တမူးမြို့က စစ်တပ်ပိုင်အင်းဝဘဏ်ကို ဗုံးပစ်တိုက်ခိုက်ခံရလို့ စစ်သား ၂ ဦးသေဆုံး

စစ်ကိုင်းတိုင်း၊ တမူးမြို့က စစ်တပ်ပိုင် အင်းဝဘဏ်ရှေ့မှာ လုံခြုံရေးယူနေတဲ့ စစ်ကောင်စီတပ်အတွင်း လက်ပစ်ဗုံး ပစ်သွင်းတိုက်ခိုက်ရာ တပ်သား ၂ ဦး သေဆုံးသွားတယ်လို့ PDF- စစ်မြေပြင်အင်ဂျင်နီယာတပ်ဖွဲ့က ဖေဖော်ဝါရီ ၅ ရက်ကထုတ်ပြန်ထားပါတယ်။

အဲ့ဒီစစ်ဆင်ရေးကို ဖေဖော်ဝါရီလ ၅ ရက် ညနေ ၅ နာရီလောက်တွင် PDF-CEU နဲ့ ABSDF ပူးပေါင်းပြောက်ကျားအဖွဲ့က ဆင်နွှဲတာဖြစ်ပါတယ်။ တိုက်ခိုက်ခံရတဲ့ စစ်သားထဲမှာ ၅ ဦးက ထိခိုက်ဒဏ်ရာရရှိကြပါတယ်။

ABSDF ကျောင်းသားတပ်မတော်ဟာ စစ်ကောင်စီနဲ့ အပစ်အခတ်ရပ်စဲရေး NCA စာချုပ်တွင် လက်မှတ် ရေးထိုးထားပေမယ့် ၂၀၂၁ ခုနှစ် ဖေဖော်ဝါရီ ၁ ရက်နေ့ စစ်အာဏာသိမ်းလိုက်တာကြောင့် စစ်ကောင်စီတပ်ကို တွန်းလှန်တိုက်ခိုက်ခဲ့ပါတယ်။

Zawgyi

တမူးၿမိဳ႕က စစ္တပ္ပိုင္အင္းဝဘဏ္ကို ဗုံးပစ္တိုက္ခိုက္ခံရလို႔ စစ္သား ၂ ဦးေသဆုံး

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕က စစ္တပ္ပိုင္ အင္းဝဘဏ္ေရွ႕မွာ လုံၿခဳံေရးယူေနတဲ့ စစ္ေကာင္စီတပ္အတြင္း လက္ပစ္ဗုံး ပစ္သြင္းတိုက္ခိုက္ရာ တပ္သား ၂ ဦး ေသဆုံးသြားတယ္လို႔ PDF- စစ္ေျမျပင္အင္ဂ်င္နီယာတပ္ဖြဲ႕က ေဖေဖာ္ဝါရီ ၅ ရက္ကထုတ္ျပန္ထားပါတယ္။

အဲ့ဒီစစ္ဆင္ေရးကို ေဖေဖာ္ဝါရီလ ၅ ရက္ ညေန ၅ နာရီေလာက္တြင္ PDF-CEU နဲ႔ ABSDF ပူးေပါင္းေျပာက္က်ားအဖြဲ႕က ဆင္ႏႊဲတာျဖစ္ပါတယ္။ တိုက္ခိုက္ခံရတဲ့ စစ္သားထဲမွာ ၅ ဦးက ထိခိုက္ဒဏ္ရာရရွိၾကပါတယ္။

ABSDF ေက်ာင္းသားတပ္မေတာ္ဟာ စစ္ေကာင္စီနဲ႔ အပစ္အခတ္ရပ္စဲေရး NCA စာခ်ဳပ္တြင္ လက္မွတ္ ေရးထိုးထားေပမယ့္ ၂၀၂၁ ခုႏွစ္ ေဖေဖာ္ဝါရီ ၁ ရက္ေန႔ စစ္အာဏာသိမ္းလိုက္တာေၾကာင့္ စစ္ေကာင္စီတပ္ကို တြန္းလွန္တိုက္ခိုက္ခဲ့ပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်