တရားမဝင်ရွေးကောင်ပွဲတွင်ပူးပေါင်းပါဝင်ခြင်းဟာ CDM မလုပ်ခြင်းထက် ပြစ်မှုပိုကြီးဟုဆို

၂၀၂၁ ဖေဖော်ဝါရီလတွင် တိုင်းပြည်အာဏာကို လက်နက်အားကိုး မတရားသိမ်းထားသော စစ်ကောင်စီ၏ ယခုနှစ်အတွင်း ပြုလုပ်ရန် စီစဉ်နေသော ရွေးကောက်ပွဲတွင် ပူးပေါင်းပါဝင်ပေးခြင်းဟာ CDM မလုပ်ခြင်းထက် ပြစ်မှုပိုကြီးကြောင်း CDF-Matupi ပြောရေးဆိုခွင့်ရှိသူက Zalen သတင်းဌာနကို ပြောပါတယ်။

CDF-Matupi ကလည်း ၂၀၂၂ ဇန်နဝါရီလ ၁၃ ရက်နေ့ ရက်စွဲဖြင့် မင်းအောက်လှိုင်ဦးဆောင်သည့် အကြမ်းဖက်စစ်ကောင်စီအဖွဲ့၏ မတရားသိမ်းယူထားသည့် နိုင်ငံတော်အာဏာအား ဆက်လက်ထိန်းသိမ်းထားရန် ၂၀၂၃ ခုနှစ်အတွင်း ဟန်ပြအထွေထွေရွေးကောက်ပွဲ ကျင်းပရန် ပြင်ဆင်နေပြီး ထိုရွေးကောက်ပွဲကို CDF အနေနဲ့ လက်ခံမှာမဟုတ်ကြောင်းနှင့် ပြည်သူများအနေနဲ့လည်း ရွေးကောက်ပွဲလုပ်ငန်းစဉ်များတွင် ပါဝင်ပတ်သက်မှု မပြုလုပ်ရန် သတိပေးထားပါတယ်။

“ထုတ်ပြန်ချက် မလိုက်နာသူများကိုဘယ်လိုအရေးယူမလဲဆိုတာနဲ့ပတ်သက်ပြီး ကျွန်တော်တို့မှာ အစီအစဉ်တွေရှိပါတယ်။ ယခင်က CDM မလုပ်ပဲ စစ်ကောင်စီရဲ့ ယန္တယားကို လည်ပတ်အောင်လုပ်ခြင်းထက် ယခု ရွေးကောက်ပွဲကို လည်ပတ်လုပ်ခြင်းဟာ ဖြစ်မှုပိုကြီးတယ်” ဟု CDF-Matupi ပြောရေးဆိုခွင့်ရှိသူတစ်ဦးက ပြောပါတယ်။

ကျေးရွာများတွင်လည်း စစ်ကောင်စီလက်အောက်ခံများက စာရင်းများ ပြုစုရန် ကြိုးပမ်းနေခြင်း၊ အိမ်ထောင်စုစာရင်းများ တောင်းဆိုခြင်းတို့ကို ကူညီပေးသောသူများ မည်သူမဆို ဖမ်းဆီးသည်အထိ အရေးယူမည်ဖြစ်ကြောင်းလည်း ၎င်းကပြောပါတယ်။ မြို့ပေါ်တွင်လည်း ရွေးကောက်ပွဲအတွက် အတွင်းကျကျပါဝင်သောသူများကိုလည်း စာရင်းပြုစုနေပြီး CDF-Matupi ၏ ထုတ်ပြန်ချက်ကို မလိုက်နာသောသူများကို အရေးယူမည်ဟု ပြောပါတယ်။

“ပြည်သူတွေ သိသင့်တာကတော့ ကျွန်တော်တို့ရဲ့ ထုတ်ပြန်ချက်များအားလုံးကို လိုက်နာတာ အကောင်းဆုံးပဲ။ မလိုက်နာနိုင်ပါက ကျွန်တော်တို့ အရေးယူတဲ့အချိန်မှာ CDF ကို အဆိုးမမြင်ပါနဲ့ ဆိုတာကို နံပါတ် ၁ အနေနဲ့ သိစေချင်ပါတယ်။ ကျွန်တော်တို့က စစ်တပ်ရဲ့ အုပ်ချုပ်မှုကို မကြိုက်လို့ တော်လှန်ရေး လုပ်နေတဲ့ အချိန်မှာ စစ်တပ်ရဲ့ ယန္တယားကို ပြန်လည်ပတ်အောင် လုပ်နေသူများဟာ CDF ရဲ့ ရန်သူဖြစ်တယ်ဆိုတာကို သိစေချင်ပါတယ်” ဟု CDF-Matupi ပြောရေးဆိုခွင့်ရှိသူက ပြောပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်