တမူးမြို့တွင် မူးယစ်ဆေးဝါးနဲ့ ဆက်စပ်ပစ္စည်းတွေ PDF-Tamu ကဖမ်းဆီး

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် တမူး-ခမ်းပတ်ကားလမ်းပေါ်မှာ PDF-Tamu တပ်ရင်း-၂ က ဧပြီ ၃ ရက်တွင် နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဉ် 125 ဆိုင်ကယ်တစ်စီးကို ရပ်တန့်စစ်ဆေးစဉ် ဆိုင်ကယ်တူးဘောက်အတွင်း ဘိန်းဖြူ ရှာဖွေတွေ့ရှိကာ သိမ်းဆည်းရမယ်တယ်လို့ ထုတ်ပြန်ထားပါတယ်။

ကွင်းဆက်အဖြစ် မူးယစ်ဆေးဝါးရောင်းဝယ်ဖောက်ကားသုံးစွဲတဲ့နေအိမ်သို့ ရှောင်တခင်ဝင်ရောက်ဖမ်းဆီးရာ ရောင်းဝယ်သုံးစွဲနေသူ ၁၃ ဦး၊ လက်ကိုင်ဖုန်း ၆ လုံး၊ မူးယစ်ဆေးထိုးသွင်းရာတွင်အသုံးပြုတဲ့ ဆေးထိုးအပ်အသေး ၃၀၀ ကျော်၊ WY စိတ်ကြွဆေးပြား ၄၅ ပြား၊ ဘိန်းဖြူထည့်ထားတဲ့ ဆပ်ပြာဗူးအသစ် ၃ ဗူး၊ ဘိန်းဖြူဆပ်ပြာဗူး ၁ ဗူးစာရောင်းရငွေ ၆၂၄၀၀ ကျပ်တို့ကို သိမ်းဆည်းရမိပါတယ်။

ပြီးတော့ ဖမ်းဆီးထားတဲ့ မူးယစ်ဆေးဝါးများနဲ့ မူးယစ်ဆေးဝါးသုံးစွဲရာတွင်အသုံးပြုတဲ့ ဆက်စပ်ပစ္စည်းတွေကို မီးရှို့ဖျက်ဆီးကြပါတယ်။

ရောင်းဝယ်ဖောက်ကားသုံးစွဲသူတွေကိုလည်း ပထမအကြိမ်နဲ့နောက်ဆုံးအကြိမ်အဖြစ် သတိပေးခဲ့ပြီး ပြန်လည်လွှတ်ပေးခဲ့ကြပါတယ်။

PDF-Tamu တပ်ရင်း-၂ အနေဖြင့် ၂၀၂၂ ခုနှစ် မတ်လ ၃၀ ရက်က ထုတ်ပြန်ချက်ထဲတွင် တမူး-ကလေးကားလမ်းပေါ်တွင် မူးယစ်ဆေးဝါးသယ်ဆောင်ပြီး ရောင်းဝယ်ဖောက်ကားခြင်းမပြုရန် တရားဝင်သတိပေးကြေညာထားပြီးဖြစ်တာကြောင့် နောက်နောင်တွင် မိမိတို့ကြေညာချက်များကို လိုက်နာခြင်းမရှိဘဲ ယခုကဲ့သို့ ထပ်မံဖမ်းဆီးရမိပါက လုံးဝ (လုံးဝ)ခွင့်လွှတ်မည်မဟုတ်ကြောင်းနဲ့ ပြင်းထန်စွာအရေးယူဆောင်ရွက်သွားမယ်လို့ ထပ်မံသတိပေးလိုက်ပါတယ်။

Zawgyi







နောက်ဆုံးရသတင်းများ

CDF-Matupi တပ်ရင်း အမှတ် ၆ အိုင်ခါခ်တပ်ရင်း နဲ့ CDF-Matupi လင်းယုန်တပ်ရင်းတို့က Chinland Council နဲ့ ချင်းညီနောင်တို့ကို ထောက်ခံကြကြောင်း အသီးသီးထုတ်ပြန်

၁၂၊ မေလ၊ ၂၀၂၄ Zalen ချင်းပြည်နယ်၊ မတူပီမြို့နယ် အတွင်းမှာ အခြေစိုက်တဲ့ ချင်းလဲန်းကာကွယ်ရေးတပ်ဖွဲ့ မတူပီ တပ်မဟာ ၂၊ တပ်ရင်း အမှတ် ၆၊ အိုင်ဒါခ်တပ်ရင်းက Chinland Council ကိုအပြည့်အဝထောက်ခံတယ်လို့ မေလ ...

ဆက်ဖတ်ရန်