တိုက်ပွဲမရှိသော်လည်း စားဝတ်နေရေးကြောင့် ပလက်ဝစစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်သေး

၃၀၊ အောက်တိုဘာ၊ ၂၀၂၃

Zalen

ချင်းပြည်နယ်၊ ပလက်ဝမြို့နယ်တွင် တိုက်ပွဲဖြစ်ပွားခဲ့ခြင်းမရှိပေမယ့် စားဝတ်နေရေးကြောင့် စစ်ဘေးရှောင်တွေ နေရပ်မပြန်နိုင်သေးဘူးလို့ သတင်းရရှိပါတယ်။

ပြီးခဲ့တဲ့ အောက်တိုဘာလ ၁ ရက်နေ့တွင် မြို့ပေါ်နေ စစ်ဘေးရှောင်တွေကို စစ်ကောင်စီက နေရပ်ပြန်ခွင့်ပြုသော်လည်း စားဝတ်နေရေးကြောင့် နေရပ် မပြန်နိုင်ဘဲ ပလက်ဝမြို့ပေါ်မှာ ဆက်ရှိနေသေးတယ်လို့ စစ်ဘေးရှောင် တစ်ဦးက Zalen ကို ပြောပါတယ်။

“စစ်တပ်က ရွာပြန်ခွင့်ရပြီးလို့ ပြောတယ်။ ကျွန်တော်တို့က စားဝတ်နေရေးကြောင့် ရွာမပြန်ဖြစ်သေးဘူး။ ရွာပြန်ရင် အိမ်ပြန်ဆောက်ရမယ်။ စားစရာတွေ မြို့ပေါ်တက်ပြီး စျေးဝယ်ရအုံးမယ်။ ပြီးတော့ ရွာမှာ အလုပ်အကိုင်မရှိတော့ ဘယ်က ပိုက်ဆံနဲ့ စားစရာ စျေးဝယ်လို့ရမလဲ”လို့ စစ်ဘေးရှောင်တစ်ဦးက ဆိုပါတယ်။

စစ်ဘေးရှောင်တွေကို နေရပ်ပြန်ခွင့်ပြုတဲ့ ယခုနှစ်တွင် တောင်ယာ၊ လယ်ယာ လုပ်ငန်းရာသီ မဟုတ်တဲ့အတွက် စစ်ဘေးရှောင်တွေ စားဝတ်နေရေးအတွက် အလုပ်လုပ်ရန် အလုပ်ခွင်မရှိဘူးလို့ သိရပါတယ်။

ဒါ့အပြင် စစ်ဘေးရှောင်တွေကို စစ်ကောင်စီက တစ်လလျှင် လူတစ်ဦး ဆန် ၆၀ ဗူး၊ စားသုံးဆီ၊ ပဲတွေသာ ထောက်ပံ့ပြီး ၎င်းတို့ ထောက်ပံ့မူနဲ့ စစ်ဘေးရှောင်မိသားစုတွေ စားဝတ်နေရေးလုံလောက်မူမရှိတဲ့အတွက် စစ်ဘေးရှောင်တွေဟာ မြို့ပေါ် ကုန်တင်၊ ကုန်ထမ်း၊ ပန်ရံလုပ်ကိုင်ပြီး တစ်ဖက်တွေလည်း ဝါးခုတ်ပြီး ရောင်းချနေတယ်လို့ နောက်ထပ်စစ်ဘေးရှောင် တစ်ဦးက ဆ်ိုပါတယ်။

“စစ်တပ်က ပေးတဲ့ ဆန်နဲ့ ဆီက စားဝတ်နေရေးအတွက် မလုံလောက်ဘူး။ အခြား ဆား၊ ငါးပိ၊ ဟင်းချိုမှုန့်၊ ကြက်သွန်နီ၊ ကြက်သွန်ဖြူတွေ ဝယ်ဖို့ကလည်း လိုသေးတယ်။ ဒါကြောင့် ကုန်ထမ်းတယ်၊ တစ်ချို့က ဝါးခုတ် ရောင်းကြတယ်”လို့ ဆိုပါတယ်။

ယခုနှစ်တွင် ပလက်ဝမြို့နယ်တွင် တိုက်ပွဲမရှိသော်လည်း စစ်ကောင်စီနဲ့ ရခိုင့်တပ်တော်(AA)တို့ကြား စစ်ကျန်လက်နက်တွေဖြစ်တဲ့ မြေမြှုပ်မိုင်း အန္တရာယ်ကို ကြောက်နေရတယ်လို့ ဆိုပါတယ်။

ချင်းလူ့အခွင့်ရေးအဖွဲ့ချုပ်(CHRO)အဖွဲ့ ထုတ်ပြန်ချက်အရ ချင်းပြည်နယ်အတွင်း မြေမြှုပ်မိုင်းကြောင့် အရပ်သား ပြည်သူ ၂၀ ဦး သေဆုံးကာ ထိခိုက်ဒဏ်ရာ ၃၇ ဦး ရရှိပြီး ပလက်ဝမြို့နယ်မှာ မြေမြှုပ်မိုင်းကြောင်း ထိခိုက်ဒဏ်ရာရရှိသူ အများဆုံးဖြစ်တယ်လို့ ဆိုပါတယ်။

အိုက်ခူမီး

နောက်ဆုံးရသတင်းများ

စစ်ကောင်စီတပ်က ကလေးမြို့ထဲမှာပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုပိုများလာ

၂၀၊ ဇူလိုင်၊ ၂၀၂၄။ Zalen ကလေးမြို့အနောက်ဘက် တောင်ဖီလာ၊ တောင်ဇလပ်ရပ်ကွက်တွေမှာ စစ်ကောင်စီတပ်က လမ်းပေါ်သွားလာနေတဲ့အရပ်သားပြည်သူတွေထံ ပိုက်ဆံအတင်းတောင်းမှုဟာ အခုရက်ပိုင်းပိုများလာတယ်လို့ သတင်းရရှိပါတယ်။ ၄င်းတို့ဟာ အ.ထ.က ၂ ဘောလုံးကွင်းအနီး၊ ဆည်မြောင်းရုံးအနီး၊ တခြားလမ်းကြားလေးတွေမှာ အရပ်၀တ်နဲ့ စစ်၀တ်စုံတွေနဲ့လုံခြုံရေးယူသလိုဟန်ဆောင်ကာ ...

ဆက်ဖတ်ရန်