ဆယ်တန်းစာမေးပွဲဖြေဆိုချိန်တွင် မတူပီမြို့နယ်အတွင်းလမ်းများအားလုံး ပိတ်မည်ဟုဆို

စစ်ကောင်စီလက်အောက်က တက္ကသိုလ်ဝင်တန်းစာမေးပွဲကို လာမယ့် မတ်လ ၈ ရက်နေ့ ဗုဒ္ဓဟူးနေ့တွင် စတင်ဖြေဆိုမည်ဖြစ်ရာ စာမေးပွဲ စတင်ဖြေဆိုသည့် အချိန်က စပြီး စစ်ကောင်စီက မတူပီမြို့နယ် တစ်မြို့နယ်လုံးက လမ်းများအားလုံးပိတ်မည်ဟု စစ်ကောင်စီက ပြောကြောင်း မြို့ခံများက ပြောပါတယ်။

မတူပီဟာ လက်ရှိအချိန်မှာတော့ စားနပ်ရိက္ခာပြတ်လပ်နေသော မြို့တစ်မြို့ဖြစ်ပြီး ပြည်မဘက်ကနေ ဆန်ဝင်ရောက်လာခြင်းလည်း မရှိသလို မတူပီမြို့နယ်က ကျေးရွာများတွင် အုပ်ချုပ်ရေးမှူးမရှိသောကြောင့် ရွာသားများကလည်း မြို့ပေါ်ဝင်ရောက်နိုင်ခြင်းမရှိသောကြောင့် ရွာဘက်က ဆန်ဝင်ရောက်ရန်လည်း ခက်ခဲနေတာဖြစ်ပါတယ်။

မြို့ခံများကတော့ ဖုန်းလိုင်းကိုလည်း အမြန်ဆုံး ဖွင့်ပေးပြီး ပြတ်လပ်နေသော စားနပ်ရိက္ခာပြဿနာကို စစ်ကောင်စီက အမြန်ဆုံး ဖြေရှင်းပေးစေလိုကြောင်းလည်း ဆိုကြပါတယ်။

မတူပီမြို့တွင် စားနပ်ရိက္ခာများ ပြတ်လပ်ပြီး လူမှုနေထိုင်မှုဘဝ အလွန်ကြပ်တည်းလာသောကြောင့် မြို့ပေါ်က လူအများစုကလည်း ရန်ကုန်ဘက်ကို ထွက်ပြေးနေကြပြီး မြို့ပေါ်က အသက်ကြီးပိုင်း အများစုလည်း နေရပ်စွန့်ခွာကာ အခြားနေရာကို သွားရောက်ခိုလှုံနေကြကြောင်း သိရပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

မတ်လ ၂၈ ရက် အင်အားပြင်းငလျင်ကြောင့် ပြိုကျခဲ့တဲ့ Sky Villa ကွန်ဒိုတရားစွဲဆိုမှု စတင်

ဖေဖော်ဝါရီ ၁၂၊ ၂၀၂၆ Zalen မြန်မာနိုင်ငံမှာ ပြီးခဲ့တဲ့ ၂၀၂၅ ခုနှစ် မတ်လ ၂၈ ရက်နေ့က လှုပ်ခတ်ခဲ့တဲ့ ၇ ဒဿမ ၇နှင့် ၇ ဒဿမ ၅ အဆင့်ရှိတဲ့ အင်အားအလွန်ပြင်းသော ...

ဆက်ဖတ်ရန်