ဇူလိုင်လအတွင်း အမျိုးသမီး အယောက် ၆‌၃ဦး သေဆုံး၊ ၄၃ ဦး ဒဏ်ရာရ

၇ ၊ဩဂုတ် ၊၂၀၂၄

Zalen

ပြီးခဲ့တဲ့ ဇူလိုင်လ တစ်လအတွင်း စစ်ကောင်စီတပ်ကြောင့် နိုင်ငံတစ်ဝန်းက အမျိုးသမီး အယောက် ၆၃ ဉီးသေဆုံးခဲ့ပြီး  ၄၃ဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) အဖွဲ့က က ဩဂုတ်လ ၆ ရက်နေ့မှာ ထုတ်ပြန်ပါတယ်။

ဒီလိုသေဆုံးမှုတွေထဲမှာ ရှမ်းပြည်နယ်က အမျိုးသမီး ၂၂ဦးအများဆုံး ဖြစ်ပြီး  မန္တလေးတိုင်းက ၁၇ဦးနဲ့ ဒုတိယ၊  စစ်ကိုင်းတိုင်းမှာ ၁၀ဦး ၊ ပဲခူးတိုင်းနဲ့မကွေးတိုင်းက ငါးဦး စီ၊ ကချင်ပြည်နယ်က ၂ဦးနဲ့ ရခိုင်ပြည်နယ်နဲ့ မွန်ပြည်နယ်က ၁ဦးစီ ဖြစ်တယ်လို့ ဆိုပါတယ်။

သေဆုံးတဲ့သူတွေထဲမှာ လက်နက်ကြီးထိမှန်လို့ သေဆုံး ၃၃ဦး၊ အကြောင်းမဲ့သတ်ဖြတ်ခံရသူ ၁၀ဦး၊ လေကြောင်းတိုက်ခိုက်မှုကြောင့် ကိုးဦး၊တိုက်ပွဲအတွင်း ကျည်ထိမှန်လို့သေဆုံးသူ  လေးဦး၊ ဒရုန်းတိုက်ခိုက်မှုကြောင့် သေဆုံးသူ လေးဦး၊ မီးရှို့သတ်ဖြတ်ခံရသူ နှစ်ဦး၊ စစ်ကောင်စီရဲ့ မုဒိမ်းကျင့် သတ်ဖြတ်ခံရသူ တစ်ဦး စုစုပေါင်း ၆၃ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

ဒါ့အပြင် ဒဏ်ရာရတဲ့အမျိုးသမီး ၄၃ဦးဟာ  မုဒိမ်းကျင့်ခံရမှု‌၊ လေကြောင်းတိုက်ခိုက်မှု၊ ဒရုန်းတိုက်ခိုက်မှု၊ လက်နက်ကြီးထိမှန်တာနဲ့ ကျည်ထိမှန်လို့ ‌ဒဏ်ရာရရှိခဲ့တာလို့ ဆိုပါတယ်။

ဒီလိုသေဆုံးတဲ့ အချက်အလက်တွေကို နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) နဲ့ တိကျခိုင်လုံတဲ့ သတင်းမီဒီယာတွေကရတဲ့ အချက်အလက်တွေကို စုစည်းထားတာလို့ BWU က ပြောပါတယ်။

ပြီးခဲ့တဲ့ ဇွန်လ အတွင်းမှာတော့ စစ်ကောင်စီကြောင့် နိုင်ငံတစ်၀န်းက အမျိုးသမီး‌ ၆၇ ဦး သေဆုံးခဲ့ပါတယ်။

၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ကနေ ၂၀၂၄ ခုနှစ် ဇူလိုင်လ ၃၁ အထိ စစ်ကောင်စီတပ်ကြောင့် ၁၀၈၇ ဦး သေဆုံးခဲ့ပြီး ဖမ်းဆီးခံခဲ့ရတဲ့ အမျိုးသမီး ၅,၆၁၁ ဦး ရှိသလို  ၄,၀၆၆ ဦး ဟာ  ဆက်လက် ထိန်းသိမ်းထားဆဲဖြစ်တယ်လို့ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP)က ထုတ်ပြန်ထားပါတယ်။

သတင်း- Mary

နောက်ဆုံးရသတင်းများ

အိန္ဒိယဗဟိုအစိုးရက ပလက်ဝနဲ့ စစ်တွေအထိလျှပ်စစ်မီးပေးဖို့ဆန္ဒရှိနေ

၁၄၊ စက်တင်ဘာလ၊ ၂၀၂၄ Zalen အိန္ဒိယနိုင်ငံ၊ ဗဟိုအစိုးရက ချင်းပြည်နယ်၊ ပလက်ဝမြို့နဲ့ ရခိုင်ပြည်နယ် စစ်တွေအထိ လျှပ်စစ်ဓာတ်အား ပေးဖို့ဆန္ဒရှိနေပြီး မီဇိုရမ်ပြည်နယ်အစိုးရက ပူးပေါင်းဆောင်ရွက်ပေးရန်ဖိတ်ခေါ်ခဲ့တယ်လို့သိရပါတယ်။။ စက်တင်ဘာလ ၁၂ ရက်နေ့မှာ အိန္ဒိယဗဟိုအစိုးရ၊ ပြည်ပရေးရာဝန်ကြီးဌာန၊ တွဲဖက်အတွင်းရေးမှူး ...

ဆက်ဖတ်ရန်