တိုက်ပွဲပြင်းထန်နေတဲ့ တမူးမြို့နယ် အထက်ပိုင်း မင်းသာနဲ့ ကျွန်းပင်သာကျေးရွာအနီးကို စကစ က လေကြောင်းနဲ့ ၂ကြိမ်ဗုံးကြဲတိုက်ခိုက်

၂၉၊ ဇန်နဝါရီ ၂၀၂၅

Zalen

စစ်ကိုင်းတိုင်း၊ တမူးမြို့အထက်ပိုင်းမှာ တိုက်ပွဲပြင်းထန်နေတဲ့ မင်းသာနဲ့ ကျွန်းပင်သာ ကျေးရွာကို ဇန်နဝါရီလ ၂၈ရက်နေ့ ညက စစ်ကောင်စီကနေ လေကြောင်းနဲ့ ၂ကြိမ် ဗုံးကြဲတိုက်ခိုက်ခဲ့တယ်လို့ ဒေသခံများက ပြောပါတယ်။

ဇန်နဝါရီ ၂၈ရက်နေ့ည ၉နာရီ ၁၈မိနစ် ခန့်က လေကြောင်းကနေ ပေါင် ၅၀၀ဗုံးတစ်လုံးနဲ့ ကလတ်စတာ ဗုံး တစ်လုံး ၄မိနစ်ခြား လာရောက်ကြဲချသွားပြီး တော်လှန်ရေးအင်အားစုဘက်က အထိအခိုက်မရှိဘူးလို့ သိရပါတယ်။

” ဗုံးက ၂ကြိမ်လာကြဲတာ။ ‌ပေါင် ၅၀၀နဲ့ ကလတ်စတာဗုံးကြဲချသွားတာ။ SNA ရှမ်းနီ စခန်းနားကျလို့ထိခိုက်မှုနဲ့ပျက်စီးမှု ရှိနိုင်တယ်။ကာကွယ်‌ရေးတပ်ဖွဲဘက်ကတော့ အထိအခိုက်မရှိဘူး” လို့စစ်ရေးသတင်းအရင်းမြစ်တစ်ဦးက Zalen ကိုပြောပါတယ်။

အိန္ဒိယနယ်စပ် တမူးမြို့နယ် အထက်ပိုင်း ကျွန်းပင်သာနဲ့ မင်းသာကျေးရွာမှာ တပ်စွဲထားတဲ့ စစ်ကောင်စီတပ်နဲ့ ၎င်းရဲ့ လက်အောက်ခံ ပျူစောထီး၊ SNA၊ ကသည်း၊ NSCN(IM) တပ်ဖွဲ့များ အခြေစိုက်စခန်းကို ဇန်နဝါရီလ ၂၇ရက်နေ့မနက်က တမူးခရိုင် တော်လှန်ရေးအင်အားစုများက စတင်ပိတ်ဆို့ တိုက်ခိုက်ခဲ့တာဖြစ်ပြီး ယနေ့ထိ တိုက်ပွဲပြင်းထန်နေဆဲဖြစ်တယ်လို့ ဒေသခံများကပြောပါတယ်။

အခုလိုနှစ်ဘက်တိုက်ပွဲပြင်းထန်နေတာကြောင့် ကျေးရွာအချို့က ဒေသခံပြည်သူများဟာ ဘေးလွှတ်ရာကို ထွက်ပြေးတိမ်းရှောင်နေကြတယ်လို့ ဒေသခံများဆီက သိရပါတယ်။

ယင်းတိုက်ပွဲတွင် နှစ်ဘက်ထိခိုက်ကျဆုံးမှုရှိနိုင်သော်လည်း တော်လှန်ရေးတပ်ဖွဲ့များဘက်က တရားဝင်ထုတ်ပြန်ထားခြင်း မရှိသေးတာကြောင့် အသေးစိတ် မသိရသေးပါ။

ဒါအပြင် တမူးခရိုင်တော်လှန်ရေးပူး‌ပေါင်းအင်းစုများက ကျွန်းပင်သာနဲ့မင်းသာကျေရွာအပြင် တမူးမြို့နယ်အတွင်းမှာရှိတဲ့ စစ်ကောင်စီတပ်များ အခြေစိုက်တပ်စွဲထားတဲ့ ကွန်းတောင်းကျေးရွာ၊ ပန်းသာကျေးရွာနဲ့ စစ်ကောင်စီတပ်များကို လက်နက်၊ ခဲယမ်းရိက္ခာရရှိစေတဲ့ လမ်းကြောင်းဖြစ်တဲ့ ဟဲဇင်း‌ေကျးရွာရှိ စခန်းများကို တိုက်ခိုက်သိမ်းပိုက်သွားဖို့ လိုအပ်မယ် လို့ သတင်းအရင်းမြစ်တစ်ခုဆီကသိရပါတယ်။

တမူးခရိုင်အတွင်းမှာ စစ်ကောင်စီကနေ ၂၀၂၅ ခုနှစ် ဇန်နဝါရီလ အတွင်း လေကြောင်းတိုက်ခိုက်မှု ၅ကြိမ်ပြုလုပ်ခဲ့ပြီး ဇန်နဝါရီလ ၁၆, ၂၀, ၂၁, ၂၂ ရက်နေတွေက ခမ်းပါတ်မြို့အနီး ၄ကြိမ်တိုက်ခိုက်ခဲ့ပြီး ဇန်နဝါရီလ ၂၈ရက်နေ့မှာ ကျွန်းပင်သာနဲ့ မင်းသာကျေးရွာအနီး လေကြောင်းတိုက်ခိုက်ခဲ့တာ ဖြစ်ပါတယ်။ အခုလိုလေကြောင်း (၅)ကြိမ်တိုက်ခိုက်မှုမှာ ကလတ်စသာဗုံး (၂)ကြိမ် ကြဲချခဲ့တာလို့ သိရပါတယ်။

သတင်း – စနေသား

နောက်ဆုံးရသတင်းများ

ချင်းပြည်နယ်မှာ ဘိန်းစိုက်ပျိုးမှုနဲ့ လူမှုဖူလုံရေး

အယ်ဒီတာ့အာဘော် နွေဦးတော်လှန်ရေးစတင်ပြီးနောက် တရားဥပဒေစိုးမိုးရေးအားနည်းလာတော့ ချင်းပြည်နယ် တွန်းဇံ၊ ကျီးခါးနယ်ဘက်မှာ ဘိန်းစိုက်ပျိုးမှုပိုများလာတာ တွေ့ရှိရတယ်။ တွန်းဇံ၊ ကျီးခါးနယ်နှစ်တိုင်း ဘိန်းစိုက်ပျိုးဧရိယာတရိပ်ရိပ်တိုးလာပြီး မနှစ် ၂၀၂၄ ခုနှစ်မှာတော့ တီးတိန်၊ ဖလမ်းနယ်ဘက်ထိ ပြန့်နှံ့လာပါတယ်။ အင်မတန်စိုးရိမ်ထိတ်လန့် စရာကောင်းတဲ့အခြေအနေပါ။ ဘိန်းစိုက်ပျိုးမှုပြန့်နှံ့လာတဲ့နေရာက ...

ဆက်ဖတ်ရန်