တမူးမြို့အထက်ပိုင်း တုံးကျော်ကျေးရွာဒေသခံများ စစ်ဘေးရှောင် ၁၃၀၀ ကျော်လာ

==========

၁၀၊ ဒီဇင်ဘာ၊ ၂၀၂၃။

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့အထက်ပိုင်း တမူး-အောင်ဇေယျလမ်း ကူကီးချင်းလူမျိုးနေထိုင်တဲ့ တုံးကျော်ကျေးရွာဒေသခံများ အိုးအိမ်စွန့်ခွာပြီး ဘေးလွတ်ရာထွက်‌ ပြေးတိမ်းရှောင်နေသူဟာ ဒီဇင်ဘာလ ၉ ရက်နေတွင် ၁၃၀၀‌ ကျော်ရှိနေပြီလို့ဒေသခံရပ်မိရပ်ဖတစ်ဦးပြောပြပါတယ်။

ယခုလို စစ်ဘေးရှောင်များပြားလာခြင်းဟာ ဒီဇင်ဘာ ၈ ရက်နေ့ည ၁၀ နာရီခန့်တွင် မြို့သစ်တွင်တပ်ဆွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ၎င်းတို့၏လက်ပါးစေ(SNA)ရှမ်းနီတပ်နဲ့ ကသည်းလက်နက်ကိုင်(UNLF)တပ်များတုံးကျော်ရွာကိုလက်နက်ကြီး ၁၀ ကြိမ်ခန့်နဲ့ လက်နက်ငယ် အကြိမ်ပေါင်းများစွာရမ်းသမ်းပစ်ခတ်ဝင်ရောက်လာပြီးလူနေအိမ်များကိုအကြောင်းမဲ့မီးရှို့ဖျတ်စီး‌ခဲ့ကြပါတယ်။

ရွာတွင်ကျန်နေသေးတဲ့ ကျေးရွာသားများအသက်လုထွက်ပြေးခဲ့ရသောကြောင့်ရွာကိုမပြန်ရဲကြဘဲ  တောတောင်ထဲတွင်ပုန်းအောင်းနေကြရတာဖြစ်တယ်လို့ ကိုယ်တိုင်တွေ့ကြုံခဲ့ရတဲ့စစ်ဘေးရှောင်တစ်ဦးကလည်းဆိုထားပါတယ်။

“ရွာကိုပြန်နေဖို့ကလည်းသူတို့ကိုကြောက်နေရတယ်။  သူတို့ပြန်ဝင်လာရင်ကျတော်တို့အတွက်အသက်အန္တရာယ်ကိုစိုးရိမ်နေရလို့ဒီလိုပဲ‌ေဆာင်း တွင်းဆိုတော့အေးတာပေါ့။ အထူးသဖြင့်အမျိုးသမီးနဲ့ကလေးငယ်၊သက်ကြီးရွယ်အိုများပိုဒုက္ခရောက်တာပေါ့ ။စားရေးသောက်ရေးကလည်းခက်ခဲလာမှာကလည်းစိုးရိမ်စရာပါ။ အခုတော့ အဆင်ပြေသလိုပဲနေကြရတာပါပဲ” လို့ နေအိမ်မီးရှို့ခံနေရတဲ့ဒေသခံတစ်ဦးကရှင်းပြထားပါတယ်။

နိုဝင်ဘာ ၂၂ နေ့တွင် KNA(Burma)နဲ့ တမူးခရိုင်ပြည်သူ့ကာကွယ်ရေးပူပေါင်းအဖွဲ့မှ သနန်ကျေးရွာနှင့်အနီးတဝိုက်ရှိ စစ်ကောင်စီနဲ့ ၎င်းရဲ့လက်ပါးစေ(SNA)ရှမ်းနီတပ်နဲ့ ကသည်းလက်နက်ကိုင်(UNLF)တပ်စခန်းများကိုဝင်ရောက်တိုက်ခဲ့ရာစစ်ကောင်စီမှလေကြောင်းဖြင့်ဗုံးကြဲတိုက်ခိုက်ခဲ့သောကြောင့် တုံးကျော်ကျေးရွာရှိ ဒေသခံအချို့လေကြောင်းရန်ကိုစိုးရိမ်ကြသဖြင့်အမျိုးသမီးနဲ့ ကလေးငယ်၊သက်ကြီးရွယ်အိုအပါအဝင် လူဦးရေ ၈၀၀ ကျော်ဘေးလွတ်ရာရွေ့ပြောင်းထာခဲတာဖြစ်တယ်လို့သိရတယ်။

“ယခုဟာကဘယ်လက်နက်ကိုင်အဖွဲ့စည်းမှမရှိပဲ ရွာထဲကိုရမ်းသမ်းပစ်ခတ်ဝင်‌ရောက်အကြောင်းမဲ့မီးရှို့ဖြတ်စီးသွားကြတော့ ဘယ်သူမှရွာထဲတောင်ပြန်မဝင်ရဲကြတော့ပဲတစ်ရွာလုံးလိုလိုပါပဲမိမိအဆင်ပြေသလိုရှောင်တိမ်းနေကြ တယ်။ စစ်ရှောင်သူဒေသခံ ၁၃၀၀ ကျော်ထိရှိလာပြီ” လို့ စစ်ဘေးရှောင်ရပ်မိရပ်ဖတစ်ယောက်ပြောပြတယ်။

ဒီဇင်ဘာ ၉ ရက်နေ့တွင်လည်းအောင်ဇေယျကျေးရွာတွင် တိုက်ပွဲပြင်းထန်နေပြီးစစ်ကောင်စီဘက်မှအထိနာနေသောကြောင့် အောင်ဇေယျကျေးရွာနဲ့  စေတီကျေးရွာအနီးတဝိုက်ကို လေကြောင်း ဖြင့်တစ်ကြိမ်ကိုသုံးလုံးစီနဲ့ မွန်လွဲ ၁ နာရီခန့်တွင် သုံးကြိမ်ဗုံးကြဲချသွားတယ်လို့ ဒေခံများပြောပြထားပါတယ်။

သတင်း-PR

နောက်ဆုံးရသတင်းများ

လူသတ်ဓားပြတိုက်ပြီး မူးယစ်ဆေးဖြန့်နေတဲ့ CDF တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းအမှား

============== ဇန်နဝါရီလ ၁၂ရက်၊ ၂၀၂၅ ခုနှစ် Zalen အိန္ဒိယနိုင်ငံအတွင်း ခိုး၀င်ပြီး လူသတ်ဓါးပြတိုက် မူးယစ်ဆေးဖြန့်နေတဲ့ ချင်းကာကွယ်ရေးတပ်(CDF)တွေကို နှိမ်နင်းမယ်လို့ အိန္ဒိယနယ်​ခြားစောင့် အကြီးအကဲပြောဆိုတဲ့ သတင်းကို စစ်ကောင်စီဝါဒဖြန့်  Kyaw Swar အမည်ရှိ တယ်လီဂရမ်ချန်နယ်က ...

ဆက်ဖတ်ရန်