစ်တပ် နိုင်ငံရေးက ထွက်ရေးအပါအဝင် ရပ်တည်ချက် ငါးချက်ရှိတယ်လို့ ဆိုပါတယ်။

” ဒီတွေ့ဆုံဆွေးနွေးရေးနဲ့ ပတ်သက်ပြီးတော့ ကျွန်တော်တို့တစ်တွေရဲ့ ရပ်တည်ချက်ကတော့ နံပါတ်တစ်က စစ်အာဏာရှင်စနစ်ကို အမြစ်ပြတ်ချေမှုန်းပြီး အကြမ်းဖက်မှုကို ချုပ်ငြိမ်းစေရန် ဖြစ်ပါတယ်၊ နှစ်ကတော့ ၂၀၀၈ ကို ပယ်ဖျက်ပြီးတော့ ဖက်ဒရယ်ဒီမိုကရေစီစနစ် ထူထောင်နိုင်ရန်အတွက် ဖွဲ့စည်းပုံအသစ်ရေးစွဲရန်၊ သုံးကတော့ စစ်တပ်ဟာ နိုင်ငံရေးမှာ လုံးဝပါဝင်ပတ်သက်မှုမရှိဘဲ ပြည်သူအုပ်ချုပ်ရေး အောက်မှာပဲ လုံးလုံးလျားလျား ထားရှိရန်၊ လေး အသွင်းကူးပြောင်းရေး တရားမျှတမှု ဖော်ဆောင်ထုတ်ရန်၊ ငါးကတော့ တွေ့ဆုံဆွေးနွေးပွဲကို နိုင်ငံတကာ တတိယအင်အားစုတွေ ရှေ့မှာ ပြုလုပ်ရန်တို့ ဖြစ်ပါတယ်။ ” လို့ ပူးရွှေခါးရ်က ‌ ပြောပါတယ်။

စက်တင်ဘာလ ၂၆ ရက်နေ့က စစ်ခေါင်းဆောင် ဗိုလ်ချုပ်မှူးကြီး မင်းအောင်လှိုင်ဟာ တိုင်းရင်းသားလက်နက်ကိုင်တွေ၊ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (PDF) တပ်ဖွဲ့တွေအနေနဲ့ လက်နက်ကိုင်လမ်းစဉ်ကို စွန့်လွှတ်ပြီး နိုင်ငံရေးပြဿနာကို နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့ ဖိတ်ခေါ်ခဲ့ပါတယ်။

စစ်ကောင်စီရဲ့ ကမ်းလှမ်းချက်ကို အမျိုးသားညီညွတ်ရေးအစိုးရ (NUG) အပါအဝင် တိုင်းရင်းလက်နက်ကိုင်အဖွဲ့တွေကလည်း ငြင်းပယ်ထားပါတယ်။

စစ်ကောင်စီဟာ အကျပ်အတည်းမျိုးစုံကို ကျော် လွှားနိုင်ဖို့ ရွေးကောက်ပွဲကျင်းပတာဖို့ သန်းခေါင် စာရင်း‌ကောက်ယူတာ ၊ တွေ့ဆုံဆွေးနွေးတာတွေကို ကြိုးပမ်းနေပြီး ဒါက အလုပ်ဖြစ်မှာ မဟုတ်ဘူးလို့ ပူးရွှေခါးရ်က ပြောပါတယ်။

စစ်ကောင်စီတပ်ဟာ စခန်းကြီးငယ် ၅၂၈၀ ရှိတဲ့အထဲမှာ စခန်း ၃၅၀၀ ကျော်ကို တော်လှန်ရေးအဖွဲ့တွေက သိမ်းယူထားပြီး မြို့နယ် ၃၃၀ ထဲက ၁၃၀ သာ စစ်ကောင်စီက ထိန်းချုပ်ထားနိုင်တယ်လို့လည်း ထည့်သွင်းပြောကြားခဲ့ပါတယ်။

နေညို

နောက်ဆုံးရသတင်းများ

မထင်မှတ်ပဲ သာမန်မဟုတ်တဲ့ ဘဝသစ်ကို လျှောက်လှမ်းတဲ့ အောက်ချင်းငှက်

Grace သွတ်မိုးသွတ်ကာနဲ့ ၁၀ ပေ ပတ်လည်အခန်းကျဉ်း လေးထဲမှာ လူငယ်တစ်ယောက် ကုတင်ပေါ်မှာ မလှုပ်မရှားအိပ်နေတယ်။ အခုလို ကိုယ်နဲ့ကုတင်မခွာအိပ်လာတာ တစ်နှစ်ကျော်လာပြီ။ ခြေရင်းမှာလည်း ဂီတာတစ်လုံးချိတ်ထားတယ်။ ဂီတာ သပ်သပ်တော့မဟုတ်ဘူး၊ ဒါဟာ သူ့ရဲ့အဖော်လည်းဖြစ်တယ်။ သူ့မျက်နှာကြည့်ရတာတော့ ဆယ်ကျော်သက်အရွယ်လေးပေါ့။ ...

ဆက်ဖတ်ရန်