တမူးမြို့နယ်ပွတ်သာ ကျေးရွာမှာ စစ်ကောင်စီက လေကြောင်း တိုက်က်ခိုက်မှုပြုလုပ်

၄၊ ဇွန် ၂၀၂၄

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့နယ် ပွတ်သာကျေးရွာကို ယနေ့ ဇွန်လ ၄ ရက်နေ့မှာ စစ်ကောင်စီက တိုက်ပွဲဖြစ်ပွာခြင်းမရှိဘဲ လေကြောင်း တိုက်ခိုက်မှု ပြုလုပ်တယ်လို့ သိရပါတယ်။

ယနေ့ မွန်းလွဲ ၂ နာရီခွဲခန့်မှာ စစ်ကောင်စီရဲ့ Mi 35 တိုက်ခိုက်ရေး ရဟတ်ယာဉ်ဖြင့် ပွတ်သာ ကျေးရွာ ‌လူမနေတော့တဲ့ ရွာဟောင်း ဖက်ကို ဗုံးသီး ‌၄ လုံးကျဲချခဲ့ပြီး စက်သေနတ်များဖြင့်လည်း ပစ်ခတ်ခဲ့ပေမယ့် အထိအခိုက် အပျက်အစီး မရှိဘူးလို့ ဒေသခံများကပြောပါတယ်။

” လေယာဉ် ဗုံးလာကြဲတာဟုတ်ပါတယ်။ ၄ လုံးချသွားတာ။ စက်သေနတ်နဲ့လည်းပစ်တယ်။ အထိခိုက် အပျက်အစီးမရှိပါဘူး။ ဗုံးသုံးလုံးက တောထဲကျတယ်။ တစ်လုံးက ရွားနားမှာကျတယ်။ ရွာက ရွာဟောင်းဆိုတော့ လူမနေကြတော့ပါဘူး “လို့ ဒေသခံတစ်ဦးက Zalen ကိုပြောပါတယ်။

ပွတ်သာကျေးရွာဟာ ၂၀၁၅ ခန့်က ရေကြီးရေလျံမှု ကြောင့် ကျေးရွာကို ရေနစ်မြုတ်ခဲ့ကာ ရှူးချောင်း အနောက်ကမ်းကို ရွေ့ပြောင်းခဲ့ကြပြီး အ‌ေရှ့ကမ်း ရွာဟောင်းမှာ လူသူ မနေတော့တာကြာမြင့်ပြီး ယခုအခါစစ်ကောင်စီကနေ ရဟတ်ယာဥ်ကွင်း ပြုလုပ်ထားတယ်လို့လည်း သိရပါတယ်။

သတင်း – တမူးနွေဦး

နောက်ဆုံးရသတင်းများ

တော်လှန်ရေး ၄ နှစ်ပြည့်အထိန်းအမှတ်အဖြစ် မတူပီမြို့နယ် CDM ကော်မတီမှ အချက် ၃ ချက်ပါသဘောထား ထုတ်ပြန်

၇၊ ဖေဖော်ဝါရီလ၊ ၂၀၂၅ Zalen အကြမ်းဖက်စစ်ကောင်စီက လက်နက်အားကိုးပြီး မတရားသဖြင့် အာဏာသိမ်းခဲ့တဲ့ ၄ နှစ်ပြည့် အထိန်းအမှတ် အဖြစ် မတူပီမြို့နယ် CDM ကော်မတီက အချက် ၃ ချက်ပါ သဘောထားကို ဒီကနေ့ထုတ်ပြန်ထားပါတယ်။ ...

ဆက်ဖတ်ရန်