တမူးမြို့နယ်မှာ စိုက်ခင်းတောတဲထဲမှာ အမျိုးသားတစ်ဦး ပစ်သတ်ခံရ

PR၊ ၂၃၊ အောက်တိုဘာ၊ ၂၀၂၃။

Zalen

စစ်ကိုင်းတိုင်းဒေသကြီး၊ တမူးမြို့နယ်၊ ဟဲဇင်းအုပ်စု စိုက်ခင်းတော အခင်းတဲတစ်တဲတွင်ဦး‌ေသာင်းဘိုဆိုသူ ပစ်သတ်ခံရတယ်လို့သတင်းရရှိပါတယ်။

စစ်ကိုင်းတိုင်းဒေသကြီး တမူးမြို့နယ် ဟဲဇင်းကျေးရွာအုပ်စု တွင်ရွှေလမ်ပိုငရုပ်ခြံလုပ်ကိုင်နေသူဦးသောင်းဘို အသက်(၆၀)ခန့်ဟာ အောက်တိုဘာ ၁၇ ရက်နေ့ည သန်ခေါင်ခန့်တွင်သေနတ်ဖြင့်ပစ်သတ်ခံရတယ်လို့ ဒေသခံတစ်ဦးထံမှသိရတယ်။

သူသေဆုံးတာကိုအနီးနားကတဲတွေကသတိမထားမိဘဲ အောက်တိုဘာ ၁၈ ရက်နေ့လည် ၁၁ နာရီခန့်မှသွားတွေ့ကြတော့သူသေနေပြီးဦးခေါင်းကိုသေနတ်နဲ့ပစ်သွားတာလို့သိရတယ်။

 သူကညကတည်းကပစ်သတ်ခံရတာဖြစ်နိုင်ပြီးဘယ်သူ့လက်ချက်လည်းဆိုတာကျ‌ေတာ်တို့လည်းမသိရဘူးလို့ပြောပြပါတယ်။

အလောင်းကိုကားလမ်းထိလူနဲ့ဝိုင်းသယ်ကြပြီးတမူးမြို့လူမူကူညီရေးအသင်းကားနဲ့တမူးပြည်သူ့ဆေးရုံကိုသယ်ဆောင်သွားတယ်လို့ နီးစပ်သူတစ်ဦးထံမှသိရတယ်။

သေဆုံးသူဦးသောင်းဘိုဟာ ဘာရန်ငြိုးရန်စမှရှိသူမဟုတ်ဘဲ ရွှေလမ်ပိုငရုပ်ခြံလုပ်ငန်းဖြင့် အသက်မွေဝမ်းကြောင်းသူဖြစ်ပြီး အရင်ကလည်းတမူးမြို့နယ် ကွန်းတောင်းကျေးရွာစုတွင်ရွှေလမ်ပိုငရုပ်ခြံနဲ့ အခြားအသီးအနှံများစိုက်ပျိုးလုပ်ကိုင်ခဲ့သူ တစ်ဦးဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

ငလျင်ဒဏ်ကြောင့် နောက်ဆက်တွဲ အကျိုးဆက် ဘာတွေ ဖြစ်နိုင်လဲ

ဝသာန် ၂၀၂၅ ခုနှစ် မတ်လ(၂၈)ရက်နေ့က မြန်မာနိုင်ငံမှာ (၇.၇)စကေးရှိတဲ့ အပြင်းထန်ဆုံး ငလျင်ဘေး‌ဒါဏ်ကို ခံစားခဲ့ရတယ်။အဆိုပါ ငလျင်ဘေးဒါဏ်ကနေ ကယ်ဆယ်ရေးလုပ်ငန်းတွေ လုပ်ဆောင်နေတာ (၁၀)ရက်ရှိသွားပေမယ့် ပြန်လည်ထူထောင်ရေးအတွက် အကူအညီလိုအပ်နေတုန်းပါပဲ။ မြန်မာနိုင်ငံကို နိုင်ငံတကာက အကူအညီအနေနဲ့ အမေရိကန်ဒေါ်လာ(၁၃၆.၈၈)သန်း ရရှိထားတယ် ...

ဆက်ဖတ်ရန်