တရုတ်ကာကွယ်ရေးဝန်ကြီး ဖမ်းဆီးစစ်ဆေးခံရ

တရုတ်ကာကွယ်ရေးဝန်ကြီးဖြစ်တဲ့ လီရှန်ဖုဟာ လူမြင်ကွင်းကနေ ပျောက်ကွယ်သွားခဲ့တာ ခုဆို ၂ ပတ်ကျော်လာပြီဖြစ်ပါတယ်။

ဒီကိစ္စနဲ့ ရင်းနှီးသူများရဲ့ ပြောဆိုချက်အရ သူဟာ တရုတ်အာဏာပိုင်များ၏ ဖမ်းဆီးထိန်းသိမ်းခံရပြီး စစ်ဆေးမှု ခံနေရတယ်လို့ ပြောပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးဖမ်းဆီးစစ်ဆေးခံရသည့် အဓိက အကြောင်းအရင်းကတော့ စစ်လက်နက်ဝယ်ယူမှုနဲ့ ပတ်သက်နေတယ်လို့ ဆိုကြပါတယ်။

၂၀၁၇ ကနေ ၂၀၂၂ အတွင်း တရုတ်စစ်လက်နက်များ ဝယ်ယူရေးအဖွဲ့တွင် လီဦးဆောင်မှုအောက်တွင် အလုပ်လုပ်ခဲ့သော စီနီယာအရာရှိ ၈ ဦးကလည်း ဖမ်းဆီးစစ်ဆေးခံနေရတယ်လို့ သိရပါတယ်။ လီဟာ ပြီးခဲ့တဲ့ မတ်လမှာပဲ ကာကွယ်ရေးဝန်ကြီးအဖြစ် ခန့်အပ်ခံရတာဖြစ်ပြီ သူနှင့် အခြားတာဝန်ရှိသူ ၈ ဦး စစ်ဆေးမှုကို စစ်တပ်ရဲ့ လုပ်ပိုင်ခွင့်အပြည့်အဝပေးထားတဲ့ စည်းကမ်းထိန်းသိမ်းရေးကော်မရှင်က စစ်ဆေးခဲ့တာဖြစ်ပါတယ်။

ဒါပေမယ့် တရုတ်နိုင်ငံခြားရေးဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူရဲ့ သောကြာနေ့တွင် ပြောဆိုချက်အရ သူဟာ ဒီကိစ္စကို မသိပါဘူး လို့ပြောပါတယ်။ တရုတ်ကာကွယ်ရေးဝန်ကြီးဟာ ခရီးစဉ်တစ်ခုကနေ ပြန်လာပြီးနောက်တွင် ချက်ချင်း ဖမ်းဆီးထိန်းသိမ်းခံနေရတာဖြစ်ပါတယ်။ စက်တင်ဘာလ ၇ ရက်နေ့ကနေ ၈ ရက်နေ့အထိ ကျင်းပရန် စီစဉ်ခဲ့တဲ့ တရုတ်-ဗီယက်နမ်ကာကွယ်ရေးအစည်းအဝေးကို တရုတ်ကာကွယ်ရေးဝန်ကြီးဌာနက စက်တင်ဘာလ ၃ ရက်နေ့တွင် ဖြတ်သိမ်းလိုက်တယ်လို့ ဗီယက်နမ်တာဝန်ရှိသူများက ပြောပါတယ်။

ပေကျင်းရဲ့ ဗီယက်နမ်တာဝန်ရှိသူများကို ပြောဆိုချက်အရ တရုတ်ဘက်က ကာကွယ်ရေးဝန်ကြီးဟာ ကျန်းမာရေးမကောင်းသောကြောင့် အစည်းအဝေးကို ဖြတ်သိမ်းလိုက်တာလို့ အကြောင်းကြားလာတယ်လို့ ဆိုပါတယ်။ ပြီးခဲ့တဲ့ ဇူလိုင်လထဲမှာလည်း တရုတ်နိုင်ငံခြားရေးဝန်ကြီးဖြစ်တဲ့ ချင်းကန်ဟာ လူမြင်ကွင်းကနေ ရက်အတန်ကြာ ပျောက်ကွယ်သွားခဲ့ပြီး ဒါကိုလည်း တရုတ်အစိုးရကတော့ ကျန်းမာရေးအကြောင်းပြချက်သာ ထုတ်ပြန်ခဲ့ပါတယ်။ ခုတော့ နိုင်ငံခြားရေးဝန်ကြီးဟောင်း ဝမ်ယိက နိုင်ငံခြားရေးဝန်ကြီးနေရာကို ပြန်လည်ယူထားပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်