တမူးခရိုင်မှာ ဗုံးခိုကျင်းတူးဖို့ ပကဖ ထံ ခွင့်ပြုချက်ယူရန် လိုအပ်

၂၅၊ ဇန်နဝါရီ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ တမူးခရိုင်မှာ ဗုံးခိုကျင်းတူးရန် ခွင့်ပြုချက်ယူဖို့ လိုအပ်နေတယ်လို့ ဒေသ သတင်းအရင်းမြစ်တစ်ခုထံမှ သိရပါတယ်။

ဇန်နဝါရီလ ၂၃ရက်နေ့က ကျေးရွာတစ်ရွာမှာ အလှူရှင်တစ်ဦး အကူညီနဲ့ ဗုံးခိုကျင်းတူးနေတဲ့ ရွာသားများကို မြို့နယ် ပကဖ တာဝန်ရှိသူတွေရောက်လာပြီး ခွင့်ပြုချက် ရယူရမယ်လို့ ဆိုကာ တားမြစ်ခဲ့တယ်လို့ သိရပါတယ်။

” ဘာကြောင့်တားတာလည်း ကျွန်မလည်းမသိဘူး။ အဲအကြောင်းပြောရင် စိတ်ညစ်ရပါတယ်။ ဒေါသထွက်လို့ မျက်ရည်လည်းကျရတယ်။” လို့ အလှူရှင် ဆရာမဒေါ်ရတီအုန်းက ပြောပါတယ်။

အလှူရှင် ဆရာမ ဒေါ်ရတီအုန်းတို့အဖွဲ့ အကူအညီနဲ့ ဇန်နဝါရီလ ၂၂ရက်နေ့က ကျေးရွာသားတွေ ဝိုင်းဝန်းလုပ်အားပေးပြီး ဗုံးခိုကျင်းတူးနေကြတာဖြစ်ပါတယ်။ ဇန်နဝါရီ ၂၃ရက်နေ့မှာ မြို့နယ် ပကဖ တာဝန်ရှိသူတွေ ရောက်ရှိလားပြီး ကျေးရွာအုပ်ချူပ်ရေး တာဝန်ခံအိမ်မှာ တားမြစ်သွားတာလို့ ဒေသခံများကဆိုပါတယ်။

“ကျမတို့ဘက်က မှားတာရှိရင်လဲ တောင်းပန်ပါတယ်။ ကျမတို့ကို ဆက်တူးခွင့် ပြုပေးပါ။ တကယ်လို့ တူးခွင့်မပြုရင်လည်း တားတဲ့သူတွေကပဲ ဆက်တူးပေးပါ။ လိုအပ်တဲ့ နည်းပညာ ကူညီပေးပါ့မယ်လို့ ပြောချင်ပါတယ်” လို့ ဆရာမ ရဒီအုန်းက Zalen ကိုပြောပါတယ်။

ဆရာမ ဒေါ်ရတီအုန်းဟာ တက္ကသိုလ် CDM ဆရာမတစ်ယောက်လည်းဖြစ် Mobile Medical Team(MMT West Division) ကိုဦးဆောင်နေသူတစ်ယောက်လည်းဖြစ်ပြီး ကလေးမြို့နယ်နဲ့ တမူးမြို့နယ်က ဒေသခံ စစ်ဘေးရှောင်တွေကို ပညာရေး၊ ကျန်းမာရေး၊ အသက်မွေးဝမ်းကျောင်းနဲ့ လေကြောင်းရန်၊ လက်နက်ကြီး၊ မိုင်းဘေးအန္တရာယ်ဆိုင်ရာ အသိပညာပေးခြင်းစတဲ့ အကူအညီများ ဆောက်ရွက်နေတာဖြစ်ပါတယ်။

ဗုံးခိုကျင်းတူးလို့ တားမြစ်တဲ့ ကိစ္စနဲ့ပါတ်သတ်ပြီး တာဝန်ရှိသူတွေကိုမေးမြန်းကြည့်ရာ ” ဗုံးခိုကျင်းတူးတာဘယ်သူတားမှာလဲ? ခမ်းပတ်မှာ တိုက်နယ်ပကဖ ကမတူးတဲ့သူဒဏ်ငွေတပ်မယ်လို့လော်နဲ့အော်နေတာ။ဘာခွင့်ပြုချက်လိုလဲ” လို့ ပြော‌ပါတယ်။

ဒါပေမယ့် ခမ်းပတ်မြို့နဲ့ချောင်းတစ်ခုသာခြားတဲ့ ကနန်ကျေးရွာမှာ ဗုံးခိုကျင်းတူးနေတဲ့အိမ်ရှင်တွေကို ပကဖက လူ နှစ်ယောက်က လာရောက်တားမြစ်တယ်လို့ ရွာသားတွေထံကသိရတယ်။

တစ်ဘက်မှာ ပုန်းခိုကျင်း အခမဲ့ တူးပေးဖို့ ဘယ်အဖွဲ့စည်းကို တင်ပြပြီး ခွင့်ပြုချက် တောင်းခံရမလဲ သိချင်ပါတယ်။ လို့ ဆရာမ ရဒီအုန်းကအမျိုးသားညီညွတ်‌ရေးအစိုးရအား အိတ်ဖွင့်ပေးစာ တစ်ဆောင်ကို ၎င်းရဲ့လူမှုစာမျက်နာတွင် တင်ထားပါတယ်။

ဒေသခံအချို့ကတော့ အခုလို ဗုံးခိုးကျင်းတူးလို့ တားမြစ်တာ ဟာ နှစ်ဦးနှစ်ဘက် နားလည်မှုလွဲမှားနေလို့ဖြစ်‌နိုင်တယ်လို့ သုံးသပ်‌နေကြပါတယ်။

ပြီးခဲ့တဲ့ ရက်တွေက စစ်ကောင်စီကနေ ခမ်းပါတ်မြို့ကို လေကြောင်းကနေ အကြိမ်ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် ဒေသခံပြည်သူများအနေနဲ့ ဗုံးခိုကျင်း မဖြစ်မနေ တူးထားကြဖို့လိုအပ်နေတာဖြစ်ပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်