တစ်လအတွင်း စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၆၀နီးပါးသေဆုံးပြီး ၁၀ ဦးဖမ်းဆီးခံရ

၂၊ ဖေဖော်ဝါရီ၊ ၂၀၂၄
Zalen

ဇန်နဝါရီလ တစ်လအတွင်းမှာ စစ်ကောင်စီတပ်ကြောင့် အမျိုးသမီး ၅၉ ဦးသေဆုံးခဲ့ပြီး ၁၀ ဦးဖမ်းဆီးထိန်းသိမ်းခံခဲ့ရတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ (BWU) က ဖေဖော်ဝါရီလ ၁ ရက်နေ့မှာ ထုတ်ပြန်လိုက်ပါတယ်။

ဇန်နဝါရီ ၁ရက်နေ့ကနေ ၂၆ ရက်နေ့အထိ နိုင်ငံရေးအကျဉ်းသားများ ကူညီစောင့်ရှောက်ရေးအသင်း (AAPP) ရဲ့ အချက်အလက်တွေကို မှီငြမ်းကိုးကား ကာ ခိုင်လုံသောသတင်းမီဒီယာတွေက သတင်းအချက်အလက်တွေ အပေါ် အခြေခံပြီး ပြန်လည်စုစည်းတင်ပြထားခြင်းဖြစ်ပြီး မြေပြင်မှာ အခုထက်ပိုမိုများပြားနိုင်တယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂ က အသိပေးထုတ်ပြန်ထားပါတယ်။

သေဆုံးခဲ့ရတဲ့ အမျိုးသမီးတွေဟာ စစ်ကောင်စီတပ်ရဲ့လက်နက်ကြီးကြောင့် သေဆုံးသူ ၂၈ဦး၊ လေ ကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်ခံရလို့ သေဆုံးသူ ‌၂၁ဦး၊ သေနတ်နဲ့ ပစ်သတ်ခံရသူ ၇ဦး၊ ဖမ်းဆီးထိန်းသိမ်းခံရစဉ် နှိပ်စက်ခံရတာကြောင့် အကျဉ်းထောင်တွင်း သေဆုံးသူ နှစ်ဦး၊ ဖမ်းဆီးစဉ် သေဆုံးလို့ မီးရှို့ခံရသူ တစ်ဦးတို့ ဖြစ်ပါတယ်။

သေဆုံးခဲ့တဲ့အမျိုးသမီးတွေထဲမှာ စစ်ကိုင်းတိုင်းက ၂၁ ဦး ပါ၀င်ပြီး အများဆုံးဖြစ်ကာ ရခိုင်ပြည်နယ်တွင် ၁၅ ဦးနဲ့ ဒုတိယအများဆုံးဖြစ်တယ်လို့ BWUက ထုတ်ပြန်ထားပါတယ်။

ဇန်နဝါရီလအတွင်း ဖမ်းဆီးခံရတဲ့ အမျိုးသမီးတွေဟာ မန္တလေးတိုင်း၊ ရန်ကုန်တိုင်း၊ မကွေးတိုင်း၊ တနင်္သာရီတိုင်း၊ ရှမ်းပြည်နယ်၊ မွန်ပြည်နယ်တို့က ဖြစ်ပါတယ်။

ဖမ်းဆီးခံ အမျိုးသမီးတွေဟာ လူမှုကွန်ရက်စာမျက်နှာမှာ သတင်းမှားတွေ ရေးသားဖော်ပြတာ၊ အမျိုးသားညီညွတ်ရေးအစိုးရ NUG ၊ ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ CRPH နဲ့ တော်လှန်ရေးတပ်ဖွဲ့တွေကို ထောက်ပံ့မှု‌တွေ ပြုလုပ်‌
နေတယ်လို့ စွပ်စွဲချက်နဲ့ ဖမ်းဆီးခဲ့တာ ဖြစ်ပါတယ်။

အာဏာသိမ်းကာလ ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီလ ၁ ရက်နေ့မှ ၂၀၂၄ ခုနှစ် ဇန်နဝါရီလ ၂၆ ရက်နေ့အထိ အမျိုးသမီး ၇၅၀ ကျော် သေဆုံးခဲ့ပြီး ဖမ်းဆီးထိန်းသိမ်းခံထားရတဲ့ အမျိုးသမီး ဦးရေ ၃,၃၀၀ ခန့်ရှိတယ်လို့ မြန်မာ့အမျိုးသမီးသမဂ္ဂက ထုတ်ပြန်ထားပါတယ်။

နွေဦးချယ်ရီ

နောက်ဆုံးရသတင်းများ

မထင်မှတ်ပဲ သာမန်မဟုတ်တဲ့ ဘဝသစ်ကို လျှောက်လှမ်းတဲ့ အောက်ချင်းငှက်

Grace သွတ်မိုးသွတ်ကာနဲ့ ၁၀ ပေ ပတ်လည်အခန်းကျဉ်း လေးထဲမှာ လူငယ်တစ်ယောက် ကုတင်ပေါ်မှာ မလှုပ်မရှားအိပ်နေတယ်။ အခုလို ကိုယ်နဲ့ကုတင်မခွာအိပ်လာတာ တစ်နှစ်ကျော်လာပြီ။ ခြေရင်းမှာလည်း ဂီတာတစ်လုံးချိတ်ထားတယ်။ ဂီတာ သပ်သပ်တော့မဟုတ်ဘူး၊ ဒါဟာ သူ့ရဲ့အဖော်လည်းဖြစ်တယ်။ သူ့မျက်နှာကြည့်ရတာတော့ ဆယ်ကျော်သက်အရွယ်လေးပေါ့။ ...

ဆက်ဖတ်ရန်