တမူးမြို့တွင်း စာသင်ကျောင်းထဲတပ်စွဲတဲ့ စစ်ကောင်စီတပ်ကို ပစ်ခတ်ရာ ၄ ဦးသေဆုံးဟုဆို

စစ်ကိုင်းတိုင်း၊ တမူးမြို့ မြို့မ ၁၂ ရပ်ကွက် နန်းဖာလုံ အထက(ခွဲ)ကျောင်းမှာတပ်စွဲထားတဲ့ အာဏာသိမ်းစစ်ကောင်စီကို PDF-Tamu ပူးပေါင်းတပ်တို့က ယမန်နေ့ ဧပြီ ၁၇ ရက် ည ၇ နာရီတွင်ဝင်ရောက်ပစ်ခတ်လို့ အာဏာသိမ်းစစ်ကောင်စီတပ်သား ၄ ဦးသေဆုံးတယ်လို့ PDF-Tamu တပ်ရင်း-၁ က သတင်းထုတ်ပြန်ထားပါတယ်။

PDF-Tamu တပ်ရင်း-၁ နဲ့ တပ်ရင်း-၂ က အထူးကွန်မန်ဒိုပူးပေါင်းတပ်ဖွဲ့က အလစ်ငိုက်ဝင်ရောက်တိုက်ခိုက်ခဲ့တာဖြစ်ပြီး အာဏာသိမ်းစစ်ကောင်စီဘက်က တပ်ကြပ်အဆင့် တစ်ဦးအပါအဝင် တပ်သား ၄ ဦးဟာ ကျောင်းရှေ့ လမ်းမပေါ်မှာ အတုံးအရုံးသေဆုံးတယ်လို့ ထုတ်ပြန်ချက်ထဲမှာဖော်ပြထားပါတယ်။

ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ဝင်တွေ တစ်စုံတစ်ရာ ထိခိုက်မှုမရှိဘဲ အောင်မြင်စွာ ပြန်လည် ဆုတ်ခွာပြီး နာရီဝက်အကြာမှာ တမူးမြို့ဘက်ကနေ လူနာတင်ကားနဲ့ စစ်ကောင်စီကားတွေရောက်လာပြီး လက်နက်ကြီး၊ လက်နက်ငယ်တွေနဲ့ ရမ်းသမ်းပစ်ခတ်ခဲ့ကြပါတယ်။

စစ်ကောင်စီအလောင်းတွေကို တင်ဆောင်ကာ ည ၉ နာရီလောက်တွင် တမူးမြို့ထဲသို့ပြန်လည်ထွက်ခွာသွားကြပါတယ်လို့ ထုတ်ပြန်ထားပါတယ်။

တမူး – အောင်ဇေယျကားလမ်းပိုင်းနှင့် ပါတ်သက်သော စည်းကမ်းချက်များအား အများပြည်သူများလိုက်နာကြဖို့ ထပ်မံသတိပေးထားပါတယ်။

Zawgyi

တမူးၿမိဳ႕တြင္း စာသင္ေက်ာင္းထဲတပ္စြဲတဲ့ စစ္ေကာင္စီတပ္ကို ပစ္ခတ္ရာ ၄ ဦးေသဆုံးဟုဆို

စစ္ကိုင္းတိုင္း၊ တမူးၿမိဳ႕ ၿမိဳ႕မ ၁၂ ရပ္ကြက္ နန္းဖာလုံ အထက(ခြဲ)ေက်ာင္းမွာတပ္စြဲထားတဲ့ အာဏာသိမ္းစစ္ေကာင္စီကို PDF-Tamu ပူးေပါင္းတပ္တို႔က ယမန္ေန႔ ဧၿပီ ၁၇ ရက္ ည ၇ နာရီတြင္ဝင္ေရာက္ပစ္ခတ္လို႔ အာဏာသိမ္းစစ္ေကာင္စီတပ္သား ၄ ဦးေသဆုံးတယ္လို႔ PDF-Tamu တပ္ရင္း-၁ က သတင္းထုတ္ျပန္ထားပါတယ္။

PDF-Tamu တပ္ရင္း-၁ နဲ႔ တပ္ရင္း-၂ က အထူးကြန္မန္ဒိုပူးေပါင္းတပ္ဖြဲ႕က အလစ္ငိုက္ဝင္ေရာက္တိုက္ခိုက္ခဲ့တာျဖစ္ၿပီး အာဏာသိမ္းစစ္ေကာင္စီဘက္က တပ္ၾကပ္အဆင့္ တစ္ဦးအပါအဝင္ တပ္သား ၄ ဦးဟာ ေက်ာင္းေရွ႕ လမ္းမေပၚမွာ အတုံးအ႐ုံးေသဆုံးတယ္လို႔ ထုတ္ျပန္ခ်က္ထဲမွာေဖာ္ျပထားပါတယ္။

ျပည္သူ႔ကာကြယ္ေရးတပ္ဖြဲ႕ဝင္ေတြ တစ္စုံတစ္ရာ ထိခိုက္မႈမရွိဘဲ ေအာင္ျမင္စြာ ျပန္လည္ ဆုတ္ခြာၿပီး နာရီဝက္အၾကာမွာ တမူးၿမိဳ႕ဘက္ကေန လူနာတင္ကားနဲ႔ စစ္ေကာင္စီကားေတြေရာက္လာၿပီး လက္နက္ၾကီး၊ လက္နက္ငယ္ေတြနဲ႔ ရမ္းသမ္းပစ္ခတ္ခဲ့ၾကပါတယ္။

စစ္ေကာင္စီအေလာင္းေတြကို တင္ေဆာင္ကာ ည ၉ နာရီေလာက္တြင္ တမူးၿမိဳ႕ထဲသို႔ျပန္လည္ထြက္ခြာသြားၾကပါတယ္လုိ႔ ထုတ္ျပန္ထားပါတယ္။

တမူး – ေအာင္ေဇယ်ကားလမ္းပိုင္းႏွင့္ ပါတ္သက္ေသာ စည္းကမ္းခ်က္မ်ားအား အမ်ားျပည္သူမ်ားလုိက္နာၾကဖို႔ ထပ္မံသတိေပးထားပါတယ္။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်