ဆိုင်ကလုန်းမုန်တိုင်း စီတရန်ရဲ့အရှိန်ကြောင့် မြန်မာနိုင်ငံနေရာအနှံအပြားမှာ ၂၆ ရက်နေ့အထိမိုးရွာသွင်းနိုင်

ဘင်္ဂပင်လယ်အော်အလယ်ပိုင်းတွင် ဆိုင်ကလုန်းမုန်တိုင်း စီတရန်ရဲ့အရှိန်ကြောင့် ချင်းပြည်နယ်အပါအဝင် တိုင်းနဲ့ပြည်နယ် ၈ ခုတွင် အောက်တိုဘာ ၂၆ ရက်အထိလေပြင်းတိုက်ခတ်ပြီး မိုးသည်းထန်စွာ ရွာသွန်းခြင်းနဲ့အတူ ရေကြီးခြင်း၊ မြေပြိုခြင်းများဖြစ်ပေါ်နိုင်တယ်လို့ မိုး/ဇလက သတိပေးချက် ထုတ်ပြန်လိုက်ပါတယ်။

စစ်တွေ၊သံတွဲနဲ့ ဟိုင်းကြီးကျွန်းမြို့နယ်တို့ရဲ့ရေမိုင် ၃၀၀ ခန့်အနီး တည်ရှိနေသည့် ဆိုင်ကလုန်းမုန်တိုင်း စီတရန်သည် မြန်မာသို့ ဦးတည်ရွေ့လျားမည့် အခြေအနေမရှိ ပါသဖြင့် အဝါရောင်အဆင့်သတ်မှတ်ထားတယ်လို့ လည်း ထုတ်ပြန်ထားပါတယ်။

ဆိုင်ကလုန်းမုန်တိုင်း စီတရန်သည် နောက်(၁၂)နာရီအတွင်း အားကောင်းသော ဆိုင်ကလုန်းမုန်တိုင်း အဖြစ် အားကောင်းလာတာ အောက်တိုဘာ ၂၅ ရက်နေ့တွင် ဘင်္ဂလားဒေ့ရှ်နိုင်ငံ ကမ်းခြေကို တင်ကိုနာကျွန်း(Tinkona Island)နှင့် ဆန်းဝစ်(ပ်)ကျွန်း(Sandwip Island)တို့အကြားမှ ဖြတ်ကျော်ဝင်ရောက်နိုင်သည်ဟု ခန့်မှန်းရပါတယ်လို့လည်းဆိုပါတယ်။

မီဇိုရမ်ပြည်နယ်နဲ့ ဘင်္ဂလားဒေ့ရှ်နိုင်ငံပေါ်သို့ စီတရန်မုန်တိုင်းဟာ ဖြတ်သွားမှာဖြစ်တဲ့တွက် မြန်မာစစ်ဘေးရှောင်ပြည်သူများအတွက် စိုးရိမ်စရာကောင်းပါတယ်။

Zalen ad

အောက်တိုဘာ (၂၆) ရက်နေ့ မနက် ၁း၀၀ နာရီတွင် မုန်တိုင်းဟာ အိန္ဒိယနိုင်ငံ အရှေ့မြောက်ဖက် အာသံပြည်နယ်သို့ လေဖိအားနည်းရပ်ဝန်း အနေဖြင့်ရောက်ရှိကာ အဲ့ဒီနောက်ပိုင်းအားပျော့သွားဖွယ်ရှိနေပါတယ်။

နောက်ဆုံးရသတင်းများ

ပလက်ဝမြို့နယ်ကိုလေကြောင်း တိုက်ခိုက်မှု ပြုလုပ်မည်ဟု ဦးလှဆွေ ခြိမ်းခြောက်

မေ ၈၊ ၂၀၂၆Zalen ချင်းပြည်နယ်၊ မတူပီခရိုင်၊ ပလက်ဝမြို့နယ်မှာ ရက္ခိုင့်တပ်တော် (AA) ဗိုလ်ချုပ်ထွန်းမြတ်နိုင် ရောက်ရှိနေသဖြင့် လေကြောင်းမှ ဗုံးကြဲတိုက်ခိုက်မှုများ ပြုလုပ်သွားမှာဖြစ်တယ်လို့ စစ်တပ်ထောက်ခံသူ ဘူးလက်လှဆွေက ခြိမ်းခြောက်ထားပါတယ်။ ဗိုလ်ချုပ်ထွန်းမြတ်နိုင် ဟာ ကျောက်တော်မြို့နယ်အတွင်း လေကြောင်းတိုက်ခိုက်မှုပြင်းထန်ပြီးနောက် ...

ဆက်ဖတ်ရန်