တမူးမြို့နယ်တွင် နွားကျောင်းသားတစ်ဦး မိုင်းနင်းမိလို့ သေဆုံး

PR/၂၈၊ စက်တင်ဘာ၊ ၂၀၂၃

စစ်ကိုင်းတိုင်းဒေကြီး၊ တမူးမြို့နယ်၊ ခမိတ်အုပ်စု၊ ရန်လင်းဖိုင်ကျေးရွာသားတစ်ဦးဟာ NLA အမျိုးသားလွှတ်မြောက်ရေးတပ်တော်(ခ) PDF တပ်ရင်း (၃)ထောင်ထားတဲ့ မိုင်းနင်းမိလို့ သေဆုံးတယ်လို့သတင်းရရှိပါတယ်။

စက်တင်ဘာလ ၂၃ ရက်နေ့တွင် တမူးမြို့နယ်အထက်ပိုင်း၊ ရန်လင်းဖိုင်ကျေးရွာရှိ အဘ ဦးခိုင်လွန်း(U Khai Lun)နဲ့ အမိဒေါ်လှိုင်းယာဟွိုင်(Dawn Khai Ja Hoi)တို့ရဲ့သား အသက် (၃၀)ခန့်အရွယ် ကိုဂင်မင်လာယ်း(Gin Min Lel) နွားကျောင်းသွားရာ မိုင်းနင်းမိလို့ နေရာမှာပင် ပွဲချင်းပြီးသေးဆုံးသွားတယ်လို့ဒေသခံတစ်ဦးထံမှသိရတယ်။

ရန်လင်းဖိုင်ကျေးရွာ၊ ခိုမွန်နွန်ကျေးရွာ၊ နမွန်းသားကျေးရွာ‌သားတွေဟာ ဒေသခံကာကွယ်ရေးတပ်ဖွဲ့များနဲ့ စစ်ကောင်စီတပ်များ မကြာခဏဆိုသလို တိုက်ပွဲဖြစ်ပွားနေတာကြောင့် နယ်စပ်ဖြတ် ကျော်ကာ အိန္ဒိယနိုင်ငံရှိနယ်စပ်ကျေးရွာအချို့တွင် စစ်ဘေးရှောင်ခိုလုံနေကြတာ ၂ နှစ်ကျော်လာခဲ့ပြီဖြစ်ပါတယ်။

Zalen ad

နောက်ဆုံးရသတင်းများ

(၇၀) ကြိမ်မြောက် CSW အစည်းအဝေးတွင် မြန်မာနိုင်ငံ အမျိုးသမီးများအပေါ် အကြမ်းဖက်မှု ရပ်တန့်ရေး တိုက်တွန်း

မတ် ၁၄ ၊ ၂၀၂၆ Zalen နယူးယောက်မြို့၊ ကုလသမဂ္ဂဌာနချုပ်တွင် ကျင်းပတဲ့ Commission on the Status of Women (CSW)ရဲ့  (၇၀) ကြိမ်မြောက် အစည်းအဝေး “အမျိုးသမီးများနှင့် မိန်းကလေးများအပေါ် ...

ဆက်ဖတ်ရန်