တမူးမှာ ကြံ့ခိုင်ရေးပါတီမဲဆွယ်ပွဲကို စစ်ကောင်စီတပ်များလုံခြုံရေးအပြည့်ယူပေး

နိုဝင်ဘာ ၂၁၊ ၂၀၂၅။

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့မှာ ကြံ့ခိုင်ရေးပါတီမဲဆွယ်စည်းရုံးပွဲကို စစ်ကောင်စီတပ်က အင်းအားအပြည့်နဲ့ လုံခြုံရေးလိုက်ပေးနေတယ်လို့ မြို့ခံများဆီက သိရပါတယ်။

နိုဝင်ဘာလ ၁၈ ရက်နေ့က တမူးမြို့ စော်ဘွားရပ်ကွက်မှာ ကြံ့ခိုင်ရေးပါတီမဲဆွယ်စည်းရုံးပွဲကို စစ်ကောင်စီတပ်များက နေရာစုံ ထောင့်စုံမှာ လုံခြုံရေး စောင့်ကြပ် ပေးနေတာလို့ဆိုပါတယ်။

Zalen ad

” သူတို့က တော်တော် ကြောက်နေပုံရတယ်။ မြို့တွင်းမှာတောင် အဲလောက်လုံခြုံရေးစောင့်ကြပ်ထားတာ။ လောလောဆယ်တော့ မြို့တွင်းပဲ လှည့်ပတ်နေတာပဲရှိသေးတယ်။ မြို့ပြင်ရပ်ကွက်ဘက်တွေသွားတာမတွေ့သေးဘူး။ တခြားပါတီ စည်းရုံးရေးဆင်းတာတော့ မတွေ့မိသေးဘူး။ ကြံ့ခိုင်ရေးပါတီတစ်ခုဘဲတွေ့သေးတယ်” လို့တမူး မြို့ခံတစ်ဦးက Zalen ကိုပြောပါတယ်။

အခုလို စစ်ကောင်စီက ပြုလုပ်မယ့် ရွေးကောက်ပွဲကို တမူးမြို့ ဒေသခံအများစုက စိတ်ဝင်စားမှုမရှိကြပေမယ့် စစ်ကောင်စီဘက်က ဖိအားပေးခြိမ်းခြောက်ပြီး မဲထည့်ခိုင်းမှာကို ဒေသခံပြည်သူများ စိုးရိမ်နေကြတာဖြစ်ပါတယ်။

“ကြံ့ခိုင်ရေးပါတီက ဘယ်လောက်မဲဆွဲဆွဲစိတ်မဝင်စားပါဘူး။ ရွေးကောက်ပွဲကိုက စိတ်ဝင်စား စရာမရှိတာ။ ဒါပေမယ့် စစ်ခွေးတွေက မထည့်မနေရ ခြိမ်းခြောက်လာနိုင်တယ်။ ဒီကောင်တွေက ပြောလို့မရဘူး။ ဥာဏ်နီ ဥာဏ်နက်တအားများတယ်။ အဲတာကြောင့် မြို့ခံတစ်ချို့က ကြောက်နေကြတာ” လို့ နောက်ထပ် တမူးမြို့ခံတစ်ဦးက အခုလိုပြောပါတယ်။

စစ်ကောင်စီက ၂၀၂၅ ခုနှစ် ဒီဇင်ဘာလမှာကျင်းပမယ့်ရွေးကောက်ပွဲအတွက် တမူးမြို့နယ်မှာ မြို့ပေါ်ရပ်ကွက်ကြီး (၄) ရပ်ကွက်နဲ့ ကျေးရွာအုပ်စု (၁) စုကိုသာ မဲစာရင်း ကြေငြာနိုင်ခဲ့တာဖြစ်ပါတယ်။

သတင်း – တမူးနွေဦး

ပုံစာ – တမူးမြို့ ကြံ့ခိုင်ရေးပါတီဆိုင်ဘုတ်အားတွေ့ရစဉ်။

ဓာတ်ပုံ – လူမှုကွန်ယက်

နောက်ဆုံးရသတင်းများ

အောင်လံမြို့နယ်ရှိ အရှိုချင်းကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးဖြင့် ရမ်းသန်းပစ်ခတ်

မတ် ၃ ၊ ၂၀၂၆ Zalen မကွေးတိုင်းဒေသကြီး၊ အောင်လံမြို့နယ်အတွင်းရှိ အရှိုချင်းတိုင်းရင်းသားတွေ နေထိုင်တဲ့ ကန်စွန်းအင်း ကျေးရွာကို စစ်ကောင်စီတပ်က လက်နက်ကြီးကျည်နဲ့ အကြောင်းမဲ့ ရမ်းသန်းပစ်ခတ်ခဲ့တယ်လို့  ဒေသခံတွေဆီက သိရပါတယ်။ ဒီနေ့ မတ်လ ၃ ...

ဆက်ဖတ်ရန်