တရုတ်ထုတ် လျှပ်စစ်ကားစစ်ဆေးမယ့် အီးယူကြောင့် ဒေါသထွက်နေတဲ့ တရုတ်အစိုးရ

ဥရောပနိုင်ငံများသို့ တစိမ့်စိမ့်ဝင်ရောက်လာသော တရုတ်ထုတ် အပေါ်စား လျှပ်စစ်ကားများဟာ ဥရောပနိုင်ငံများတွင် ထုတ်လုပ်သော လျှပ်စစ်ကားများထက် အဆမတန်စျေးနှုန်း ချိုသောကြောင့် ဥရောပလျှပ်စစ်ကားထုတ်လုပ်ကုမ္ပဏီများအတွက် တွက်ခြေမကိုက်ဖြစ်နေပါတယ်။

ထို့ကြောင့် ဥရောပကုမ္ပဏီများရဲ့ လျှပ်စစ်ကားစျေးကွက် ထိခိုက်စေတဲ့ တရုတ်ထုတ် လျှပ်စစ်ကားတင်သွင်းမှုကို စုံစမ်းစစ်ဆေးမှု ပြုလုပ်မယ်လို့ ဥရောပသမဂ္ဂက ထုတ်ပြန်လာပါတယ်။

ဒါပေမယ့် ပေကျင်းကတော့ ဒီလို လုပ်ရပ်များဟာ တရုတ်နှင့် ဥရောပအကြားက စီးပွားရေးနှင့် ကုန်သွယ်ရေးတွင် ဆက်ဆံမှုကို ထိခိုက်စေလိမ့်မယ်လို့ သတိပေးလာပါတယ်။ အစိုးရ ထောက်ပံ့ကြေးများကြောင့် တရုတ်ထုတ် လျှပ်စစ်ကားများဟာ ဘာကြောင့် ဥရောပစျေးကွက်အတွင်းသို့ စျေးပေါပေါနဲ့ ဝင်ရောက်လာခဲ့သလဲဆိုတာကို စုံစမ်းစစ်ဆေးရေးပြုလုပ်မည်ဟု အီးယူဥက္ကဌဖြစ်တဲ့ ဥဆူလာဗွန်ဒါလီယန်က ကြေညာခဲ့ပြီးနောက် ခုတော့ တရုတ်လျှပ်စစ်ကားကုမ္ပဏီများရဲ့ စတော့တန်ဖိုးကလည်း ကျဆင်းလာနေပါတယ်။

ဒီလို စုံစမ်းစစ်ဆေးမှု ပြုလုပ်ခြင်းဟာ တရုတ်ထုတ် လျှပ်စစ်ကားများအပေါ် အကောက်ခွန်ချမှတ်ခြင်း ရှိလာစေနိုင်ပြီး တစ်ဘက်မှာလည်း ဒါကို ပေကျင်းက ပြန်လည် တုံ့ပြန်လာနိုင်ပါတယ်။ အခုလို လုပ်ရပ်များဟာ နိုင်ငံတကာကားလုပ်ငန်းများနှင့် ကားပစ္စည်းများ ပံ့ပိုးမှုတွင် ကြီးမားစွာ အကျိုးသက်ရောက်စေနိုင်ပြီး အီးယူနှင့် တရုတ်-အီးယူ စီးပွားရေးနှင့် ကုန်သွယ်ရေးတွင်လည်း ကြီးမားစွာ အကျိုးသက်ရောက်စေနိုင်တယ်လို့ တရုတ်စီးပွားရေးနှင့်ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ချက်တွင် ဖော်ပြထားပါတယ်။

အီးယူဟာတရုတ်ထုတ် လျှပ်စစ်ကားအပေါ် တင်းကြပ်မှု တစ်ချို့ချမှတ်ရန် ပြင်ဆင်နေသော်လည်း ဒါဟာ တရုတ်နိုင်ငံအတွင်းက လျှပ်စစ်ကား ကုမ္ပဏီများအပေါ် ကြီးမားတဲ့ အကျိုးသက်ရောက်မှု မရှိစေနိုင်ဘူးလို့ လေ့လာသူများကတော့ ဆိုကြပါတယ်။ ဘာကြောင့်လဲဆိုတော့ တရုတ်တွင် အရှေ့တောင်အာရှလို အခြားစျေးကွက်ကြီး ရှိနေသောကြောင့်လို့ ဆိုကြပါတယ်။

တရုတ်နှင့် အီးယူအကြားက ဆက်ဆံရေးဟာ ရုရှား၏ ယူကရိန်းကျူးကျော်စစ် စတင်ပြီးနောက် သိသိသာသာ ဆိုးရွားလာခဲ့ပြီး အီးယူကတော့ တရုတ်နိုင်ငံပေါ် မှီခိုမှု လျှော့ချရန် ကြိုးပမ်းနေပါတယ်။ ဒါပေမယ့် တရုတ်ဟာ အီးယူအတွက် နံပါတ် ၁ ကုန်သွယ်ရေးမိတ်ဖက်နိုင်ငံဖြစ်ပါတယ်။ တရုတ်ထုတ် လျှပ်စစ်ကားများဟာ ဥရောပနိုင်ငံတွင် ၂၀ ရာခိုင်နှုန်းကနေ ၃၀ ရာခိုင်နှုန်းအထိ အခြားဥရောပထုတ် လျှပ်စစ်ကားများထက် စျေးနှုန်းချိုသာသောကြောင့် ဥရောပကားကုမ္ပဏီကြီးများကို အခက်တွေ့စေတာဖြစ်ပါတယ်။

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်