တစ်ပတ်အတွင် လူ(၁၀၀)ကျော်က ရိခေါ်ဒါရ်ဂိတ်မှာBorder Pass ကဒ်ပြုလုပ်

မြန်မာ-အိန္ဒိယနယ်စပ် ချင်းပြည်နယ် ရိခေါ်ဒါရ် ဂိတ်မှာ တစ်ပတ်အတွင်း နယ်စပ်ဖြတ်ကျော် Border Pass ကဒ်ပြုလုပ်သူ (၁၃၂)ဦးရှိတယ်လို့ ရိခေါ်ဒါရ်မြို့လ.ဝ.ကရုံးကနေသိရပါတယ်။

Border Pass ကဒ်ကိုင်ဆောင်သူဟာ အိန္ဒိယနဲ့မြန်မာပြည်မှာ (၁၄)ရက်နေထိုင်ခွင့်ရှိတယ်။

ရိခေါ်ဒါရ်မြို့ လ.ဝ.ကရုံးကြီးကြပ်ရေးမှူး ဦးတေဇာလင်းက “Border Pass ကဒ်စာအုပ် ဖိုးက (၅၀၀)ကျပ်ကောက်တယ်။ မှတ်ပုံတင်နဲ့ အိမ်ထောင်စုစာရင်း မိတ္တူမပါလာရင်တော့ ဒီမှာမိတ္တူကူးခ (၃၀၀)ကျပ်ယူတယ်။ ဒီကဒ်စာအုပ်က တစ်နှစ်သက်တမ်းဖြစ်ပါတယ်။ အများဆုံး ကဒ်လာလုပ်တဲ့သူတွေက ဒီရိခေါ်ဒါရ်မြို့နဲ့အနီးတစ်ဝိုက်ကလူတွေပဲဖြစ်တယ်”လို့ပြောပါတယ်။

သြဂုတ်လ (၈)ရက်နံနက်ပိုင်းမှာ ရိခေါ်ဒါရ်နဲ့ တမူးမှာ အိန္ဒိယ-မြန်မာနှစ်နိုင်ငံဦးဆောင်သူတွေကိုယ်တိုင်ဖွင့်လှစ်ခဲ့တယ်။

Zalen ad

နောက်ဆုံးရသတင်းများ

ဖလမ်းမြို့နယ်ကိုစစ်တပ်က လေကြောင်းတိုက်ခိုက်မှု နှစ်ကြိမ်ပြုလုပ် ပြီးလူနေအိမ်ပျက်စီးမှု များရှိ

ဧပြီလ ၁၈၊ ၂၀၂၆ Zalen ချင်းပြည်နယ်၊ ဖလမ်းမြို့နယ်၊ ဟားခါး – ဖလမ်း လမ်းမပေါ်ရှိ Tlangzar ကျေးရွာကိုအကြမ်းဖက်စစ်တပ်က မနက် အစောပိုင်း နဲ့ မွန်းလွဲပိုင်းမှာ လေကြောင်းတိုက်ခိုက်ခဲ့လို့ စာသင်ကျောင်းနဲ့ လူနေအိမ်ပျက်စီးမှုများလည်းရှိကြောင်းသိရပါ တယ်။ ...

ဆက်ဖတ်ရန်